Unicode
Title : I Just Want to Be in a Relationship
Author : Lian Shuo |连朔
Chapters : 96 + 6 Extras (Completed)Yu Qing Huan က အရင်ဘဝမှာ ထူးခွန်ပြောင်မြောက်တဲ့ ရုပ်ရှင်ဧကရာဇ်တစ်ဦး... သူဟာလူတစ်ယောက်ကိုကယ်တင်ရင်းသေဆုံးသွားတဲ့နောက် ကံကြမ္မာကအခွင့်အရေးတစ်ခုထပ်ပေးခဲ့တယ်... ပြန်မွေးဖွားလာပြီးနောက်သူတွေးမိတယ် ~ ဒီဘဝမှာတော့ သူတစ်ယောက်တည်းကြိုးစားရုန်းကန်ပြီးမရှင်သန်ချင်တော့ဘူး... ချစ်သူတစ်ယောက်ထားပြီး ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းကြည့်ချင်တယ်တဲ့ ~ ဒီလိုနဲ့သူ့ဘဝထဲကို Hou Qu ဆိုတဲ့သူက တဖြည်းဖြည်းချင်းဝင်ရောက်လာပါတော့တယ်...
🎏🎏🎏
Yu Qing Huanပြန်မွေးဖွားလာတော့ အတိတ်ဘဝမှာမကောင်းခဲ့တဲ့ကံတွေအတိုးချပြီး သောက်သောက်လဲကံကောင်းတော့တာပဲ... ထီဆယ်စောင်ထိုးရင်ဆယ်စောင်လုံးပေါက် လက်နဲ့ထိသမျှရွှေဖြစ်တယ်ဗျာ ~ သူ့ကိုဆို ကံကောင်းစေတဲ့အဆောင်လေး ~ လူသား Koi fish လေးဆိုပြီးခေါ်ကြတာ ~
အင်းး လက်တလောချဲထိုးတဲ့သူတွေဖတ်ကြပါလား ဘယ်ပြောရမလဲ ကံတက်ရင်တက်လာမလားလို့လေ ဟီးဟီး
Hou Qu ကတော့ Autism အပျော့စားလို့ပြောရမယ်ထင်တယ်... အနီးစပ်ဆုံးဆို Good Doctor ထဲက ဆရာဝန်လေးလိုမျိုးလေ... ပတ်ဝန်းကျင်ကလူတွေနဲ့ Socialize မလုပ်နိုင်ဘူး၊ နိစ္စဓူဝကိစ္စတွေမှာ အခက်အခဲရှိတယ်။ ဥပမာ - လမ်းတွေမမှတ်မိတာတို့ တူကိုင်တာတို့ပေါ့... ဒါပေမယ့် ဉာဏ်ကရှယ်ကောင်း IQ အရမ်းမြင့်တဲ့ Genius ပဲ၊ ပညာရေးမှာတစ်ဖက်ကမ်းခပ်အောင်ထူးချွန်တာ... အဲ့လိုလူက လူသားရွှေငါးလေးကိုတွေ့တဲ့အခါမှာ လုံးဝစွဲလမ်းသွားတော့တာပဲ...
🎏🎏🎏
MC ရဲ့ဘဝကြီးတစ်ခုလုံးက ကံတွေမြင့်ပြီးအဆင်တွေပြေနေတော့ ဘယ်ပြောကောင်းမလဲဗျာ... Villain တွေ Antagonist တွေဆိုတာ ဖြတ်လျှောက်သာသာပဲရှိတာ... ပြီးတော့ Showbiz ဆိုတော့ ဖရဲသီးရောင်းတာ ကီးဘုတ်ဖိုက်တာတွေနဲ့ စိတ်ဝင်စားစရာဇာတ်လမ်းလေးတွေလည်းပါသပေါ့ ~
အနှစ်ချုပ်ပြောရရင် ဒီ Novel လေးဖတ်ရတာစိတ်ကိုရွှင်လန်းနေရော... Drama တွေမပါဘူး။ MC လေးမှာဆို ချစ်စရာကောင်းတဲ့မိတ်ဆွေအပေါင်းအပါတွေရှိမယ်... Gong ဆိုလည်း အလိုလိုက်တဲ့ မားမားရယ်၊ အနိုင်ကျင့်လို့ရတဲ့ ချစ်စရာအစ်ကိုကြီးရယ်နဲ့ ဝတ္ထုတစ်ပုဒ်လုံးကပျော်စရာကြီးရယ်။ ပြောရရင် Shou ရော၊ Gong ရော၊ Shou ရဲ့သူငယ်ချင်းတွေရော၊ Gong ရဲ့တမျိုးလုံးတဆွေလုံးရော ခဝအိနေကြတာပဲဗျာ ♡
CZYTASZ
Untitle 🍀