Chapter 19

8.9K 990 5
                                    

ကျောင်းဖွင့်ပြီး တစ်လအကြာမှာတော့ ကောင်းကျန်းဝေ့က ကွဲကွာခြင်းရဲ့ အထီးကျန်မှုကို မခံစားနိုင်တော့ပဲ သူ့ကောင်မလေးကို တွေ့နိုင်ဖို့အတွက် ဟိုတယ်မှာ ချိန်းလိုက်ကြတယ်။

ငါ့ဆီမှာတော့ စိတ်ကြိုက်ဘာသာတစ်ခုကို ရွေးပြီး စာစီစာကုံးတစ်ပုဒ် ရေးရမည့် အလုပ်ကရှိနေခဲ့တယ်။ အဲ့တာကြောင့်ပဲ ငါတစ်နေ့လုံး စာကြည့်တိုက်ထဲမှာပဲ သွားနေခဲ့ပြီးတော့ မှောင်သွားတဲ့အချိန်ရောက်မှပဲ အဆောင်ခန်းကို ပြန်သွားနိုင်လောက်မည်။

ကံကောင်းစွာနဲ့ပဲ ငါ့ရဲ့စာတမ်းက ကောင်းကောင်းမွန်မွန်နဲ့ ပြီးစီးသွားခဲ့တယ်။ အခုလောလောဆယ်တော့ ပထမစာမူကြမ်းကို ရေးပြီးသွားပြီမို့လို့ မြန်ဆန်စွာနဲ့ ကွန်ပျူတာကို ပိတ်လိုက်တော့တယ်။

ငါ..... စာကြည့်တိုက်က ထွက်လာတဲ့အချိန်မှာ ညနေခင်း ၇:၂၀လောက်တောင် ဖြစ်နေပြီဖြစ်သည်။

ကောင်းကင်ကနေ နှင်းတွေက အနည်းငယ် ကျဆင်းနေတယ်။ လမ်းမီးတိုင်တွေရဲ့ အလင်းရောင်ကြောင့် နှင်းမှုန်လေးတွေက ရွှေရောင်အဖြစ် ပြောင်းနေကာ ကြည့်လိုက်တာနဲ့ အိမ်မက်ဆန်ပြီးတော့ ရိုမန့်တစ်ဆန်တဲ့ ပတ်ဝန်းကျင်မျိုး ဖြစ်နေလေသည်။

လမ်းပေါ်မှာ လမ်းလျှောက်နေသူမှာ ငါတစ်ယောက်သာ ရှိသည်။ ငါက မာဖလာ ယူလာဖို့ကို မေ့ခဲ့တာကြောင့် လေအေးတွေက ငါ့လည်ပင်းနဲ့ မျက်နှာဆီကို တိုက်ရိုက် အလုအယက်နဲ့ တိုက်ခိုက်နေခဲ့တယ်။ အခုလောလောဆယ်မှာ ငါ့အနေနဲ့ အဆောင်ခန်းထဲကို မြန်မြန်ပြန်ရောက်ချင်နေတဲ့ စိတ်သာရှိနေခဲ့တယ်။ ပြန်ရောက်တာနဲ့ ရေနွေးကြမ်းပူပူလေး တစ်ခွက်ကိုသောက်လိုက်ပြီးတော့ ရေနွေးနဲ့ အချိန်ယူကာ ရေစိမ်ချိုးလိုက်မည်မှာ သေချာသည်။

အဆောင်ခန်းတံခါးကို ဂရုမစိုက်စွာနဲ့ တွန်းဖွင့်လိုက်တဲ့အခါမှာတော့ အထဲကနေ စောင့်ကြိုနေတဲ့ မြင်ကွင်းက ငါ့ကိုရုတ်တရက် အေးခဲသွားစေခဲ့တယ်။

အခန်းထဲမှာတော့ ချန်လင်းက ကြမ်းပြင်ပေါ်မှာ ဒူးထောက်နေတာကို မြင်လိုက်ရပြီး ကုမင်ကျန်းရဲ့ ညီလေးကို အချစ်မှာပျော်ဝင်နေတဲ့ အရူးတစ်ယောက်လို မျက်နှာအမူအရာမျိုးနဲ့ သူ့ပါးစပ်ကို အသုံးပြုကာ ပြုစုပေးနေလေသည်။

ငါ့အစ်ကိုက ငါ့ရည်းစားအဖြစ်ကနေ ငါ့ယောက်ျားအဖြစ်ကိုရောက်သွားခဲ့တယ်။Where stories live. Discover now