Chapter 13

9.8K 1K 3
                                    

ကုယန်က ငါ့ကို မေးလာခဲ့သည်။ "မင်းကရော?"

ငါက ငါ့မျက်လုံးတွေကို အောက်ငိုက်စိုက်လိုက်ပြီးတော့ လက်တွေကို ကစားနေကာ စကားပြန်ပြောနိုင်စွမ်း မရှိခဲ့ပေ။

ကုယန်က ငါ့ရဲ့ဆံပင်ပေါ်ကို ပုတ်လိုက်ပြီးတော့ ပြောလာခဲ့သည် : "အိပ်တော့! ကိုယ်မင်းကို မင်းရဲ့မွေးနေ့မှာ ဘာမှမလုပ်ချင်ဘူး!"

သူက အဲ့ဒီ့စကားကို ပြောပြီးသွားတာနဲ့ တစ်ဖက်ကို လှည့်လိုက်ပြီးတော့ အခန်းထဲကနေ ထွက်သွားခဲ့တယ်!

"ကျေး... ကျေးဇူးတင်ပါတယ်! ကိတ်မုန့်က အရမ်း အရသာရှိတယ်!" အဲ့ဒီ့လို ပြောနေတဲ့အချိန်မှာ ငါကအနည်းငယ်တုန်လှုပ်နေပြီးတော့ ငါ့ရဲ့နှလုံးခုန်နှုန်းကလည်း မြန်နေခဲ့တယ်!

ကုယန်က ပြန်လှည့်ကြည့်လာပြီးတော့ ရယ်လိုက်ကာ ပြောလာခဲ့သည်။ "သွမ့်ဟောထက်တော့ ဘယ်အရာကမှ ပိုပြီးအရသာ မရှိလောက်ဘူး!"

အဲ့ဒီ့လိင်ပိုင်းဆိုင်ရာကို အသားပေးပြောလိုက်တဲ့ စကားက ငါ့ကိုရှက်ရွံ့သွားစေပေမယ့် အဲ့ဒီ့အချိန်မှာပဲ အခန်းတံခါးက ပိတ်သွားခဲ့ပြီဖြစ်သည်။ ကုယန်က တံခါးရဲ့ အပြင်ဘက်နေပဲ 'ကောင်းသောညပါ'ဆိုပြီး ပြောခဲ့တယ်!

ငါဝန်မခံချင်ပေမယ့်လည်း တံခါးပိတ်သွားတဲ့ အချိန်မှာ အနည်းငယ် အထီးကျန်လာသလို ခံစားခဲ့ရသည်။ ငါ့နားမှာ အဖော်ပြုပေးပြီးတော့ အတူတူအိပ်ပေးမယ့် လူတစ်ယောက်လောက် ရှိစေချင်ခဲ့တာ ဖြစ်သည်။ အဲ့ဒါက ကုယန်ဖြစ်နေခဲ့တယ် ဆိုရင်တောင်မှ ကိစ္စမရှိပေ။

ညတာက နေ့တာထက်ကို ရှည်လျားနေခဲ့လေသည်။ ငါကမျက်လုံးတွေကို ဖွင့်ထားပြီးတော့ ဘာမှမစဉ်းစားပဲနဲ့ ဒီအတိုင်းလေးပဲ အိပ်ရာထဲမှာ လဲလျောင်းနေခဲ့သည်။

တံခါးလက်ကိုင်ဘုမှာ လှုပ်ရှားလာပြီးတော့ အခန်းတံခါးကလည်း ပွင့်လာခဲ့သည်။ အသံကြားလိုက်တာနဲ့ ငါအမြန် မျက်လုံးကို ပိတ်လိုက်ပြီးတော့ အိပ်ချင်ယောင်ဆောင်နေလိုက်သည်။

ကုယန်က ငါ့ရဲ့အနားကို ရောက်လာပြီးတော့ ငါ့ရဲ့အိပ်ရာပေါ်မှာ တိတ်တိတ်လေး ထိုင်ချလိုက်သည်။ သူကငါ့ကို စိုက်ကြည့်နေတာကို ငါသိပြီးတော့ သူ့ရဲ့ပူပြင်းတဲ့ အကြည့်တွေကိုလည်း ခံစားမိနေသည်။

ငါ့အစ်ကိုက ငါ့ရည်းစားအဖြစ်ကနေ ငါ့ယောက်ျားအဖြစ်ကိုရောက်သွားခဲ့တယ်။Where stories live. Discover now