Zhou Jinheng က Yi Hui ကို လေထဲကပြာမှုန်လေးလောက်ပဲသဘောထားခဲ့တာ။ ထိုသူသေဆုံးမသွားခင်အချိန်ထိပေါ့။
Title : Flying Ash | 飞灰
Author : Yu Cheng | 余酲
Chapter : 59 + 2 Extras (Completed)ဇာတ်လမ်းအစမှာ Yi Hui က သေဆုံးသွားပြီ။ သူက သူနဲ့ ရုပ်ချင်းဆင်တဲ့ Jiang Yihui ဆိုတဲ့ ပန်းချီဆရာလေးရဲ့ကိုယ်ထဲကိုဝိညာဉ်ပြောင်းသွားခဲ့တယ်။ အရင်က Yi Hui က သာမန်လူတွေလို ဉာဏ်ရည်မြင့်တဲ့သူမဟုတ်ခဲ့ဘူး၊ သူက ထုံထိုင်းပြီးနှေးကွေးတယ်၊ သူ့ဘေးနားကလူတွေက သူ့ကို အရူးလေးလို့သတ်မှတ်ထားကြတာ။
သူမသေခင် Zhou Jinheng ကို စိတ်နှလုံးအလုံးစုံပုံအပ်ပြီးချစ်ပေးခဲ့ပေမဲ့ သူပြန်ရခဲ့တာယုတ္တိမတန်တဲ့သေခြင်းတရားပဲ။ Yi Hui ပြန်လည်မွေးဖွားလာတော့ ပိုစဉ်းစားတွေးခေါ်တတ်လာပြီး ဘဝကို ရဲရဲရင့်ရင့် ပျော်ပျော်ရွှင်ရွှင်နေထိုင်ဖို့ဆုံးဖြတ်တတ်လာတာ။Zhou Jinheng က ချောမောတဲ့ ရုပ်ရှင်သရုပ်ဆောင်တစ်ဦး။ သူ့ စရိုက်က မောက်မာ၊ ဒေါသကြီးပြီး တကိုယ်ကောင်းဆန်တယ်။ သူ့ ရဲ့ အသက် ၁၉ နှစ်၊ ရည်းစားဦးနဲ့ဝေးခါစအချိန်မှာ အဖေဖြစ်သူရဲလောဘကြောင့် Yi အိမ်တော်ကသားနဲ့ လက်ဆက်ခဲ့ရတယ်။ ဒါနဲ့ပဲ သူ့ဒေါသတွေကို လက်တွဲဖော်ဆီပုံချရင်း ထိုသူကို မုန်းတီးခဲ့တယ် အနာတရဖြစ်စေခဲ့တယ်။ နောင်တရတဲ့အချိန်ရောက်တော့ အဲ့ဒီသူက သူ့နားမှာမရှိတော့ပါဘူး။ ဒါပေမဲ့ ကံတရားက နောက်တစ်ကြိမ်အခွင့်အရေးပေးပြီး တစ်ဖန်ပြန်ဆုံခွင့်ပေးခဲ့ပါတယ်။
☀️ σ((=゚エ゚=))
ဟုတ်ပါတယ် ဒီဝတ္ထုက ဖန်တရာတေနေတဲ့ ဘေးမှာရှိနေတုန်းဂရုမစိုက်_ထွက်သွားတော့မှပြန်လိုက်တဲ့ ခွေးသွေးဇာတ်လမ်းလေးပါ ပဲ။ ဒါများ ဘာလို့ဖတ်တာလဲဆိုရင်တော့ Disabilities tag ပါပြီး စိတ်ဝင်စားသွားလို့ပါ။ IQ မဟားဒယားတွေမြင့်၊ ရှယ်ဘရိန်းပြေးတဲ့ MC တွေမှ ဖတ်နေကြဆိုတော့ အပြောင်းအလဲလေးဖြစ်အောင်ပေါ့ဗျာ။ Doraemon ကို သည်းသည်းလှုပ်ကြိုက်တဲ့ Shou လေးကတော့ အတော်လေးချစ်ဖို့ကောင်းပါတယ်။ အရင်ဘဝမှာ တုံးအခဲ့ပေမဲ့ ဒီဘဝမှာတော့ပြောင်းလဲခဲ့ပါတယ်။ အဲ့ဒီတော့ ထုံထုံထိုင်းထိုင်းနဲ့ ပျော့ညံ့ပြီး ဝေဝါးတဲ့ Shou တွေကိုမဖတ်တတ်ရင် ဒါလေးက ယူတို့အကြိုက်မဟုတ်ပါဘူးခဗျာ။
YOU ARE READING
Untitle 🍀