Chapter 16

9K 1K 0
                                    


အဆောင်ခန်းကို ပြောင်းရွေ့တဲ့နေမှာတော့ ငါ့ရဲ့အခန်းဖော် သုံးယောက်ထဲက နှစ်ယောက်နဲ့ တွေ့ဆုံခဲ့ရသည်။

ကုမင်ကျန်းက 'Shanxi'စီရင်စုက စာပေမေဂျာမှာ အမှတ်အများဆုံးရရှိခဲ့တဲ့လူ ဖြစ်သည်။ သွမ့်ဟောမှာ သူ့ကို သတင်းစာတွေထဲမှာ မြင်ဖူးထားသည်။ သူ့ရဲ့ပုံစံက မြောက်ပိုင်းသားတွေရဲ့ ပုံစံပေါက်တယ်။ အရပ်ရှည်ပြီးတော့ ထူထဲတဲ့မျက်ခုံးတွေနဲ့ မျက်လုံးဝိုင်းကြီးတွေလည်း ရှိနေသည်။ သူ့ကို အနည်းငယ် ကြည့်လိုက်တာနဲ့ သူ့စရိုက်က ဂိုဏ်စတားတွေထဲက တစ်ယောက်နဲ့တူတယ်လို့ ထင်မိကြမှာပင် ဖြစ်သည်။ ဒါပေမယ့် သူ့ရဲ့စကားပြောတဲ့ပုံစံကလည်း အံ့သြစရာကောင်းစွာနဲ့ပဲ ရင့်ကျက်နေပြီး သူ့ကိုကြည့်လိုက်ရုံနဲ့တင် သူက အသက်ပိုကြီးတယ်လို့ လူတွေကို ထင်ယောင်ထင်မှားဖြစ်စေနိုင်တယ်။

ကောင်းကျွန်းဝေ့ကတော့ အားကစားမေဂျာရဲ့ ကျောင်းသားတစ်ယောက် ဖြစ်တယ်။ သူက သူတို့တွေလို မြို့ပေါ်ကနေလာတာ မဟုတ်ပေမယ့်လည်း ပြည်တွင်းထဲကပဲ ဖြစ်သည်။ သူကလည်း အရပ်ရှည်သည်။ ဘက်စကတ်ဘောလည်း ကစားတာကြောင့် သူတို့နှစ်က မိန်းကလေးတွေရဲ့ အမြင်မှာတော့ အရမ်းကိုကြည့်ကောင်းတယ်လို့ တွေးကြလေသည်။

ကျောင်းစာသင်နှစ်, နှစ်အစရဲ့ သုံးရက်မြောက်နေ့ မတိုင်ခင်အထိ ပိုင်ရှင်မရှိသေးပဲ ဖုန်တွေတက်နေတဲ့ အိပ်ရာလွတ်ကလည်း ရှိနေခဲ့တယ်။ တတိယနေ့ရဲ့ ညဘက်မီးတွေ မပိတ်ခင်မှာပဲ ပိန်ပါးပြီး အရပ်ပုတဲ့ ကောင်လေးတစ်ယောက်က ဝါးနဲ့ရက်လုပ်ထားတဲ့ အိတ်တစ်လုံးကို သယ်ဆောင်ရင်း ရောက်လာခဲ့သည်။

ကောင်လေးက သူ့ကိုယ်သူ ချန်လင်းလို့ မိတ်ဆက်ခဲ့သည်။ အိမ်မှာအဆင်မပြေတဲ့ ကိစ္စလေးတွေ ရှိခဲ့တာကြောင့် နောက်ကျသွားတယ်လို့လည်း ပြောလာခဲ့သည်။

ငါတို့တွေက သူရဲ့ပစ္စည်းတွေ နေရာတကျဖြစ်စေဖို့အတွက် ဝိုင်းကူညီပေးခဲ့ကြသည်။ လုပ်နေတဲ့အချိန်မှာလည်း သူက စကားကို တိုးတိုးလေးသာ ပြောခဲ့သည်။ တစ်ချက်ကြည့်လိုက်ရုံနဲ့တင် သူက ရိုးရှင်းပြီး ရှက်တတ်တဲ့လူတစ်ယောက် ဆိုတာကို သိနိုင်လေသည်။

ငါ့အစ်ကိုက ငါ့ရည်းစားအဖြစ်ကနေ ငါ့ယောက်ျားအဖြစ်ကိုရောက်သွားခဲ့တယ်။Where stories live. Discover now