Part-34 (Zawgyi & Unicode)

35.3K 836 123
                                    

This part contains mature scenes. Read at your own risks. ⚠️

Unicode

"လွှမ်းခက်ချိုကော!..."

dinning table မှာသူ့အကြိုက်နှပ်ကော်ဖီပူ ပူ‌လေးကိုဇိမ်နဲ့ထိုင်သောက်နေသော ခက်နောင်ချို ဆီသို့ဦးတည်လာသည့်မေမေ့ရဲ့အမေးစကားဖြစ်သည်။

"မသိဘူးလေ!...ကျွန်တော်ကအခုမှနိုးလာတာ"

"ခက်နောင်ချို!...အဲ့ဟာ‌မလေး အခုအခန်းထဲမှာရှိမနေတော့ဘူး၊ နင်မသိချင်ယောင်မဆောင်နဲ့"

"အာ!...ပလိန်းကြီးနော်၊ ကျွန်တော်မှမသိတာ ကို အခုကျွန်တော်လည်းမအားတော့ဘူး ဆေးရုံသွားရတော့မှာ"

သူ့ဘေးက duty coat အဖြူလေးကိုမျက် စပစ်ပြရင်း၊ မေ‌မေ့ကိုသူပြန်ဖြေလိုက်သည်။

"ခက်နောင်ချို!...နင်ငါ့ကိုဒီလိုတွေအာခံနေတာ ငါသေသွားတာကို နင်မြင်ချင်လို့လား?..."

"ဆိုင်လို့လားဗျာ?...သူ့ဘာသာ 18 နှစ်ပြည့်ပြီးသားလူငယ်က အိမ်ကထွက်သွားတာကို ကျွန်တော်က ဘာလိုက်လုပ်ရမှာလဲ၊ ခြေ ထောက်ကနေလိုက်ဆွဲထားရမှာလား?"

မေမေ တကယ်စိတ်ဆိုးနေတာကိုခက်နောင်ချိုသိသော်ငြားလည်း၊ သူဆက်အာခံရအုန်းမည်။ ဒါမှဒီကောင်မလေးဒီလိုချုပ်ချယ်ခံရတဲ့ဘ၀ကြီးကလွတ်ကျွတ်နိုင်မှာ။

"ဟဲ့!...ခက်နောင်ချို နင့်အမေနဲ့အမ ကိုအဲ့လောက်တောင်ဘဲ ပုန်ကန်ချင်နေတာလား၊ မေမေ အဲ့ကောင်မလေးကိုဘယ်လာက်စိတ်ဆိုးနေလဲဆိုတာနင်သိမှာပါ၊ ဒါကြောင့် အဲ့ကောင်မလေး အခုဘယ်မှာလဲသာပြော"

"အဲ့တာ!..မမ စနက်တွေလေ၊ အနေဝေးတဲ့မြေးဖွားကြားကို သွေးထိုးထားတာလေ၊ ကလေးနဲ့ဖက်ဖြစ်ပြီး ဒုက္ခလိုက်ပေးနေတာ၊ ကျွန်တော်ကလည်း ဆက်ပြီးသည်းခံနေမှာ မဟုတ်ဘူး၊ကိုယ့်သိက္ခာလေးဘာလေးလည်း ထိန်းပါအုန်း"

"နင်!...နင်အစ်မကိုအဲ့လိုပြောစရာလားကောင် စုတ်ရဲ့"

"ပြောသင့်တာတော့ပြောရမှာဘဲ၊ ကိုယ့်ညီမရဲ့မျက်နှာကိုမှမထောက်၊ တူမအရင်းကိုသေတွင်းထဲ ခဏခဏပို့တာဘယ်သူလဲ၊ အေး လွှမ်းအမေဇလပ်ချိုက သူ့သမီးကို ယုံကြည်လွန်းတဲ့သူ့အမဖြစ်တဲ့ မမဆီမှာ ဒီလောက်‌အခေါက်ခေါက်အခါခါ အပ်ခဲ့တာတောင်မှမထောက်၊ ကလေးကိုပြသနာလိုက်ရှာနေခဲ့တာဟိုးငယ်ငယ်လေးထဲကဘဲလေ"

She is mine (သူမကငါ့အပိုင်) {Complete}Where stories live. Discover now