Chapter 12

10.3K 1K 1
                                    

ငါ့ရဲ့လုပ်ဆောင်ချက်တွေက ငါကိုယ်တိုင် တားထားတဲ့စည်းကို ကျော်နေပြီဆိုတာ သိလိုက်ရတာကြောင့် ကြောက်လန့်စွာနဲ့ ဖုန်းချဖို့ပြင်လိုက်သည်။ ဒါပေမဲ့လည်း ခေါ်ဆိုမှုက ချိတ်ဆက်လိုက်ပြီ ဖြစ်ပြီးတော့ တစ်ဖက်မှ ကုယန်ရဲ့ အက်ရှရှအသံက ဖုန်းထဲကနေ ထွက်ပေါ်လာခဲ့သည်။

"သွမ့်ဟော... ဘာဖြစ်လို့လဲ?"

သူကအတန်းထဲမှာ ရှိနေသည့်ပုံ ပေါ်ပြီးတော့ သူ့ရဲ့အနောက်ကနေ စာရှင်းပြနေသည့်အသံများ၊ လျှပ်စစ်ပစ္စည်းတွေ အလုပ်လုပ်နေသည့် အသံများကို ဝိုးတဝါးကြားလိုက်ရသည်။

"ငါတောင်းပန်ပါတယ်! ငါက အဆင်ပြေတာမို့လို့ ဖုန်းချလိုက်တော့မယ်! မင်းအတန်းထဲကိုပဲ သွားသင့်တယ်!"

ငါ့ရဲ့ပုံမှန်မဟုတ်တဲ့ အပြုအမူအတွက် တောင်းပန်လိုက်ပြီးတော့ ငါသူ့ကိုသွားပြီး စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်မိလိုက်သည်ဟု ခံစားလိုက်ရသည်။

ကုယန်က ဒေါသမထွက်ပဲနဲ့ ငါ့ကိုမေးလာခဲ့သည်။ "ဘာဖြစ်လို့လဲ?"

သူ့ရဲ့အသံက တည်ငြိမ်နေပြီးတော့ ငါနဲ့ပြောစရာတစ်ခုခု ရှိနေပြီးတော့ ငါကြုံတွေနေရတဲ့ ပြဿနာက ဘာပဲဖြစ်ဖြစ် ငါတစ်ယောက်ထဲ ခေါင်းရှုပ်ခံ မစဉ်းစားရတော့အောင် သူကကူညီပေးဖို့ အဆင်သင့်ဖြစ်နေသော ပုံစံမျိုးဖြစ်နေသည်။

သေချာတာပေါ့... သူကဘယ်အဏာကိုပဲ လိုချင်လိုချင် ရအောင်လုပ်နိုင်တယ် ဆိုတာကို သူသိပေမယ့် သူ့ရဲ့အဆင်သင့်ဖြစ်နေမှုက ငါ့ရဲ့နှလုံးသားကို ခံစားသွားစေခဲ့သည်။

"ငါအဆင်ပြေပါတယ်... စာမေးပွဲမှာ အကောင်းဆုံး လုပ်နိုင်ခဲ့တယ် ဆိုတာကို ပြောပြချင်လို့ပါ!"

ကုယန်ရဲ့ တိုးတိုးလေး ရယ်လိုက်တဲ့အသံကို ငါကြားလိုက်ရသည်။ သူကအတန်းနဲ့ ဝေးရာကို လမ်းလျှောက်နေသည့်ပုံ ပေါ်နေပြီးတော့ သူ့ရဲ့အနောက်က ကြားရတဲ့အသံတွေမှာ တဖြေးဖြေးနဲ့ တိတ်ဆိတ်သွားတော့သည်။

ငါ့ရဲ့နှလုံးသားမှာ အနည်းငယ် အခုန်မြန်နေပြီးတော့ သူ့ကိုတိုက်တွန်းလိုက်တော့သည်။ "အတန်းထဲကို ပြန်သွားလိုက်တော့....!"

ငါ့အစ်ကိုက ငါ့ရည်းစားအဖြစ်ကနေ ငါ့ယောက်ျားအဖြစ်ကိုရောက်သွားခဲ့တယ်။Where stories live. Discover now