Chapter 27

8.7K 845 3
                                    

အဲ့ဒီ့ညနေခင်းမှာ ကုယန်က ငါ့ကို ညစာစားဖို့ ခေါ်သွားခဲ့တယ်! ချန်လင်းနဲ့ ကုမင်ကျန်းကလည်း အတူတူလိုက်ပါခဲ့ပြီးတော့ ကောင်းကျွန်းဝေ့ကိုပါ တစ်ပါထဲ ခေါ်ဆောင်ခဲ့လိုက်သည်။

ငါတို့တွေအားလုံး အတူတူ စားသောက်ဆိုင်ဆီ ထွက်လာပြီးတဲ့နောက်မှာ ကောင်းကျွန်းဝေ့က နောက်ဆုံးတော့ သူ့အနေနဲ့ အဆောင်ခန်းကို လက်ဝါးကြီးအုပ်လို့ ရခဲ့ပြီလို့ ပြောလာလေသည်။ သူတို့တွေထွက်သွားပြီး တစ်ပတ်တောင် မပြည့်သေးတဲ့နေ့မှာပဲ ကျောင်းကနေ သူ့အတွက်..... အဆောင်ခန်းကို ဝေမျှသုံးဖို့အတွက် ကျောင်းသားသစ်တွေ စီစဉ်ပေးခဲ့တယ်။

ကျောင်းသားသစ်တွေထဲက တစ်ယောက်မှာ နာမည်ဆိုးရဲ့ကျော်ကြာသော ကျောင်းလူဆိုးတစ်ယောက်ဖြစ်ကာ တက္ကသိုလ် မတက်ခင်ကထဲက ရန်ပွဲတွေ အများကြီးထဲမှာ ပါဝင်ဖူးခဲ့တယ်။ သူက ကောင်းကျွန်းဝေ့လို စားသောက်ဖို့နဲ့ ဆော့ဖို့ပဲသိတဲ့ လူမျိုးနဲ့ သဟဇာတမဖြစ်ပေ။

ငါ.... သူ့ကို ဆရာမရဲ့ နားနေခန်းမှာ တစ်ခါတွေ့ဖူးတယ်။ ရွှေရောင်အနားသတ်ထားတဲ့ မျက်မှန်ကို ဝတ်ထားပြီးတော့ သူ့ရဲ့ပုံစံက အနည်းငယ် အထီးကျန်နေသလိုပင်။ သူ့ရဲ့ပုံစံက ကုယန်နဲ့ အနည်းငယ် ဆင်တူတယ်။

ဒါပေမယ့်လည်း ကောင်းကျွန်းဝေ့က ကုယန်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ်။ သူတို့နှစ်ယောက်လုံးက..... ပြီးခဲ့တဲ့နှစ်ဝက်တုန်းက ကျောင်းမှာကျင်းပခဲ့တဲ့ ဘတ်စကတ်ဘောပြိုင်ပွဲမှာ မြို့နယ်ကိုယ်စား ဝင်ပြိုင်ခဲ့ကြတယ်။ အဖွဲ့ဝင်တွေက ဆိုးဆိုးရွားရွား ကစားခဲ့ကြပေမယ့် နောက်ဆုံးမှာတော့ ကုယန်က နှစ်မှတ်တန်ဘောလုံးကို သွင်းလိုက်ပြီး ပွဲအခြေအနေကို ပြောင်းပြန်လှန်လိုက်တယ်။

အဲ့ဒီ့နောက်မှာတော့ ကောင်းကျွန်းဝေ့က.... အဲ့ဒီ့အချိန်တုန်းက ပြိုင်ပွဲပြီးဖို့ နှစ်မိနစ်သာ လိုတော့တာဖြစ်သည်ဟု ပြောလာခဲ့တယ်။ တစ်ကယ်တမ်းမှာ အားလုံးက မျှော်လင့်ချက်မဲ့နေကြပြီဖြစ်သည်။ အရှုံးပေးဖို့ စိတ်ဆန္ဒမရှိတဲ့လူကို သူ့အနေနဲ့ တွေ့ဖူးတာက ဒီအကြိမ်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။

ငါ့အစ်ကိုက ငါ့ရည်းစားအဖြစ်ကနေ ငါ့ယောက်ျားအဖြစ်ကိုရောက်သွားခဲ့တယ်။Where stories live. Discover now