Unicode
လွှမ်းတို့ အားကစားရုံထဲမှာစကားများခဲ့သည့်ပြသာနာက ကျောင်းတွင်း အနည်း ငယ်ပေါက်ကြားသွားခဲ့သည်။ ပိုအရှက်ရသူမှာ လည်းထိုကျောင်းသူသာ ဖြစ်နေခဲ့သည်။ ကဗျာတို့ပြောပြမှ ထိုကျောင်းသူက IR ရဲ့ Queen မှန်းသိခဲ့ရသည်။ ထိုမိန်းကလေး ကအမြဲအထက်စီးဆန်နေခဲ့သူဖြစ်သည်ဆိုတဲ့ သတင်းများလည်း ကြားမိရပြန်သည်။ သို့သော်အခုထိတော့အရာရာဟာ ငြိမ်းချမ်းနေသေးသည်။
လွှမ်းရဲ့ ပခုံးအနည်းငယ်ကျော်နေပြီဖြစ်သောဆံပင်တို့ကို Claw Clip နဲ့ညှပ်သိမ်းပြီးနောက် Eco bag အညိုရောင်လေးကိုလွယ်ရင်းအောက်ထပ်သို့ဆင်းလာခဲ့သည်။ မိန်းမမဆန်သည့် လွှမ်းအတွက် ရင်ဖိုစရာကောင်း လှသည့် နူးညံ့ခြင်းပုံရိပ်တို့ရှိမနေပါ။
"ဦးငယ်!..သားကိုညကျ ပီဇာ၀ယ်ကျွေးပါလား?.."
"စားလေ...နင်လေ့ကျင့်ခန်းဆင်းရမှာ အဆီဆိမ့်တွေတော့ နည်းနည်းပါးပါးရှောင်လေ။"
"ဟုတ်ကဲ့ပါ။"
"နင်!...ငါ့အမေကို ပစ်ထားတယ်ဆို၊ နင်ဖုန်းမဆက်တော့ ဟိုကလွမ်းနေရှာမှာပေါ့၊ ပြီးတော့ မြေးတွေထဲနင့်ကိုအချစ်ဆုံးကို။"
"အင်း!..သား ဆက်လိုက်ပါ့မယ်၊ ဦးငယ် သား ကျောင်းမှာဘောလုံးကန်နေတာ ဖွား
မသိသေးဘူးမလား။""မသိသေးဘူး။ ငါပြောထားပါတယ် မေ့လွှမ်းလေးက ယဉ်ယဉ်လေးဖြစ်သွားပြီလို့။ မိန်းကလေး ဆန်လာတယ်လို့။"
ဦးငယ်က လွှမ်းရဲ့ပုံစံကိုနှုတ်ခေါင်းရှုံ့ပြီးပြောလာသည်။ ဒါဟာ...ဦးငယ် ဖွားနဲ့လွှမ်းကြားလိမ်ပေးရတဲ့အခါတိုင်း လုပ်တတ်သည့်အမူအရာလေးဖြစ်သည်။
"ကဲ...good luck my son!..."
"you too"
ဖွားကသာ ဦးငယ်ဆီရောက်ရင်လွှမ်းအချိုးပြေသွားမယ်ထင်နေတာ အခု ဦးငယ်ကပါ လွှမ်းကိုသူ့သားလို့သုံးနေသည်။ ဖွားသာကြားရင် နှစ်ယောက်လုံးထိုနေရာတွင်ပင်အလောင်းပျောက်မည်ဖြစ်သည်။
********
ဒီနေ့တော့ ကောင်းမဟာတစ်ယောက် အိမ်ကို ခဏလောက်ခြေဦးပြန်လှည့်ရမည်ဖြစ်သည်။ဘာလို့ ကဒ်တွေပိတ်သွားရတယ်ဆိုတဲ့အကြောင်းလည်း သူသိချင်သည်။ ဒီအချိန်လောက်ဆို ဒက်ဒီပြန်မရောက်လောက်သေးပေ။ သူ့အတွက်ကျိန်းသေ အချိန်ကောင်းတစ်ခုဖြစ်သည်။
![](https://img.wattpad.com/cover/294468058-288-k256688.jpg)
YOU ARE READING
She is mine (သူမကငါ့အပိုင်) {Complete}
Romanceအခြားမိန်းကလေးများလို ဖြူစင်လှပကာကျော့ရှင်းခြင်းမျိုး သူမမှာမရှိ၊ အညိုရောင်မျက်၀န်းတောက်တောက်တို့နဲ့အတူ ညိုတတဖြစ်သော အသားရေ၊ပါးချိုင့်ခွက်ခွက်လေး ကိုသာသူမပိုင်ဆိုင်ထားသည်။ ဝါသနာထုံလွန်းသည့်ဘောလုံးပါရမီမှာထူးချွန်လွန်းသည့်သူမ။ ထိုမိန်းကလေးကိုမှ နက်ရှ...