တံခါးလေးစေ့ရုံ Episode 3

2.4K 126 13
                                    


" ပန် ...
နင့်သူငယ်ချင်းကောင်လေးနဲ့
ငါ့ကိုမိတ်ဆက်ပေးပါလား"

​လှိုက်ခနဲရလိုက်တဲ့ချိုအီအီရေမွှေးအနံ့နဲ့အတူ
ဆံပင်အညိုရောင်လှိုင်းတွန့်တွေကို
သေသေသပ်သပ်စီးနှောင်ထားတဲ့
ရွှေဘုံစံသည်လှမြဲအတိုင်းလှနေဆဲပင်။

ရွှေဘုံဟာ ပန်တို့ Majorရဲ့ Queen ဖြစ်ပြီး နာမည်နဲ့လိုက်အောင် ချမ်းသာတဲ့သူဌေးသမီးဖြစ်သည်။

" နင်က....ငါ့သူငယ်ချင်းတောသားကိုလား"

မယုံနိုင်လို့ထပ်မေးလိုက်တဲ့ ပန့်ကိုကြည့်ရင်း
ရွှေဘုံစံဟာ ခစ်ခနဲရယ်သည်

"သူ့ပုံလေးကဒီကကောင်တွေနဲ့မတူဘူးပန်ရဲ့
မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်နဲ့တင်ငါကြွေသွားတာပဲ"

ရွှေဘုံဟာရယ်ရယ်မောပျော်ပျော်ရွှင်ရွှင်ပြောပေမဲ့ ပန်ကတော့မရယ်နိုင်တော့

" အေး နင်သူ့ကိုရောကစားမှာလားရွှေဘုံစံ"

ရည်းစားများတဲ့ ရွှေဘုံစံလက်ထဲကို သက္ကရာဇ်ကိုထည့်ပေးဖို့ကျ ပန်ဟာ နှမြောနေပြန်သည်။

" မကစားပါဘူး
ငါသူ့ကိုတကယ်သဘောကျတာ"

" အေး အခုလောလောဆယ်အဲ့ကောင်က
ငါ့ကိုတောင်စကားမပြောတော့ဘူးဟ"

ပန်ဟာရွှေဘုံ့ကိုရင်ဖွင့်ရင်းပင်လှိုက်ခနဲဝမ်းနည်းမိတော့သည်

ဘာပဲဖြစ်ဖြစ် ဘယ်လိုအခြေအနေပဲရှိရှိ
သက္ကရာဇ်ဟာ သူမအပေါ်စိမ်းစိမ်းကားကားတစ်ခါမှမဆက်ဆံဖူးပါ

အခုတော့ သက္ကရာဇ်ကိုနေရာတိုင်းမှာရှာမတွေ့တော့

သက္ကရာဇ်ဟာတကယ်ပဲ သူမကိုအရှုပ်ထုပ်လို့မြင်နေတာလား

လွန်ခဲ့တဲ့ ၃ လ

ဘုရင့်နောင်ကုန်စည်ဝင်းထဲယောင်ချာချာနဲ့
ပန်ရောက်လာခဲ့သည်

ဆူညံပွက်လောရိုက်နေတဲ့
မိန်းကလေးငယ်တစ်ယောက်နဲ့သိပ်မသက်ဆိုင်တဲ့

ဒီနေရာထိပန်ရောက်လာခဲ့ခြင်းဟာ
သက္ကရာဇ်ကြောင့်ပင်ဖြစ်သည်။

သက္ကရာဇ်ရဲ့အဖေဟာ အမြဲလိုလို
လကုန်ရက်တွေတိုင်း

ငါးနီတူခြောက်တွေကို ဒိုင်အထိလာသွင်းနေကြဖြစ်သည်

ဒါ့ကြောင့်ပင်ပန်ဟာ
လည်ပင်းတရှည်ရှည်နဲ့မျှော်နေခဲ့ခြင်းဖြစ်​၏။

တံခါးလေးစေ့ရုံWhere stories live. Discover now