Chapter 7 (M)

13.7K 1.1K 1
                                    


ငါကသူ့ကို စိတ်ရှုပ်ထွေးနေတဲ့ အမူအရာနဲ့ကြည့်ကာ မေးလိုက်သည်။ "မင်းကငါ့ကို မုန်းနေတာ မဟုတ်ဘူးလား?"

ကုယန်မှာ ပိုပြီးတော့တောင် မျက်မှောင်ကြုတ်သွားတော့သည်။

သူ့ကဘာမှ ပြန်မဖြေပဲနဲ့ သဘတ်တစ်ခု ထပ်ယူဖို့ တစ်ဖက်ကို လှည့်သွားပြီးတော့ သူ့ရဲ့အဝတ်ဗီရိုထဲက ညဝတ်အင်္ကျီတစ်စုံကို ထုတ်လိုက်သည်။ပြီးတော့ သူကငါ့ရဲ့ ခန္ဓာကိုယ်နဲ့ ဆံပင်တွေကို ခြောက်သွားအောင် သုတ်ပေးတော့သည်။ ခြောက်သွားတာနဲ့ သူကငါ့ကို ညဝတ်အင်္ကျီကို သူကိုယ်တိုင် ဝတ်ပေးပြီးတော့ ကြယ်သီးတွေပါ အပေါ်ကနေ အောက်အဆုံး တပ်ပေးသည်။

ကုယန်က အရပ်ရှည်ပြီးတော့ ခန္ဓာကိုယ်အရွယ်အစားကလည်း ငါ့ထက်ပိုကြီးမားသေးသည်။ သူ့ရဲ့အဝတ်အစားတွေကလည်း ငါ့အတွက် သိသိသာသာကို ကြီးမားနေပြီးတော့ အင်္ကျီလက်ကလည်း ငါ့ကိုလက်ဖဝါးကိုတောင် ဖုံးသွားလေသည်။

သူ့ကငါ့ကို ကလေးတစ်ယောက်လို သူကိုယ်တိုင် အင်္ကျီလက်တွေကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ခေါက်ပေးလေသည်။

"ကိုယ်မနက်ဖြန်ကျရင် ညအိပ်ဝတ်စုံတစ်ထည် အသစ်ဝယ်ပေးမယ်!" ကုယန်က အင်္ကျီရဲ့ ကော်လံကို ညှိပေးနေရင်းနဲ့ သတိပေးစကား ဆိုလာခဲ့သည်။ "အင်္ကျီကို မင်းသဘောနဲ့မင်း မချွတ်ပစ်နဲ့! ကိုယ်ကိုယ်တိုင် ချွတ်ပေးမှ ချွတ်ရမယ်!"

ကုယန်ရဲ့စကားကြောင့် ငါနည်းနည်း စိတ်ရှုပ်သွားပြီးတော့ ပဟေဠိတွေ ပြည့်နှက်နေသော မျက်နှာအမူအရာကို ကုယန်ကို ပြန်ကြည့်လိုက်သည်။

ကုယန်က ငါ့ရဲ့မျက်နှာအမူအရာကို ပြန်ပြီးတော့ ပြေလည်သွားအောင် ဖြေရှင်းချက် မပေးပဲနဲ့ ငါဘာစားချင်လဲ ဆိုတာကိုသာ မေးလာသည်။

အဲ့ဒီ့တော့မှ ငါတို့တွေ ညစာမစားရသေးဘူး ဆိုတာကို ငါသတိရသွားတော့သည်။ ငါကခေါင်းကို ငုံ့လိုက်ပြီးတော့ 'ကန်စွန်းဥ'လို့ တိုးတိုးလေး ပြောလိုက်သည်။

ကုယန်က ပြုံးလိုက်ပြီး ငါ့ရဲ့နည်းနည်းစိုနေသေးသော ခေါင်းကိုဖွဖွလေး ပုတ်လိုက်သည်။

ငါ့အစ်ကိုက ငါ့ရည်းစားအဖြစ်ကနေ ငါ့ယောက်ျားအဖြစ်ကိုရောက်သွားခဲ့တယ်။Where stories live. Discover now