ဆောင်းရာသီ အားလပ်ရက်ကို ရောက်လာခဲ့ပြီး ကုယန်ကလည်း တက္ကသိုလ်ကနေ အိမ်ကိုပြန်လာခဲ့သည်။ ဘေဂျင်းရဲ့ ဆောင်းရာသီမှာ အရမ်းအေးပြီးတော့ ငါမှတ်မိသလောက်ဆိုရင် ကုယန်ပြန်လာတဲ့နေ့က နှင်းတွေလည်း အများကြီးကျခဲ့သည်။ညနေပိုင်းမှာ ငါတို့လေးယောက်က တစ်ကယ့်မိသားစုတွေလို ထမင်းလက်ဆုံ စားခဲ့ကြတယ်။ ငါ့အမေကို ကြည့်ရတာ အဆင့်အတန်းမြင့်တဲ့လူတွေရဲ့ စားသောက်ပုံတွေကို သေချာလေ့လာထားပုံရသည်။ သူကသနပ်ခါးရောင်ရှိတဲ့ သိုမွေးဂါဝန်တစ်ထည်ကို ဝတ်ဆင်ထားပြီးတော့ ထိုအင်္ကျီကြောင့် သူမရဲ့လှပတဲ့ကိုယ်လုံးမှာ ပိုပေါ်ကာ လှပနေတော့သည်။
ပြောရမယ်ဆိုရင် ငါ့အမေက ရုပ်ဆိုးတဲ့သူတစ်ယောက် မဟုတ်ဘူး! အရင်တုန်းက ငါတို့က ဆင်းရဲတော့ ဘဝရဲ့ခါးသီးမှုတွေကြောင့် ပါးတွေကလည်း ချိုင့်နေကာ လှပမှုကလည်း မှေးမှိန်နေခဲ့သည်။
အခုတော့ သူမကမိတ်ကပ်တွေကိုလည်း လိမ်းနိုင်နေပြီး လှပတဲ့ အဝတ်အစားတွေလည်း ဝတ်လာနိုင်ပြီဖြစ်သည်။ ပိုက်ဆံနဲ့ ယုံကြည်ချက်ရှိမှုတွေကို ပေါင်းစပ်လိုက်တဲ့အခါမှာတော့ ရလဒ်က လုံးဝကို ကွဲပြားသွားတော့သည်။ အခုချိန်မှာတော့ သူမက နဂိုသဘာဝအလှထက်တောင် ပိုပြီးလှပနေတော့သည်။
ငါ့အမေရဲ့ အသစ်ပြုပြင်ထားတဲ့ လက်သည်းကို ကြည့်နေတုန်း ရုတ်တရက် ငါ့ရဲ့ထမင်းပန်ကန်ထဲကို ဘဲကင်တစ်တုံး လာထည့်ပေးသည်ကို တွေ့လိုက်ရသည်။
မော့ကြည့်လိုက်တဲ့အခါမှာ ငါ့ပန်းကန်ထဲကို ဟင်းလာထည့်ပေးသူမှာ ကုယန်ဖြစ်နေသည်။
"ကျေးဇူးပါ....."
ငါအနည်းငယ် လွှမ်းမိုးခံရသလို ခံစားနေရပြီးတော့ သူဘာလို့ ရုတ်တရက် ငါ့အပေါ် ကောင်းပေးနေတာလဲ ဆိုတာကို စဉ်းစားလို့မရဖြစ်နေသည်။
ကုယန်က ငါ့အမေကို ကြည့်တတ်သော မျက်လုံးအကြည့်မျိုးနဲ့ပဲ ငါ့ကိုကြည့်လာခဲ့သည်။
အထက်စီးဆန်းပြီးတော့ အထင်သေးသလို ကြည့်နေတဲ့ အကြည့်မျိုး.....
ငါ့အမေကတော့ သူ့ရဲ့အကြည့်တွေကို လျစ်လျူရှုထားတဲ့ ပုံစံပေါ်ပြီး ငါ့ရဲ့ပထွေးကို ချိုသာသောအသံနဲ့ ပြောလိုက်သည်။ "သူကအရမ်းကို လိမ္မာယဉ်ကျေးတာပဲ! ကြည့်ပါဦး..... ကုယန်က တခြားလူတွေကို ဂရုစိုက်ပေးတယ်လေ!"
![](https://img.wattpad.com/cover/296845460-288-k104542.jpg)
YOU ARE READING
ငါ့အစ်ကိုက ငါ့ရည်းစားအဖြစ်ကနေ ငါ့ယောက်ျားအဖြစ်ကိုရောက်သွားခဲ့တယ်။