Unicode
"မွှ!.."
ကားပေါ်ကဆင်းခါနီး လွှမ်းလေးရဲ့ပါးချိုင့်ခွက်ခွက်နေရာလေးကိုမမေ့မလျော့ မဟာနမ်းလိုက်ပါသေးသည်။
"ကလေး!...ဒီနေ့ပင်ပန်းထားတာဆိုတော့အိမ်ထဲ၀င်ပြီးနားတော့!"
"အင်း!...ကိုလည်း နားတော့နော်"
"love you babe!..."
လွှမ်းက သူ့ကိုပါးချိုင့်လေးတွေပေါ်သွားအောင်ပြုံးပြရင်း၊ ခေါင်းတညှိတ်ညှိတ်နဲ့ ခြံထဲသို့၀င်သွားရှာသည်။ ပွဲကန်လာသည့်အပြာနုရောင် ဂျာစီလေးအပေါ်မှထပ်၀တ်ထားသည့် လေကာဂျာကတ်အညိုလေးနဲ့သူမ၊ တကယ်ကိုတစိမ့်စိမ့် ကြည့်ရင်းနဲ့တောင် မ၀နိုင်သည့်ပန်းရိုင်းလေးတစ်ပွင့်ဖြစ်သည်။
လွှမ်းခြံထဲ၀င်၀င်ချင်းတွေ့လိုက်ရသည့် ဦးငယ်ရဲ့ကားဘေးမှာ ထိုးရပ်ထားသည့်ဇိမ်ခံကားတစ်စီး၊ ဒီကားဟာ လွှမ်းနဲ့ရင်းနှီးသလိုတော့ရှိနေသည်။ ထိုရပ်ထားသည့်ကားကြောင့်ဧည့်သည်ရောက်နေသည်ဆိုမှာကျိန်း သေသည်။ သို့သော်ဒီအချိန်ကြီး လွှမ်းတို့အိမ်ကိုတော်ရုံဧည့်သည်မလာဖူးပေ။ ဂျာစီပေါ်က ဂျာကတ်ကိုချွတ်ရင်းနဲ့ပင်၊ အိမ်ထဲသို့၀င်ချလာလိုက်သည်။
"မေကြီး!..."
အပေါ်ထပ်၀တ်ထားသည့် ဂျာကတ်ကိုချွတ်နေသည့် လွှမ်းရဲ့လက်တွေဟာရပ်တန့်သွားရသည်။ သူအခုဘောလုံးဂျာစီနဲ့ဖြစ်သည်။ ဒါဆိုသူဘောလုံးကန်နေတယ်ဆို ထိုင်နေတဲ့မေကြီး ကျိန်းသေရိပ်မိသွားပြီ။
"ဘာကိုအခုမှမေကြီးလဲ?...လုပ်ချင်ရာလုပ်၊ ဖြစ်ချင်တိုင်းကိုဖြစ်နေတာ ငါ့ကိုမေကြီးလို့ လာမခေါ်နဲ့"
"မေကြီး!...သားကဒီအတိုင်းကြိုက်လို့၀တ်ထားတာ သားဘောလုံးကန်လာတာမဟုတ်ဘူး"
မျက်နှာငယ်လေးနဲ့ ရှင်းပြနေသည့် လွှမ်းလေးကိုမြင်ရသည်က ခက်နောင်ချိုကို အ သက်ရှူကြပ်စေသည်။ သူ၀င်ပြောလိုက်ရင် မေမေ့ ဒေါသဟာပိုပြီးလောင်မြိုက်လာမည်ဖြစ်သည်။
"ကလိမ်ကကျစ်!..."
ဆိုဖာမှာမိန့်မိန့်ကြီးထိုင်နေသည့် ကြီးဒေါ်ဟာ လွှမ်းရှိရာဘက်သို့လှည့်ကာပြောလိုက်သည်။
KAMU SEDANG MEMBACA
She is mine (သူမကငါ့အပိုင်) {Complete}
Romansaအခြားမိန်းကလေးများလို ဖြူစင်လှပကာကျော့ရှင်းခြင်းမျိုး သူမမှာမရှိ၊ အညိုရောင်မျက်၀န်းတောက်တောက်တို့နဲ့အတူ ညိုတတဖြစ်သော အသားရေ၊ပါးချိုင့်ခွက်ခွက်လေး ကိုသာသူမပိုင်ဆိုင်ထားသည်။ ဝါသနာထုံလွန်းသည့်ဘောလုံးပါရမီမှာထူးချွန်လွန်းသည့်သူမ။ ထိုမိန်းကလေးကိုမှ နက်ရှ...