ချစ်ခြင်းရဲ့အခြေခံအကျဆုံးအချက်က ဘယ်သူက ဘယ်သူ့ကို တကယ်ချစ်ခဲ့တယ်ဆိုတာမျိုးမဟုတ်ပဲ ဘယ်သူက မင်းနဲ့ အဆုံးထိ အတူနေဖို့ ရွေးချယ်ခဲ့တယ်ဆိုတာပဲ..။
🦋
Title : 100 Silent Ways
Author : tadaa_j
Chapters : 16 (Completed)🦋
တစ်စုံတစ်ယောက်ကို ချစ်ရတာခက်ခဲလွန်းပါတယ်။ အဲ့ဒါထက် တစ်ဖက်သတ်ချစ်ရတာဆို ပိုခက်ခဲလှပေါ့။ ဒါဆို နှစ်တွေအကြာကြီး တစ်ဖက်သတ်ချစ်နေရင်ရော ~
.
.ပိုင်သူဆိုတာ ဇေယျထွဋ်အောင်ရဲ့ တစ်ဖက်သတ်အချစ်လေး...
သူတစ်ခြားတစ်ယောက်ကိုချစ်နေတာကိုမြင်ရတာ ရင်နာရသလို သူအသည်းကွဲတာကိုမြင်ရတော့လည်း နာကျင်ရတယ်
သူအဝေးကိုသွားတော့ ဝမ်းနည်းပက်လက်ကျန်ရစ်ခဲ့ရသလို ပြန်ရောက်လာပြန်တော့လည်း ရူးရူးမူးမူးထပ်မံကျဆုံးရပြန်ရော
တစ်ခါတလေ သူနဲ့ခုတင်ပေါ်မှာလူးလိမ့်ချင်မိသလို တစ်ခါတလေ မချင့်မရဲဖြစ်လွန်းလို့ ဆဲဆိုထုရိုက်ပစ်လိုက်ချင်သေးတာတဲ့
ဇေယျကလေ ပိုင်သူ့ကို တကယ်ပဲ စွန့်လွှတ်ကြည့်မယ်လို့တွေးဖူးသလို တကယ်တမ်း မစွန့်လွှတ်နိုင်တာလဲသူပါပဲ
ဇေယျထွဋ်အောင်ကလေ ဒီအတိုင်း.. မဆီမဆိုင်.. အကြောင်းပြချက်မရှိ.. အသားလွတ်ကြီး.. ပိုင်သူ့ကိုချစ်မိသွားတာ
🦋
ဒါလေးက ဒီထဲမှာ ပထမဆုံးညွှန်းတဲ့ မြန်မာအိုစီလေးပါ။ ကိုယ်နှစ်သက်ရတဲ့အိုစီတွေထဲကတစ်ပုဒ်ဖြစ်လို့ အမှတ်တရလေးလည်းရေးထားချင်လို့ပါ။ ဇာတ်အိမ်လေးကရိုးရှင်းပြီး ဒီအတိုင်း နေရင်းထိုင်ရင်း ကောင်လေးတစ်ယောက်ကို တစ်ဖက်သတ်ချစ်မိသွားတဲ့အကြောင်းလေးပါ။ တစ်ပုဒ်လုံးကို Main character ဖြစ်တဲ့ ဇေယျဘက်ကနေရေးထားတာဖြစ်လို့ စာဖတ်သူတွေကို ပိုပြီးတော့ခံစားရစေပါတယ်။
စာရေးသူရဲ့အရေးအသားက အရမ်းကိုစွဲမက်နစ်ဝင်စရာကောင်းအောင်လှပလွန်းလို့ Dialogue တစ်ကြောင်းချင်းစီကို သက်ဝင်ခံစားကြည့်ရင် ဇေယျထွဋ်အောင်ရဲ့ ဆောက်တည်ရာမရ၊ မချင့်မရဲ၊ ကယောက်ကယက်ဖြစ်နေတဲ့ စိတ်ခံစားချက်လေးတွေကို မြင်ရပါလိမ့်မယ်။
![](https://img.wattpad.com/cover/272372746-288-k769495.jpg)
YOU ARE READING
Untitle 🍀