Part-14 (Zawgyi & Unicode)

30K 936 32
                                    

Unicode

dandelion (ဒန်းဒယ်လိုင်ယွန်း) ပန်း‌တွေ
တသီကြီးပွင့်‌နေတဲ့ပန်းခင်းကျယ်ထဲ အဖြူရောင်ဂါ၀န်ရှည်လေးနဲ့ လွှမ်းဟာ မိုးတိမ်တွေကိုလိုက်ကြည့်ရင်း တစ်စုံတစ်ခုကိုမျှော်ခိုးနေမိသည်။ထိုအချိန် လွှမ်းရဲ့နှာဖျားလေးထိပ် ဖြတ်သန်းသွားသည့် ရနံ့လေး။လွှမ်း ရင်ခုန်မိသည်။ ထိုရနံ့သင်းသင်းလေးကပင် လွှမ်းကို ရင်ခုန်စေသည်။

*အာ့!...ကျစ်* ချွေးစေးတွေပြန်နေတဲ့လွှမ်းဟာ
ကော့တက်နေသည့် မျက်တောင်ရှည်တို့ကို တစ်ဖက်ဆီပြန်ကမ်းကပ်ဖို့အားပြုလိုက်သည်။ ထိုသို့တစ်ဖက်တစ်ချက်စီရောက်ရှိသွားသည့်နှင့် ပေါ်လာသည့် အလင်းဆူးဆူး၊ အညိုရင့်ရင့် မျက်၀န်းလှတစ်စုံပေါ်ကျရောက်လာသည်။

"နိုးပြီလား?...ဘယ်လိုနေသေးလဲ၊ ဘာခံစားရသေးလဲ?..."

နံရံကို မှီရင်းလက်ပိုက်ကာရပ်နေသည့် စီနီယာက လွှမ်းရှိရာ လူနာကုတင်သို့ခပ်မြန်မြန်ပင်လျှောက်လာသည်။ လွှမ်းနှာဖူးပေါ်က ချွေးစေးတို့ကို သူ့လက်ဖဝါးပြင်နဲ့သုတ်ပေးရင်း တဖွဖွမေးလာသည်။ စိတ်ပူနေသည့် အမူအရာဟာ ထိုမျက်နှာချောချောပေါ်အထင်းသားမြင်ရနိုင်သည်။

"စီနီယာ!...လွှမ်းဘယ်ရောက်နေတာလဲ?"

"ဆေးပေးခန်းမှာလေ။ မင်းကွင်းထဲလဲကျသွားတာ။ Dr ပြောတာတော့မင်းတော်တော်ကိုမှအားနည်းနေလို့တဲ့။"

"ကျန်တဲ့လူတွေရော၊ စီနီယာတစ်ယောက်ထဲလား?

"အင်း!..ကိုယ်တစ်ယောက်ထဲ၊ ကဗျာလွင်ကအတန်းချိန်ရှိသေးလို့ ကိုယ်ပြန်ခိုင်းလိုက်တာ။"

"ဒါနဲ့!..လွှမ်း ဒီထိဘယ်လိုရောက်လာတာလဲဟင်"

"ကိုယ် မင်းကိုကျောပိုးခေါ်လာတာလေ၊ ပွဲကတော့ 0-1 နဲ့ရှုံးသွားတယ်။ မင်းမေ့နေတာ 2 နာရီနဲ့ 13 မိနစ်ရှိပြီ။"

"အာ!...လွှမ်း စီနီယာ့ကို ဒုက္ခပေးမိပြန်ပြီ။"

ထို့နောက်ရုတ်တရက် ၀င်ရောက်လာတဲ့အတွေးကြောင့် လွှမ်းအနည်းငယ်လန့်သွားရသည်။ ပွဲကြည့်နေသည့် ကျောင်းသားတွေမှာ ဟိုဖက်ကျောင်းသား၊ ဒီဖက်ကျောင်း သားနဲ့ ရာကျော်ရှိသည်။ဒါကို စီနီယာက
လူကြားထဲ လွှမ်းကိုချီလာသည်တဲ့လား။

She is mine (သူမကငါ့အပိုင်) {Complete}Where stories live. Discover now