Title : Applaud for Happiness | 为幸福而鼓掌[快穿]
Author : 迎阳
Chapter : 109 + 2 ExtrasSystem မပါတဲ့ Quick Transmigration လေးပါ။ Shou လေး Shen Qi က ကမ္ဘာတွေကိုပတ်ပြီး Task တွေလုပ်ဆောင်ရတဲ့သူ။ လက်ရှိတာဝန်က အကြောင်းအမျိုးမျိုးကြောင့် ဘဝတစ်လျှောက်လုံးမှာ ပျော်ရွှင်မှုကိုမခံစားရပဲ ဝမ်းနည်းစရာအဆုံးသတ်နဲ့ ကြုံမဲ့ Gong တွေကို Happiness Value တိုးပြီး ဘဝကိုစိတ်ချမ်းသာပျော်ရွှင်စွာဖြတ်သန်းနိုင်အောင်လုပ်ပေးရမှာ။ ပြောရရင် ချစ်ပေးရမယ်ပေါ့ ~
🌠
ဦးဆုံး သဘောကျမိတာ MC ပေါ့ဗျာ။ သူကလေ Task တိုင်းကို စိတ်နှစ်ပြီးကြိုးစားတာပါ။ ကမ္ဘာတစ်ခုစီကို ML နဲ့မဆုံရခင် ဇာတ်ကြောင်းကိုမရောက်ခင် နှစ်တွေအများကြီးကြိုပြီးရောက်နေတတ်တာမျိုး။ Arc တစ်ခုမှာဆို ၁၂ နှစ်တောင်ကြိုရောက်နေခဲ့တာ။ ပြီးရင် သူဝင်ရမဲ့ဇာတ်ကောင်ကို ကိုယ်တိုင်သေချာလေးရွေးချယ်ပြီး Design ဆွဲတတ်တာ... အဲ့လိုလေး။
အဟဲ.. အကြိုက်ဆုံး အချက်ကတော့ Sexually Active သိပ်ဖြစ်တယ်ဆိုတဲ့အချက်ပဲ။ နည်းနည်းလေးမှ ရှက်ကြောက်နေတာမျိုးမရှိ၊ သူ့ Gong ကို ကြံချောင်းလို သဘောထားပြီး အရည်ကုန်အောင်ညှစ်မယ်ဆိုတာမျိုးပါ။ Arc တစ်ခုမှာဆို Gong က သူ့တက်ကြွမှုတွေကိုလိုက်မမီနိုင်ပဲ မျော့မျော့ပဲကျန်တဲ့အထိ အရည်ညှစ်ခံရတာပါဗျာ... တကယ့်ကို ရှာမှရှား Shou ရယ် 🤭
Gong ကတော့ Arc တစ်ခုစီမှာ စရိုက်တစ်မျိုးစီရယ်။ Iceberg, Introvert, Crybaby, Yandere, Dambass အစုံပဲ။ ဇာတ်ကောင်တွေက ရုပ်ရှင်ဧကရာဇ်၊ ဝှီးချဲနဲ့သခင်လေး၊ Commanderရဲ့သား၊ အိမ်ရှေ့စံမင်းသား၊ Dragon၊ ဘုန်းကြီး?၊ Genius Scientist ဆိုပြီး ကဏ္ဍစုံဖတ်ရတယ်။ အားမရမိတာက Gong ရဲ့အကြောင်းကို နည်းနည်းချင်းစီမဖော်ပဲ ဇာတ်လမ်းဆုံးပြီး Extra ရောက်မှပြသွားတာကိုပဲ။ အဲ့တော့ ကမ္ဘာတစ်ခုစီက ဇာတ်ကောင်အနေနဲ့ ကြိုက်မိပေမဲ့ ML ဆိုပြီး စိတ်ထဲစွဲမနေတော့တာပေါ့။
🌠
အားလုံးပေါင်း Arc 7 ထိရှိပါတယ်။ Arc တစ်ခုစီမှာ ၁၄ ပိုင်းကနေ ၁၈ ပိုင်းအထိရှိပါတယ်။ ဓားပါလားဆိုရင် နဂိုဇာတ်နာပြီးသား ML ကို အစွမ်းကုန် အလိုလိုက်ပြီး မေတ္တာပေးရတာဆိုတော့ ချိုမြိန်နေရောပါပဲ။ ပလော့တွေက ရိုးရိုးရှင်းရှင်းလေးပါ၊ တအားကြီးမိုက်နေတာမျိုး၊ Mind-blowing ဖြစ်တာမျိုးမပါဘဲ သူ့ဟာနဲ့သူ Unique ဖြစ်နေတာလေးကွာ။ ဇာတ်လမ်းတစ်ခုလုံး ခြုံပြီးကောင်းတာမျိုးမဟုတ်ပဲ ပလော့တစ်ခုစီမှာ သဘောကျမိတာရယ်။ ဒီအတိုင်း ချိုချိုတိုတို Comedy - QT လေးကို ဘာရယ်မဟုတ်အဆုံးထိဖတ်မိသွားတာမျိုးလေးပါ။ QT Novel အသစ်လေး ရှာနေတဲ့သူဆို စမ်းဖတ်ကြည့်ပါလို့ညွှန်းပါတယ်။
YOU ARE READING
Untitle 🍀