Part-9 (Zawgyi & Unicode)

29.6K 1K 92
                                    

Unicode

လွှမ်းရဲ့မနက်ခင်းလှလှလေးက အစချီလာရပြန်သည်။ လိုက်ကာစာတို့ ဖွင့်ချလိုက်တဲ့အခါ ၀င်ရောက်လာတဲ့နေရောင်နွေးနွေးကလွှမ်းရဲ့ရင်ကို အေးစေသည်။ ‌ဟိုဘက်ခြံရဲ့ လိုက်ကာလေးကတော့ ကာထားဆဲဖြစ် သည်။
ဦးငယ် ညကပင် သူအရေးကြီးတဲ့ခွဲစိတ် ခန်း၀င်ရမည်ဟု message ပို့ထားသည်မို့ဒီနေ့တော့ လွှမ်းကိုကျောင်းလိုက်ပို့နိုင်‌တော့မည်မဟုတ်ပေ။ အရင်နေ့တွေလိုပင် မနက်တာကိုလေ့ကျင့်ခန်းနဲ့စတင်ရမည်ဖြစ်သည်။

*အို... Arnold လေးကငါ့ကိုကြည့်နေတာဘဲ* သူ့ဘာသာသူ‌နေသည့် ဓာတ်ပုံထဲက Arnold လေးကို ကိုယ့်ဘာသာကြည့်ရင်း အရှက်ပိုရပြန်သည်။

စီနီယာ့ ခြံရှေ့ကဖြတ်ပြေးတော့အထဲကိုလှမ်းကြည့်မိသေးသည်။ အရိပ်ယောင် လည်း မတွေ့ရတာကြောင့် စီနီယာအိပ်ပျော်နေသေးပုံရသည်။

"ဟိတ်!...ဘာတွေလှမ်းချောင်းနေတာလဲ။"

"စီနီယာ!..."

စီနီယာက လွှမ်းနဲ့မျက်နှာချင်းဆိုင်လောက်ရှိမည့် ခြံတံခါးကနေဘွားကနဲပေါ်လာခြင်းဖြစ်သည်။ ဆံပင်တို့ အနည်းငယ်ရှုပ်ဖွနေသည့် ကိုကောင်းမဟာမြတ်က ကြည့်ကောင်းနေဆဲဖြစ်သည်။

"ဘာတွေအဲ့လောက်စိုက်ကြည့်နေရတာတုန်း"

"စီနီယာ!..အခုမှ 6ခွဲဘဲရှိသေးတာ နိုးနေပြီလား။"

"အင်း 4 နာရီထဲကနိုးနေတာ။ ကိစ္စလေးနည်းနည်းရှိလို့။လွှမ်းလေ့ကျင့်ခန်းလုပ်ဖို့လား။"

"ဟုတ်တယ်။ ဟို Suncream အတွက်လွှမ်းကျေးဇူးတင်ပါတယ်။"

လွှမ်းက ခေါင်းလေးညွှတ်ရင်းဆိုလိုက်သည်။ထိုအမူအရာက တစ်ဖက်သူကို လေးလေးနက်နက်နဲ့ကျေးဇူးတင်လိုက်ခြင်းဖြစ်သည်။

"မလိုပါဘူး၊ လွှမ်းအဆင်ပြေရင်ပြီးတာဘဲ။"

"ဟို...လွှမ်းဘယ်လိုပြန်ကျေးဇူးဆပ်ရမလဲမသိဘူး။"

ငြင်းပြန်ရင်လည်း စီနီယာစိတ်ကွက်မည်ဖြစ်သည်။ ဒါဆိုသူများအလကားပေးတာကို လွှမ်းလွယ်လွယ်နဲ့လက်မခံချင်ပါ။

"လွှမ်းက အရမ်းဘဲကျေးဇူးပြန်ဆပ်ချင်တယ်ဆို၊ ကိုယ့်ကို မနက်မုန့်ခေါ်ကျွေး။"

She is mine (သူမကငါ့အပိုင်) {Complete}Where stories live. Discover now