Part-30 (Zawgyi & Unicode)

37.4K 986 139
                                        

Unicode

လွှမ်းရဲ့ကျောက မနေ့ကညကဟိုကောင့်ရိုက် ချက်ကြောင့် အခုထိအနည်းငယ်အောင့်တက်နေသည်။ မှန်တင်‌ခုံရှေ့ မတ်တပ်ရပ်ကာ ကျောပြင်ကိုခေါင်းစောင်းငဲ့ကြည့်မိတော့ အနည်းငယ်ညိုနေသည်ကမြင်မကောင်းပေ။ လေပူတစ်ချက်မှုတ်ထုတ်ရင်း ဒီတစ်ပတ်နဲ့ရှေ့အပတ်အတွက် အချိန်ကိုသေချာစီစဉ်ရမည်ဖြစ်သည်။ကျောင်းလည်းသွားရမည်၊ ကလပ်အသစ်နဲ့ Training လည်းဆင်းရမည်၊ Video သုံးသပ်ချက်အတွက်လည်းလုပ်ရအုန်းမည်။လွှမ်းတကယ်ခေါင်းမူးသွားရသည်။

*Ring...Ring*

"Hello!...ဦးငယ်ပြော"

"လွှမ်းလေးအိမ်မှာဘဲမလား?..."

"အင်း!..ဟုတ်တယ် အိမ်မှာဘဲရှိ‌သေးတာ၊ဘာဖြစ်လို့လဲ?"

"ဒါဆိုလေ!...ဦးငယ် လောလောနဲ့ထွက်လာမိတာ Usb stick ကျန်ခဲ့လို့၊ ဆေးရုံကိုတစ်ချက်လောက် လာပေးပေးပါလား"

"အင်း!...အဲ့ဆို လွှမ်းအခုလာခဲ့မယ်လေ။"

လွှမ်းလည်းအ၀တ်အစား‌ထလဲပြီး၊ နည်းနည်းသပ်သပ်ရပ်ရပ်လုပ်လိုက်သည်။ ပခုံးကတော့ တင်းနေအောင်နာလာတာကြောင့် လွှမ်းမှာဖြေးဖြေးချင်းသာမတ်တပ်ထရပ်ရင်း ပြင်ဆင်နေရသည်။

"လွှမ်း!.."

"ကို!..."

"ဒါက ဘယ်သွားဖို့လဲ?"

ကိုကလွှမ်းနားကိုလာရင်း နားနားကဆံပင်လေးတွေကိုလက်ညိုးနဲ့လက်ခလယ်ကြား ကိုင်ရင်းမေးလာသည်။

"အာ!...ဆေးရုံလေ ဦးငယ်က stick ကျန်ခဲ့တယ်ဆိုလို့သွားပေးဖို့"

"လာ!...ကို လိုက်ပို့မယ်၊ အာမဟုတ်ဘူးလွှမ်းဘာသာ လွှမ်းသွားမယ်။"

"မဟုတ်တာ ကိုယ်လိုက်ပို့မှာပေါ့ ကလေးရဲ့။"

"ကို့!...တကယ် လွှမ်းကိုယ့်ဘာသာသွားလိုက်မယ်နော်"

လွှမ်းက တကယ်မှအားတုံ့အားနာဟန်ပြောနေသည်။ အညိုရောင်မျက်၀န်းတွေက သူ
မသိရ‌လေအောင် တမင်ကိုဖုံးကွယ်ချင်နေသလိုမျိုး။ သူကမသိဘူးတဲ့လား၊ သူကအဲ့လောက်တောင် သူမလေးရဲ့အပြုအမူလွဲနေတာကို သူကမရိပ်မိနိုင်ဘူးဟုသူမကထင်နေသည်တဲ့လား။

She is mine (သူမကငါ့အပိုင်) {Complete}Où les histoires vivent. Découvrez maintenant