Chapter 6

12K 1.2K 16
                                    

ငါတစ်ချက်မှ မလှုပ်ရှားပဲနဲ့ ငြိမ်ငြိမ်လေးပဲ နေခဲ့တယ်! စိတ်ထဲမှာတော့ သူ့ကိုလက်သီးတစ်ချက်လောက် ထိုးချင်နေမိတယ်။

ဒါပေမဲ့ အဲ့ဒီ့စိတ်ကူးက အတွေးသက်သက်သာ ဖြစ်ပြီးတော့ တစ်ကယ်တမ်းတော့ မလုပ်နိုင်ပေ။ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေ တွက်ချက်ပြီးတဲ့နောက်မှာတော့ ငါစတင်ပြီး အဝတ်အစားတွေကို ထုပ်ပိုးတော့သည်။ ငါ့အမေလိုပဲ ငါကလည်း ကြောက်တတ်တယ်။

ငါ့မှာတက္ကသိုလ် တက်ဖို့ရှိသေးသည်။ တက္ကသိုလ် ဝင်ခွင့်မရခင်အချိန်အထိတော့ ငါ့အနေနဲ့ ကုမိသားစုကနေ ထွက်ခွာလို့ မရနိုင်သေးချေ။

လူတွေက အရမ်းကို ဈေးပေါလွန်းတယ်! သူတို့လိုချင်တဲ့ အရာသာရှိလျှင် ဘာမဆိုပြုလုပ်နိုင်သည်။ သူတို့တွေက တခြားလူကို ဒူးထောက်ပြီး အရိုအသေပေးရမယ် ဆိုရင်တောင်မှ ဒူးထောက်ပေးနိုင်ကြတယ်။

သူတို့ရဲ့ ဂုဏ်သိက္ခာတွေကို ရောင်းစားပြီးတော့ပဲဖြစ်ဖြစ်၊ သူတို့ရဲ့ အသွေးအသားတွေကို ရောင်းစားတာပဲဖြစ်ဖြစ်..... သူတို့အတွက်တော့ အကုန်လုံးကို လိုက်လုပ်နိုင်ကြတယ်။

လူတိုင်းကတော့ အဲ့ဒီ့လိုလူမျိုးတွေ မဟုတ်ပေမယ့် ငါကတော့ အဲ့ဒီလိုလူမျိုးပဲ! ငါကအရမ်းကို ဈေးပေါတယ်!

ကုယန်ရဲ့နောက်ကနေ အဝတ်အစားထုပ်ကို သယ်ပြီးတော့ ကားပါကင်ကို လိုက်သွားခဲ့သည်။ အိတ်ထဲမှာ ပစ္စည်းတွေ အများကြီးမပါဘူး! ဖတ်စာအုပ်တွေနဲ့ တစ်နေ့တာ လိုအပ်တဲ့ အသုံးအဆောင်တွေပဲ ပါဝင်သည်။ အိတ်တစ်အိတ်ထဲနဲ့တင် အားလုံးကိုထည့်ဖို့ လုံလောက်သည်။

ကုယန်က ငါ့ရဲ့ဟောင်းနွမ်းနေတဲ့ အဝတ်အစားအိတ်ကို တစ်ချက်သာ ကြည့်ပြီးတော့ ဘာမှမပြောချေ။ သူကငါ့ကို သူ့ဘေးခုံမှာ ထိုင်ခိုင်းပြီးတော့ ထိုင်ခုံခါးပတ်ကို ပတ်ပေးဖို့အတွက် သူ့ရဲ့ခန္ဓာကိုယ်ကို ငါ့ဘက်ကိုင်းလာခဲ့သည်။

သူငါ့အနားကို ကပ်လာတော့ စိတ်လှုပ်ရှားနေမိသောကြောင့် ခန္ဓာကိုယ်ကို ခုံနဲ့ကပ်အောင် နောက်ဆုတ်နေမိပြီးတော့ အသက်အောင့်ထားမိတော့သည်။

ငါ့အစ်ကိုက ငါ့ရည်းစားအဖြစ်ကနေ ငါ့ယောက်ျားအဖြစ်ကိုရောက်သွားခဲ့တယ်။Where stories live. Discover now