တံခါးလေးစေ့ရုံ Episode 4

2.5K 144 13
                                    



ပန့်အပေါ်စိမ်းကားရက်စက်သောထိုသူငယ်ချင်းကောင်လေးဟာနောက်တစ်နေ့တော့
ရွှေဘုံစံလက်ကို တွဲပြီး ပန့်ရှေ့ပြန်ရောက်လာတယ်
ဒီတစ်ခါပန်တို့ပြန်တွေ့တာစိမ်းသက်လျက်

မနာလိုဖြစ်စရာကောင်အောင်ရွှေဘုံရဲ့လက်ကလေးပေါ်မှာ ပုလဲလက်ကောက်လှလှလေးရှိနေပြန်တယ်

" ပန်...
ငါနဲ့မောင်ရည်းစားဖြစ်တဲ့အထိမ်းအမှတ်နဲ့
နင်နဲ့ ကိုနေဘုန်းခန့်ကို မုန့်လိုက်ကျွေးမယ်လေ"

အော် " မောင်" ဆိုပါလား
ပန်တွေးရင်းသူ့ကိုစေ့စေ့ကြည့်တော့ သူကမျက်နှာလွှဲထားတယ်

ပန်သူ့ကိုမေးကြည့်ချင်တာတစ်ခုက
ဒီပုလဲလက်ကောက်ကငါ့အတွက်ယူလာခဲ့တာဟုတ်လားမဟုတ်ဘူးလားဆိုတဲ့မေးခွန်းပဲ

အခုတော့ ပန်နဲ့သူနဲ့က ရွှေဘုံမှတဆင့်ပတ်သက်တဲ့ဆက်ဆံရေးတစ်ခုဖြစ်သွားခဲ့ပြန်သည်။

အဲ့ဒီ့နောက်ပိုင်း ပန်နဲ့သူနဲ့စကားမပြောဖြစ်ခဲ့
ဘယ်အထိလဲဆိုရင်
တက္ကသိုလ်ပေါင်းစုံဘောလုံးပွဲအထိပဲ

လူတွေရှုပ်ယှက်ခတ်နေပေမဲ့ ခပ်လှမ်းလှမ်းမှ ဘောလုံးအင်္ကျီအဝါရောင်အောက်မှ သက္ကရာဇ်ကို ပန်ဟာ camera က focus ချိန်ထားသလိုရှင်းလင်းထင်ရှားစွာမြင်နေရသည်။

ခပ်လှမ်းလှမ်းမှရွှေဘုံကလည်း ခေါင်းပတ်အဝါလေးကိုနဖူးမှာစည်းနှောင်ရင်းပြုံးရွှင်နေခဲ့သည်

အဲ့ဒီ့အချိန်မှာ မနာလိုတာလား
စိတ်ခံစားချက်ကတမျိုးကြီးပဲ
ငါ ရွှေဘုံ့ကိုပထမဆုံးအမြင်ကတ်မိတာပဲသက္ကရာဇ်

ဒုတိယပိုင်းပွဲစဉ်မစခင်အထိအရာရာဟာအေးဆေးဆေးသာ

ဆူညံနေတဲ့ကျောင်းသားတွေဟာ ပူပြင်းတဲ့အပူရှိန်အောက်မှာမမောနိုင်မပန်းနိုင်အော်ဟစ်အားပေးနေခဲ့သည်။

ခပ်လှမ်းလှမ်းမှ ဘောလုံးလေးဟာ သက္ကရာဇ်ရဲ့ ခြေထောက်နားရောက်လာတော့အားပေးသံတွေဆူညံသွားတော့သည်။

" ထားဝယ်သား... ထားဝယ်သား"

တစ်ကွင်းလုံးရဲ့အာရုံစိုက်မှုက သက္ကရာဇ်ထံမှာ
ရှေ့ပွဲတွေမှာလည်း ဂိုးဆက်တိုက်သွင်းခဲ့သော ရှေ့တန်းတိုက်စစ်မှူးမို့ ပိုပြီး မျှော်လင့်ချက်ကြီးကြသည်။

တံခါးလေးစေ့ရုံWhere stories live. Discover now