This part contains mature scenes. Read at your own risks. ⚠️
Unicode
လွှမ်းရဲ့ပထမဦးဆုံးသော ပွဲပြီးသုံးသပ်ချက် Viedo ဟာဒီနေ့ည Liverpool ပွဲပြီးသည်နဲ့ studio ခန်းထဲမှာဘဲရိုက်ဖို့စီစဉ်ထားခဲ့ကြသည်။ လွှမ်းနဲ့အတူဘေးမှာကဗျာလည်းရှိနေပေးသည်။ ကိုကတော့ Company မှာအလုပ်မပြီးသေးသည်မို့လွှမ်းကို ညအပြန်မှသာလာကြိုဖို့များသည်။
"ငါ့ညီမတို့လိုတကယ့်ဝါသနာရှင်တွေနဲ့အတူအလုပ်တွဲလုပ်ခွင့်ရလို့ ဂုဏ်ယူတယ်ကွာ"
လွှမ်းနဲ့အလုပ်တွဲလုပ်မည့် အကိုကလွှမ်းတို့ရှိရာဆီ လာရင်းစကားစပြောလာသည်။ ထိုအကိုကကြည့်ရတာ စိမ်းသက်နေသည့်လွှမ်းနဲ့ စကားပြောချင်ပုံရသည်။ ဒီနေ့မတိုင်ခင်က လုပ်ခဆွေးနွေးဖို့ ကဗျာဆုံပေးတုန်းက ပထမဆုံးအကြိမ်တွေ့ဖူးခဲ့ခြင်းသာဖြစ်သည်။
"အဲ့လောက်လည်းမဟုတ်ပါဘူး၊ ပွဲကြီးတွေပါနိုင်ဖို့ဆို ညီမတို့တော်တော်ကြိုးစားရအုန်းမှာပါ။"
ကဗျာက အနည်းငယ်ရင်းနှီးနေသောထိုအကိုနဲ့၊ အပေးယူတည့်ကာစကားတို့ပြောနေတုန်း၊ လွှမ်းကတော့ ကို့ဆီ စာလှမ်းပို့လိုက်သည်။ လွမ်းသည်။ ပထမဆုံးအကြိမ်မို့ အနားမှာမရှိသော်လည်း ကို့ရဲ့အားပေးသံ လေးတော့ကြားချင်မိသည်။ လွှမ်းဖုန်းခေါ်လိုက်တော့ ခဏအကြာထိဖုန်းမကိုင်ပါ။
"ကဲ!...ပွဲစတော့မယ်"
လွှမ်းလည်း သတိပေးသံကြောင့်၊ ဖုန်းကို Vibrate လုပ်ကာအိတ်ထဲသို့ထည့်လိုက်သည်။ထို့နောက် အာရုံကို TV ဖန်သားပြင်က ကစားပွဲဆီသို့သာဦးတည်လိုက်သည်။ ကိုယ်ကပြန်လည်သုံးသပ်ရှင်းပြရမည့်သူဆိုလျှင် ပွဲအစဆုံးကိုအရှင်းလင်းဆုံးမြင်ထားနိုင်မှသာအဆင်ပြေမည်။
လွှမ်းတို့ 1 နာရီနဲ့ 45 မိနစ် တိတိကစားချိန်ပြီးနောက် ပွဲပြီးသွားသည့်အချိန်တွင် အိတ်ထဲက vibrate လုပ်ထားသည့်ဖုန်းကိုပြန်ထုတ်ကြည့်လိုက်တော့လည်းမျှော်လင့်ထားသလို ကို့ ဆီက message လေးတောင်ရှိမနေပါ။
ပထမဆုံးနေ့ဆိုပေမယ့်လွှမ်းကတော့ ပေါ့ပေါ့ပါးပါး Hoodie မီးခိုးရောင်လေးကိုသာ၀တ်ဆင်ထားသည်။ ပထမဆုံး မိတ်ဆတ်ခြင်းပြီးသည်နဲ့၊ ပါတနာအကိုနဲ့လွှမ်းဟာ ထင်ထားသည်ထက်အပေးအယူမိစွာပင် ပွဲကိုရူ့ထောင့်စုံကအကောင်းဆုံးသော သုံးသပ်ထောက်ပြနိုင်ခဲ့သည်။
![](https://img.wattpad.com/cover/294468058-288-k256688.jpg)
YOU ARE READING
She is mine (သူမကငါ့အပိုင်) {Complete}
Romanceအခြားမိန်းကလေးများလို ဖြူစင်လှပကာကျော့ရှင်းခြင်းမျိုး သူမမှာမရှိ၊ အညိုရောင်မျက်၀န်းတောက်တောက်တို့နဲ့အတူ ညိုတတဖြစ်သော အသားရေ၊ပါးချိုင့်ခွက်ခွက်လေး ကိုသာသူမပိုင်ဆိုင်ထားသည်။ ဝါသနာထုံလွန်းသည့်ဘောလုံးပါရမီမှာထူးချွန်လွန်းသည့်သူမ။ ထိုမိန်းကလေးကိုမှ နက်ရှ...