" အဲ့ဒီ့နောက် အဘိုးနဲ့အဖွားကွဲသွားရောလား"မြေးဖြစ်သူရဲ့စကားကို အဘိုးကြီးသက္ကရာဇ်သည်ခပ်ဖွဖွပြုံးလိုက်သည်
သူ့မျက်ဝန်းတွေမှာအဆွေးရိပ်တချို့ဖြတ်သန်းသွားကာ လွန်ခဲ့တဲ့ အတိတ်တွေဆီပျံ့လွင့်သွားသည်။
.
.
.
.
.
" ခွက်"ကမ်းပေါ်ရောက်ရောက်ချင်း အထိုးခံလိုက်ရတာမို့
သက္ကရာဇ်မျက်နှာတစ်ခုလုံးပူထူသွားရတော့သည်။" ပြန်လာလို့ရရဲ့သားနဲ့ ပန့်ကိုအသိမပေးပဲ
မှိန်းနေတာလည်း ပြန်ပေးဆွဲမှုပဲ "သက္ကရာဇ်သည် နှုတ်ခမ်းကစီးကျလာတဲ့ သွေးတွေကိုခပ်ကြမ်းကြမ်းသုတ်လိုက်သည်။
နာကျင်မှုကအထိုးခံရတာထက် ရင်ဘက်ထဲကပိုသည်။
" အကိုတော်ပါတော့
ပန်အားလုံးသိတယ်
ပန်သက္ကရာဇ်ကိုချစ်မိလို့
ပန်ကိုယ်တိုင်သိသိရက်နဲ့ ကျွန်းမှာနေနေခဲ့မိတာ"ပန်သည် သူ့ရှေ့မှာ ရပ်လျက် ငိုပြီးပြောနေခဲ့သည်။
ကိုနေဘုန်းခန့်၏ မျက်နှာမှာ ချစ်ရသူအားစိတ်ပျက်အားလျော့စွာနဲ့ တောက်ခပ်ကျယ်ကျယ်ခေါက်လိုက်သည်။
" ပန် မင်းငါ့ကိုအမြဲထားခဲ့တာပဲ
ဒီကောင်နဲ့ယှဉ်ရင် ငါ့ကိုအမြဲထားခဲ့ဖို့ကြိုးစားတာပဲ
အေးဒါပေမဲ့ဒီတစ်ကြိမ်တော့ ငါလက်မလွှတ်ဘူး
မင်းနဲ့ ငါက စေ့စပ်ထားတယ်ဆိုတာမမေ့နဲ့ "နေဘုန်းခန့်သည် နှစ်ယောက်စလုံးကို မုန်းတီးစွာနဲ့ ကြည့်နေခဲ့သည်။
အထူးသဖြင့်သက္ကရာဇ်ကို
" သက္ကရာဇ်"
ပန်သည် သွေးစို့နေသော သက္ကရာဇ်ရဲ့ မျက်နှာကို လက်ချောင်းလေးတွေနဲ့ထိတွေ့ကာငိုကြွေးနေခဲ့သည်။
" နင်ငါ့ကိုထားခဲ့လိုက်ပါတော့ပန်
ငါတို့ကမဖြစ်သင့်ဘူးလေ"တိုးတိတ်စွာပြောရင်းသက္ကရာဇ်ဟာ ဝိုင်းကြည့်နေတဲ့ မျက်လုံးတွေကြားမှ ကျောခိုင်းလာခဲ့သည်။
DU LIEST GERADE
တံခါးလေးစေ့ရုံ
Romantik"ငါတို့ကသူငယ်ချင်းတွေပါပန် ငါတို့ရဲ့ဆက်ဆံရေးက မပြိုလဲသွားဘူး မယိုင်လဲသွားဘူး အဘိုးကြီးအဖွားကြီးဖြစ်တဲ့ထိခိုင်မြဲနေမှာ" သက္ကရာဇ်ဟာပြုံးပြီးပြောတော့ ပန်ဟာခပ်ဝေးဝေးကလှိုင်းလေးတွေကမ်းခြေနားမှာအဆုံးသတ်သွားတဲ့မြင်ကွင်းကိုငေးကြည့်ရင်းမေးလိုက်သည် "ဒါဆို မနေ...