Unicode
ဒီနေ့တော့ ကို ဟာလွှမ်းကိုမနက်ထဲကပင်စိတ်ဆိုးနေသည်။ အကြောင်းကလွှမ်းဟာ ကွင်းထဲမှာ လွှမ်းကိုလူချသွားသည့် ကစား သမားကို လူနာသတင်းလာမေးဖို့ရန်ခွင့်ပြုပေးမိလိုက်ခြင်းကြောင့်သာဖြစ်သည်။
ထိုမိန်းကလေး လူနာသတင်းလာမေးမယ်ဆိုထဲက ကိုနဲ့လွှမ်းဟာ ကတောက်ကဆဖြစ်နေရခြင်းဖြစ်သည်။ကိုဟာ ထိုမိန်းကလေးကို သူ့ရှေ့ရောက်မလာစေဖို့သာ ထပ်ခါထပ်ခါပြောသည်။ သို့သော်လည်း ထိုမိန်းကလေးက လူတွေ့တောင်းပန်ချင်သည်ဟု နည်းပြဆီကနေအခါခါ အကူအညီလှမ်းတောင်းနေသည်ဟုသိရသည်။"ကို့!...လွှမ်းကိုကြည့်ပါအုန်း"
လွှမ်းကိုမကြည့်တော့ဘဲဆိုဖာမှာလက်တော့ပ်တစ်လုံးနဲ့အလုပ်ရှုပ်နေသည့် ကို့ကိုလှမ်းခေါ်လိုက်မိသည်။
"ကို့!...ကိုရေ ကိုကောင်းမဟာမြတ်ရယ်လို့"
"ဘာလဲ ဘာလဲ ကိုယ့်စကားနားမထောင်တဲ့လူက အခုမှဘာလို့လာခေါ်နေတာလဲ၊"
"ကိုရယ် သူကအသင်းနည်းပြကို လူတွေ့သတင်းမေးချင်ပါတယ်လို့ အခါခါပြောခိုင်းနေတော့ လွှမ်းမှာကြားထဲကနည်းပြကိုအား နာလာရပြီ"
"အဲ့တာနဲ့ဘဲ တောင်းပန်စကားလေးတစ်ခွန်းကြောင့် အဲ့မိန်းကလေးလုပ်ထားတာတွေကို မသိကျေးကျွန်၊ ခွင့်လွှတ်ပေးရမယ်ပေါ့"
"ဟို...ဟိုလေ"
"ဟိုဟို ဒီဒီတွေလျှောက်မပြောနဲ့လွှမ်းခက်ချို၊ အဲ့မိန်းကလေး မင်းကိုတမင်ရိုက်ချလိုက်တာကို မြင်လိုက်ထဲကကိုယ်အဲ့မိန်းကလေး မျက်နှာကိုထပ်မမြင်ချင်တော့တာ၊မိန်းကလေးမို့လို့ကိုဒီလောက်ထိသည်း ခံညှာတာပေးထားတာ"
"ကို ရယ်သူလည်းရည်ရွယ်ပြီးလုပ်ချလိုက်တာတော့မဟုတ်ပေမယ့်၊ ဖြစ်ပြီးတာတွေလည်း ဖြစ်ပြီးနေပြီကို"
"လွှမ်းခက်ချို!.. မင်းအခုချိန်ထိဆေးရုံကနေ တောင်ဆင်းရသေးတာမဟုတ်ဘူးနော်၊ ခြေ ထောက်မှာ ပတ်တီးအဖွေးစားကအလှမဟုတ်ဘူး။ဘာလို့ ကိုယ့်ကိုယုတ်မာချင်တဲ့ လူတွေကိုသဘော တွေဒီလောက်လိုက်ကောင်းပေးနေရတာလဲ"
YOU ARE READING
She is mine (သူမကငါ့အပိုင်) {Complete}
Romanceအခြားမိန်းကလေးများလို ဖြူစင်လှပကာကျော့ရှင်းခြင်းမျိုး သူမမှာမရှိ၊ အညိုရောင်မျက်၀န်းတောက်တောက်တို့နဲ့အတူ ညိုတတဖြစ်သော အသားရေ၊ပါးချိုင့်ခွက်ခွက်လေး ကိုသာသူမပိုင်ဆိုင်ထားသည်။ ဝါသနာထုံလွန်းသည့်ဘောလုံးပါရမီမှာထူးချွန်လွန်းသည့်သူမ။ ထိုမိန်းကလေးကိုမှ နက်ရှ...