" ပန်... ငါလက်ထပ်တော့မယ်"
သူမကိုစေ့စေ့ကြည့်ကာတည်တည်ငြိမ်ငြိမ်ပြောလာတဲ့ သက္ကရာဇ်ကို မျက်လုံးတွေဝေ့ဝဲကြည့်လိုက်သည်။
ကော်ဖီကိုဇွန်းနဲ့မွှေနေရာမှရုတ်တရက် ရပ်တန့်သွားတဲ့လက်ချောင်းတွေကိုတော့ သက္ကရာဇ်ကသတိထားမိပုံပေါက်သည်။
" အော်... ကောင်းတာပေါ့"
ခပ်အေးအေးဖြေလိုက်တဲ့ ပန့်ကို သက္ကရာဇ်ကမကြည့်ပဲ ပန်မွှေနေတဲ့ကော်ဖီခွက်ထဲကိုလှမ်းကြည့်နေခဲ့သည်။
" ကော်ဖီအခါးတွေလျော့သောက်ပါတော့ပန်"
သက္ကရာဇ်ပြောတော့ ပန်ဟာတိုးဖွဖွရယ်ချင်နေမိသည်
သက္ကရာဇ်ကပန့်ကိုလှောင်နေတာလားမကြာခင်ခွဲခွာရတော့မဲ့လူနှစ်ယောက်အဖို့
ပန်သိပ်ကြိုက်တဲ့အရာတွေကိုအရင်လိုတားရင်းနှုတ်ဆက်စကားဆိုတာလား" အေး သူကနင်ဆိုးတာတွေကိုခံနိုင်ပါစေလို့
ငါမျှော်လင့်ပါတယ်"serious ဖြစ်ကာ မပေါ့မပါးဖြစ်နေတဲ့ စကားဝိုင်းကို ပေါ့ပေါ့ပါးပါးဖြစ်စေဖို့ ပန်ဟာရယ်သံစွတ်ပြောပေမဲ့ သက္ကရာဇ်ဟာမရယ်ပါ
ရယ်စေချင်လို့ပြောတဲ့စကားကိုမရယ်တာလည်းနည်းနည်းတော့ခံရခက်စေသည်။
ပန်လေ သက္ကရာဇ်ရယ်နေရင်သိပ်သဘောကျတယ်အစွယ်နှစ်ဖက်နဲ့ ဘီလူးနဲ့တူတယ်လို့ ပြောနေပေမဲ့ သက္ကရာဇ်ရယ်နေရင် ပန်ဟာငေးကြည့်နေတုန်းပဲ
" သူကနင့်လိုမဟုတ်ဘူးပန်ရဲ့
ငါပြောရင်တစ်ခွန်းနဲ့ပြီးတယ်"သက္ကရာဇ်စကားက သူမရဲ့အရှိုက်တည့်တည့်ကို လက်သီးပေါင်းထောင်ပေါင်းများထိုးသွင်းလိုက်သလိုနာကျင်ရသည်။
" လက်မထပ်ခင်ခေါ်လာခဲ့လေ
ငါတို့ကျွန်းလေးဘယ်လောက်လှလဲကြွားရအောင် "" အေးခေါ်လာမယ် သူက
ပင်လယ်စာတော့သိပ်မကြိုက်ဘူး
သိပ်ဂျီးများတာ"သက္ကရာဇ်ဟာသူ့အမျိုးသမီးလေးအကြောင်းပြောရင်းဒီတစ်ခါတော့ပြုံးသည်။
YOU ARE READING
တံခါးလေးစေ့ရုံ
Romance"ငါတို့ကသူငယ်ချင်းတွေပါပန် ငါတို့ရဲ့ဆက်ဆံရေးက မပြိုလဲသွားဘူး မယိုင်လဲသွားဘူး အဘိုးကြီးအဖွားကြီးဖြစ်တဲ့ထိခိုင်မြဲနေမှာ" သက္ကရာဇ်ဟာပြုံးပြီးပြောတော့ ပန်ဟာခပ်ဝေးဝေးကလှိုင်းလေးတွေကမ်းခြေနားမှာအဆုံးသတ်သွားတဲ့မြင်ကွင်းကိုငေးကြည့်ရင်းမေးလိုက်သည် "ဒါဆို မနေ...