တံခါးလေးစေ့ရုံ Episode2

2.7K 139 14
                                    


Internet တွေမဖွံ့ဖြိုးသေးတဲ့ခေတ်မို့
နင်နဲ့ငါအကြာကြီးအဆက်အသွယ်ပြတ်နေပေမဲ့
နင့်အတွက် ပုလဲကုံးတွေသီနေဆဲပဲပန်

အခုဆို နင့်အတွက်ပုလဲလက်ကောက်လေး
ထပ်သီထားတယ်
နင့်ကိုလွမ်းရင်ပုလဲတွေသီရင်းအလွမ်းဖြေနေတယ်

ပင်လယ်ဟာ သူ့မူလအတိုင်းတည်ရှိနေသလိုပဲ
ငါကလည်းနင့်ကိုချစ်တဲ့အချစ်တွေနဲ့တည်ရှိနေတာပဲပန်

နင့်ဘက်ကစာတွေမပြန်ခဲ့ပေမဲ့လည်းငါတစ်ရက်မပျက်စာတွေရေးနေဆဲပဲ

နင်က တခြားတစ်ဖက်မှာ
ထိန်ထိန်သာနေတဲ့လမင်းလိုပဲပန်
ငါ့ဘက်မှာတော့မှောင်မိုက်နေတာပေါ့

နောက်တစ်ကြိမ်အောင်စာရင်းတွေထွက်တဲ့နေ့က
မိုးတွေရွာနေတာပန်ရဲ့

နင်သောက်တဲ့ကော်ဖီခါးခါးကို
ငါပထမဆုံးအကြိမ်မြည်းကြည့်တယ်

နောက်ပြီးနင့်ကိုသတိရတယ်

နင့်လိုကောင်မလေးကဘာလို့များအဝင်ဒီလောက်ဆိုးဝါးတဲ့ကော်ဖီကိုကြိုက်ရတာလဲလို့ ငါတွေးမိတယ်

တစ်ဆက်တည်းနင့်ကိုဒီတစ်ခါတွေ့ရင်ကော်ဖီဖြတ်ခိုင်းဖို့ငါကြိုးစားမယ်ပန်

" အောင်တယ်မလား... အောင်ရဲ့သားနဲ့ဘာလို့လာမှိုင်နေတာလဲ"

ထိုင်နေကြကော်ဖီဆိုင်က အကိုကြီးစကားကြောင့်
သက္ကရာဇ်ဟာ ပြုံးရုံပြုံးပြလိုက်တယ်

" ကျွန်တော်အောင်တာပျော်ပေမဲ့ ပန်မရှိတော့ ၃၀% လောက်ပဲပျော်တယ် ၇၀% က ပန့်ကိုသတိရနေတယ်"

သက္ကရာဇ်အပြောကြောင့် ကော်ဖီဆိုင်ကအကိုကြီးကခေါင်းတွေခါရမ်းပြီးရယ်တယ်

" မင်းကတော့မလွယ်ပါလား သက္ကရာဇ်
နောက်တစ်ခါလာဖြစ်ရင်
အတွဲလေးအဖြစ်ပြန်မလာနိုင်ရင်တော့
ငါ့ဆိုင်မလာနဲ့တော့"

" ဒါနဲ့ ဘာသာထွက်တာကိုဘာလို့ Engineer လိုင်းမလျောက်တာလဲ မင်းအဖေက Engineer ရူးရူးနေတာမဟုတ်လား"

တံခါးလေးစေ့ရုံWhere stories live. Discover now