Unicode
နေဝင်ရီတရောအချိန်လေးတစ်ခု၊ပွဲချိန်တစ်ခုလုံးကိုသူမစိတ်ကြိုက်ချယ်လှယ်ထားတဲ့ကစားသမား၊ အင်း...အင်တိုက်အားတိုက်ကစားထားပြီးနောက် လွှမ်း မြက်ခင်းကျယ်ပေါ်မှာလှဲချမိလိုက်သည်။ဒီမြက်ခင်းကျယ်တွေ၊ဒီလေထုသိမ့်သိမ့်တွေဟာလွှမ်းအတွက်ဘဝဖျော်ဖြေရာ တစ်ခုဖြစ်လာသည်။
အည တရကလေးငယ်တစ်ယောက်ရဲ့အိပ်မက် တွေ အမှန်တကယ်ဖြစ်လာတယ်ဘဲဆိုရမလား လွှမ်းဟာဥရောပအမျိုးသမီးဘောလုံးကလပ်တစ်ခုရဲ တိုက်ရိုက်ကမ်းလှမ်းခြင်းကိုလွန်ခဲ့တဲ့ရက်အနည်းငယ်ကဘဲလက်ခံရရှိလာသည်။
အာရှမှာကစားခွင့်ရမယ်ဆိုတဲ့စိတ်နဲ့ကြိုးစားခဲ့သူမို့ ဥရောပဘက်ကကမ်းလှမ်းခံရမှုဟာ
လွှမ်းလို အိပ်မက်တွေတစ်ပွေ့တစ်ပိုက်နဲ့က လေးအတွက်တော့ ထီဆုကြီးပေါက်သလိုဖြစ်သည်။ လွှမ်းရဲ့နှလုံးသားနုနုဟာ ကမ္ဘာမြေကြီးရဲ့အပေါ်ကိုပြန်တက်သွားနိုင်တယ်လို့ကိုခံစားနေရတာမျိုးဖြစ်သည်။လွှမ်းဘဝရဲ့အချိန်တော်တော်များဟာ ဒီအားကစားနည်းထဲမှာသာရင်းနှီးမြှုပ်နှံခဲ့သူမို့ ဒီကမ်းလှမ်းခံရမှုဟာ လွှမ်းအတွက်ထိုက်တန်သလို၊လွှမ်းရဲ့တက်လှမ်းအတွက်လည်း တံခါးတစ်ချပ်ဖြစ်သည်။ကံကြမ္မာက မျက်နှာသာပေးပြန်တော့လည်းရွေးချယ်ရမယ့် လမ်းနှစ်လမ်းရှိလို့လာသည်။ တစ်ဖက်ကပြန်ကြည့်ပြန်ရင်လည်းလွှမ်းဟာပညာရေးအပြင် စီနီယာ့ကိုပါ လက်လွှတ်လိုက်ရတာမျိုးလည်းရှိနိုင်သည်။အတွေးသာသာလို့သာ ဖြည့်စွက်ပြောပေမယ့် လွှမ်း စီနီယာ့ကို လက်လွှတ်လိုက်ဖို့မဝင့်ရဲပေ။
ဘေးကရေဘူးကိုအဖုံးဖွင့်လို့ မျက်နှာပေါ် လောင်းချလိုက်သည်။လွှမ်းရဲ့စိတ်ပူပန်မှုတွေ ဟာ ဒီရေတွေနဲ့အတူစီးပါသွားရင်ကောင်းမည်။
"လွှမ်း ခက် ချို"
ကြားနေကျအသံလေးရဲ့ နာမည်တစ်လုံးစီရဲ့ ခေါ်သံကိုကြားရပေမယ့်၊ဘယ်သူများလဲဆိုပတာ လွှမ်း ခေါင်းထောင်ပြီးမကြည့်မိပေ။
ဒီတိုင်းလေးဘဲ လက်ရှိလွှမ်းရဲ့စိုးရိမ်မှုတွေပျောက်ကွယ်သွားရင်ကောင်းမယ်ဆိုတဲ့ခံစားချက်လေးနဲ့ မြက်ခင်းပေါ်မှာလှဲနေတုန်းဘဲဖြစ်သည်။ လွှမ်းအနားကိုပြေးလာနေတဲ့ ခြေသံတွေဟာ တဖြေးဖြေးပို၍နီးစပ်လို့လာခဲ့သည်။
![](https://img.wattpad.com/cover/294468058-288-k256688.jpg)
YOU ARE READING
She is mine (သူမကငါ့အပိုင်) {Complete}
Romanceအခြားမိန်းကလေးများလို ဖြူစင်လှပကာကျော့ရှင်းခြင်းမျိုး သူမမှာမရှိ၊ အညိုရောင်မျက်၀န်းတောက်တောက်တို့နဲ့အတူ ညိုတတဖြစ်သော အသားရေ၊ပါးချိုင့်ခွက်ခွက်လေး ကိုသာသူမပိုင်ဆိုင်ထားသည်။ ဝါသနာထုံလွန်းသည့်ဘောလုံးပါရမီမှာထူးချွန်လွန်းသည့်သူမ။ ထိုမိန်းကလေးကိုမှ နက်ရှ...