Unicode
အဖျားရှိတဲ့လူတစ်ယောက်ဟာ အနည်းဆုံးတော့ဂရုစိုက်မှုလေးတွေကိုလိုချင်တတ်ကြသည်။ ဆေးကိုသေချာတိုက်ပေးမည့်သူ၊ စားချင်တာလေး လုပ်ကျွေးမည့်သူ စသည် ဖြင့် တစ်ယောက်လောက်ကိုတော့လိုချင်တပ်မတ်ကြသည်။ လွှမ်း ညကဖျားနေတော့ ဦးငယ်ကပြုစုပေးရှာသည်။ သို့သော်လည်း အလျင်စလိုပေါ်လာသည့် လူနာကိစ္စကြောင့် ညတွင်းချင်းပင် ထသွားရသည်။ ဒီတစ်နေ့တာကိုတော့ ကိုယ့်ဘာသာကိုယ်သာပြန်ပြုစုရတော့မည်ဖြစ်သည်။
ကုတင်ပေါ်မှာ ငုတ်တုတ်ထထိုင်လိုက်ရင်း မျက်နှာထက်ပြန့်ကျနေသည့် ဆံပင်တို့ကိုလက်နဲ့သိမ်းကာ နားနောက်သို့ပို့လိုက်သည်။
အဖျားကြီးထားသည်နဲ့အညီ ခေါင်းများကလည်းထိုးကိုက်ကာ လွှမ်းရဲ့ ကိုယ်လေးမှာလည်းယိုင်တိယိုင်တိုင်နဲ့ဖြစ်နေရသည်။တစ်ညလုံး ဘာမှမစားရသေးသည့်မို့ အောက်ထပ်သို့ဆင်းကာ တစ်ခုခုစားဖို့စဉ်းစားလိုက်သည်။လွှမ်း လှေကားထစ်ကနေတစ်ထစ်ချင်းစီ ဆင်းလိုက်သည်။
"လွှမ်းခက်ချို!..."
"စီနီယာ!...အာ...ကျပြီ"
ကိုယ့်ဘာသာကိုယ်ယိုင်တိယိုင်တိုင်နဲ့ ဆင်းလာရပါသည်ဆိုမှ အရှေ့၌ ဘွားခနဲ ပေါ် လာသည့် ကိုကောင်းမဟာမြတ်ကြောင့် လွှမ်းလန့်ကာ လဲကျသွားရသည်။ သို့သော် စီနီယာလက်ချောင်းရှည်တို့က လွှမ်းရဲ့ခါးနားတစ်ဝိုက် ဖိကပ်ထာဆွဲထားလို့နေသည်။လွှမ်းရဲ့ လက်တို့ကလည်း စီနီယာ့ ပခုံးတို့ကိုကျစ်နေအောင် ကိုင်ထားမိသည်။ လွှမ်းရဲ့မျက်နှာဟာ စီနီယာ့ ရင်ဘတ်ထဲပင်၀င်ရောက်နေသည်။ စီနီယာရဲ့ ကိုယ်သင်းနံ့ကိုတောင် ရှူရှိုက်မိလောက်သည်ထိနှစ်ယောက်သားထိမိနေကြသည်။ကောင်းမဟာ တစ်ယောက်သူမဆီရလို့တဲ့ ကိုယ်သင်းရနံ့လေးကိုပင်ရှူရှိုက်မိသည်။ နေပူထဲ ဘောလုံးထွက်ကန်တတ်သည့် ဒီမိန်းကလေး ဒီလိုမျိုးကိုယ်သင်းရနံ့လေးကပင်မွှေးကြိုင်နေမည်ဟုသူမထင်ခဲ့ပေ။ ဒီမိန်းကလေးက တစ်ခုခုပင်။
"ရရဲ့လား?..."
"ဟို...ရ..ရပါတယ်။ စီနီယာ လွှတ်ပါအုန်း။"
![](https://img.wattpad.com/cover/294468058-288-k256688.jpg)
YOU ARE READING
She is mine (သူမကငါ့အပိုင်) {Complete}
Romanceအခြားမိန်းကလေးများလို ဖြူစင်လှပကာကျော့ရှင်းခြင်းမျိုး သူမမှာမရှိ၊ အညိုရောင်မျက်၀န်းတောက်တောက်တို့နဲ့အတူ ညိုတတဖြစ်သော အသားရေ၊ပါးချိုင့်ခွက်ခွက်လေး ကိုသာသူမပိုင်ဆိုင်ထားသည်။ ဝါသနာထုံလွန်းသည့်ဘောလုံးပါရမီမှာထူးချွန်လွန်းသည့်သူမ။ ထိုမိန်းကလေးကိုမှ နက်ရှ...