Title : When a Fanfic Protagonist Transmigrated into the Original Novel | 当同人主角穿回原著
Author : Zhong Xiaosheng | 钟晓生
Chapter : 98"Record of Nine Thousand Vicissitudes" ဆိုတဲ့ ဝတ္ထုဟာ ဆရာတူညီအစ်ကိုနှစ်ဦးဖြစ်တဲ့ Zhangsun Zijun နဲ့ Yi Xichen တို့ရဲ့ အောက်ခြေကနေ အခက်အခဲများစွာကိုရင်ဆိုင်ကျော်ဖြတ်ပြီး ကျင့်ကြံရေးလောကရဲ့ထိပ်ဆုံးကို အတူတကွတက်လှမ်းတဲ့အကြောင်းရေးဖွဲ့ထားတာ။ အဓိကဇာတ်လိုက်နှစ်ဦးရဲ့ ညီအစ်ကိုသံယောဇဉ် သူငယ်ချင်းသံယောဇဉ်ကို အသားပေးပြီးရေးထားတဲ့ ကျင့်ကြံရေးဝတ္ထုလေး။ ပြောရရင် Bromance Novel ပေါ့ကွာ ~
အဲ့ဒီဝတ္ထုပေါက်လာတော့ Fujoshi တစ်သိုက်က Fanfiction ရေးကြတယ်။ Fanfic ထဲမှာ ဇာတ်ကောင်တွေက ရှယ် OOC ဖြစ်ပြီး အကြမ်းစားဆယ့်ရှစ်အထက်အခန်းအပြည့်နဲ့ အားနေ Papapa နေကြတဲ့အပြင် Mpreg လေးလည်းဖြစ်တယ်တဲ့ ~
ဇာတ်လမ်းလေးက Fanfic ထဲက Zhangsun Zijun (Gong) က မူရင်းဝတ္ထုထဲကိုကူးပြောင်းလာတာနဲ့စထားတယ် ~
⚔️⚔️⚔️
MC ကလေ မူလဇာတ်လမ်းမှာ အေးဆေးတည်ငြိမ်ဖြောင့်မတ်တဲ့ကာရိုက်တာဖြစ်ပေမဲ့ Fanfic ထဲမှာ သူ့ရဲ့ (Shou) Yi Xichen ရဲ့ဘေးရောက်တာနဲ့ IQ ကလိုင်းအောက်သွားပြီး ဦးနှောက်ကအလုပ်မလုပ်ပဲ ပစ္စတိုကထအလုပ်လုပ်ပါတယ်တဲ့... လခွမ်း။ [နန်စီ အပိုတွေဆိုခြင်းမဟုတ်ရပါနော် ~]
ML လေးကတော့ (မူရင်းဝတ္ထုအရ) စတတ်နောက်တတ်ပျော်ပျော်နေတတ်တဲ့သူလေးပါ။ အဲ့ဒီမှာ Fanfic ထဲက ဇာတ်လိုက် Gong ကြီးရောက်ချလာတော့ သောက်ကျိုးနည်းတွေဖြစ်ရောပေါ့ဗျာ။
ကိုယ်တွေရဲ့ MC ကြီး ပေါက်တတ်ကရတွေတွေးပြီး စခွီတွေထထလုပ်ရင်များ ဖတ်နေရင်း 'နင့်အစား ငါရှက်လိုက်တာ' လို့တွေးမိတဲ့ ဒုတိယမြောက် Gong ကြီးပါ။ [ပထမ Gong က Mr. Dior ထဲက ဟက်စကီးကောင် ကျန်းချန်းဖေးပါ ( ͡°ᴥ ͡° ʋ) ]
⚔️⚔️⚔️
ခေါင်းစဉ်ဖတ်လိုက်တာနဲ့ ပလော့ကိုတန်းသိတဲ့ Novel တွေထဲကတစ်ခုပေါ့နော်။ Comedy ကိုမှ ရှားရှားပါးပါးကျင့်ကြံရေးအမျိုးအစားလေး။ လော့ဂျစ်သိပ်မကျတာတွေ ဟာကွက်တွေ ပိစိလေးပါပေမဲ့ အကျိုးနည်းဝါးလုံးကွဲရယ်ရလို့ နှစ်သစ်မှာ ပေါ့ပေါ့ပါးပါးဟာသလေးဖတ်ချင်တဲ့သူတွေဖို့ ညွှန်းပေးလိုက်ပါတယ် ~
![](https://img.wattpad.com/cover/272372746-288-k769495.jpg)
YOU ARE READING
Untitle 🍀