Chapter 18

9.1K 967 15
                                    


အဲ့ဒီ့နေ့မှာ.... ငါတို့သုံးယောက်လုံးရဲ့ အချိန်တွေကို မီးထွန်းပွဲတော်မှာ အတူတူကုန်ဆုံးခဲ့ကြတယ်။

မီးထွန်းပွဲတော်မှာ တော်တော်လေးကို စည်ကားခဲ့တယ်။ အရက်ကို သိပ်မသောက်တတ်တဲ့ ချန်လင်းက ဘီယာတစ်ဘူးလောက် သောက်ခဲ့ပြီး သူ့ပါးတွေ ဖောင်းကားလာတဲ့ အချိန်မတိုင်ခင်အထိ hot potကို စားခဲ့တယ်။

'Sichuan'ကနေ လာတဲ့လူတွေက အသားဖြူတယ်လို့ ပြောတတ်ကြတယ်။ ချန်လင်းရဲ့ လက်ချောင်းလေးတွေကလည်း အမှန်တစ်ကယ်ကို ကျောက်စိမ်းဖြူလေးလို ဖြစ်နေခဲ့တယ်။ {T.N : ကျောက်စိမ်းဖြူဆိုတာကလေ ဘုရားဆင်းတုမှာ သုံးကြတဲ့ကျောက်မျိုးကို ပြောတာပါ။ အထူးသဖြင့် တရုတ်ဘုရားဆင်းတုတွေမှာ ဆိုရင်ပေါ့!}

မူးစေလောက်သည့် အနေအထားအထိ သောက်ထားသည့် ကုမင်ကျန်းက အဲ့ဒီလှပတဲ့ လက်ချောင်းလေးတွေကို ကိုင်ထားရင်း ပြောလိုက်သည်။ "ဂရုစိုက်! အပူမလောင်စေနဲ့!"

သူ့ရဲ့စံချိန်ထက် အရက်ပိုသောက်ထားခဲ့တဲ့ ချန်လင်းက အပြုံးတစ်ခုနဲ့ ပြန်ပြောလိုက်သည်။ "ငါအဆင်ပြေပါတယ်!"

ကုမင်ကျန်းမှာ ကူကယ်ရာမဲ့နေတဲ့ အမူအရာမျိုးရှိနေခဲ့ပြီး ဟင်းခွက်တစ်ခုကိုယူကာ ချန်လင်းကို ကမ်းပေးလိုက်ပြီး ငါ့ကိုပြောလာခဲ့တယ်။ "သွမ့်ဟော! သူ့ကို ကြည့်ပါဦး! သူဒီလိုမျိုး ဆက်သောက်နေမယ်ဆိုရင် သူ့လက်ချောင်းလေးတွေ အပူလောင်သွားလိမ့်မယ်!"

ငါက သူပြောလာတာတွေကို ခေါင်းညိတ်လိုက်ပေမယ့် ကုမင်ကျန်းက အနည်းငယ် စိုးရိမ်လွန်းနေတယ်လို့ ခံစားလိုက်ရတယ်။ ချန်လင်းကို ကြည့်ရတာက တစ်ကယ့်ကို အဆင်ပြေနေတုန်းပါပဲ။ အနည်းငယ် ရီဝေနေပေမယ့်လည်း တစ်ကယ်မူးနေတာ မဟုတ်သေးဘူးလေ!

ချန်လင်းက ဘာမှမပြောတော့ပဲ အသီးအရွက်ပန်းကန်ထဲက အသီးအရွက်တွေကိုသာ ကောက်စားနေခဲ့တယ်။

အဆောင်ခန်းထဲက တစ်ခုတည်းသော အိုးကတော့ လောလောဆယ်မှာ သုံးစွဲနေပြီဖြစ်သည်။ အဲ့ဒီ့တော့ ငါက ဖက်ထုပ်ခဲတွေကို ရေနွေးအိုးထဲမှာပဲ ပြုတ်လိုက်ဖို့ ဆုံးဖြတ်လိုက်တော့သည်။

ငါ့အစ်ကိုက ငါ့ရည်းစားအဖြစ်ကနေ ငါ့ယောက်ျားအဖြစ်ကိုရောက်သွားခဲ့တယ်။Where stories live. Discover now