Falling Together

490 28 6
                                    

အန္တရာယ်များပေမဲ့ သိပ်စွဲမက်ဖို့ကောင်းတယ်.. ထိုလူသားကို ချစ်မိသွားတာဟာ ရှောင်လွှဲလို့မရတဲ့ ကပ်တစ်ပါးပဲဖြစ်မယ်။

Title : Falling Together | 同坠
Author : Bai Jiezi | 白芥子
Chapter : 76 (Complete Etran)
Warning : Pseudo Incest, Not blood related.

Cen Zhiyuan က Cen မိသားစုရဲ့ ဒုတိယသားဖြစ်တယ်။ သူ့မှာ
Cen Zhisen ဆိုတဲ့ အစ်ကိုကြီးရှိတယ်။ သူနဲ့ Cen Zhisen နဲ့က တခြားညီအစ်ကိုတွေလို အဆင်ပြေတဲ့ထဲမပါဘူး။ ပြောရရင် သူကပဲ အမြဲလိုလို သူ့အစ်ကိုကြီးကို ခြေရာလိုက်တိုင်း ပြိုင်ဆိုင်ပြီး ပြသနာပေးလာခဲ့တာ။

အဲဒီလိုနေလာရာကနေ သူ့ရဲ့အသက် ၂၇ နှစ်မှာ သူက Cen အိမ်တော်ရဲ့ သားအရင်းမဟုတ်ဘဲ ကလေးချင်းမှားသွားတယ်ဆိုတာ သိလိုက်ရတယ်။ ဒီလိုနဲ့ Cen အိမ်တော်ကထွက်လာပြီးနောက်မှာ သူ့အစ်ကိုဖြစ်ခဲ့တဲ့ Cen Zhisen က သူ့အပေါ်မှာ ခံစားချက်တွေ စတင်ပေါက်ဖွားလာတာကိုရော ထပ်ဆင့် သိလိုက်ရပြန်တယ်...။

ဆိုတော့ကာ ဒီဝတ္ထုက လွယ်လွယ်ပြောရရင် ဆောင်းဦးရွက်ကြွေလို အရိုးတုပေါ့နော်။ MC နဲ့ ML ကြား သွေးသားမတော်စပ်သလို အကြောင်းစုံသိပြီး ဆက်ဆံရေးကို ရှင်းပြီးနောက်မှ ဇာတ်လမ်းစတာ။ Taboo ဖြစ်တဲ့ Relationship မျိုးကိုရင်ခုန်တယ် အရိုးစစ်ကိုတော့ လက်မခံနိုင်ဘူးဆိုသူများ ဖတ်လို့ရပါတယ်။ အရိုးတုဆိုလည်း လက်မခံနိုင်ဘူးဆိုရင်တော့ ဒီနေရာမှာပဲ ရပ်လို့ရပါပြီ။

ᥫ᭡

MC ဖြစ်တဲ့ Cen Zhiyuan ရဲ့ကာရိုက်တာကိုဖော်ပြရရင် မာနကြီး ဘဝင်မြင့်ပြီး တစ်မူထူးခြားကာ အထိန်းအကွပ်မဲ့တယ်။ ပြီးရင် တအားလည်း ထက်သလို ဉာဏ်လည်းများတယ်။ သူတော်တာကို သူသိပြီး မော်ကြွားနေတတ်တဲ့သူမျိုး။

ဘယ်လောက်တောင်မာနကြီးသလဲဆို သူ့ကိုယ်သူ Cen အိမ်တော်က မဟုတ်မှန်းသိတော့ ချက်ချင်းပဲ ရာထူးကနုတ်ထွက် အိမ်ပေါ်ကဆင်းလာပြီး အိမ်ထောင်စုစာရင်းပြောင်းပစ်တာ။ သူ့နာမည်က ၂၇ နှစ်ကြာပြီးနောက် Ning Zhiyuan ဖြစ်သွားတော့တာပေါ့။

Ning Zhiyuan အကြောင်းပြောရရင် သူ့ငယ်ဘဝကို ချန်ထားလို့မရဘူး။ သူ့အမေ (အရင်းမဟုတ်တဲ့) Cen ကတော်က မွေးဖွားပြီးပြီးချင်း ဆုံးပါးသွားတာ။ အဖေကအလုပ်များလို့ ကလေးတွေကို ဂရုမစိုက်နိုင်ရှာဘူး။ ဆွေမျိုးတွေနဲ့အပ်ထားတော့ ဦးလေးအဒေါ်တွေက Zhiyuan လေးကို အမေကိုသေစေတဲ့ကလေး အစ်ကိုကို မိခင်မဲ့အောင်လုပ်တဲ့ကပ်ဆိုးလေးလို့ပြောပြီး စိတ်ဝမ်းကွဲအောင်လုပ်ကြတာ။ အဖိုးအဖွားတွေက အစ်ကိုကြီးကိုဖူးဖူးမှုတ်ကြီး သူ့ကိုလျစ်လျူရှူကြတာ။ မွေးနေ့က ‌အမေ့နှစ်ပတ်လည်နေ့ဆိုတော့ တစ်ခါမှမွေးနေ့မကျင်းပဖူးသလို မွေးနေ့ဆုတောင်းလည်း မရဖူးဘူး။ မေတ္တာမဲ့နေရှာတဲ့ ကလေးပေါ့နော်။

Untitle 🍀Where stories live. Discover now