" ချစ်တဲ့စကားတွေပြောလွန်လွန်းတဲ့မောင့်ကိုပင်
ချစ်တဲ့စကားတွေပြောလွန်လွန်းတဲ့မောင့်ကိုပင်"ဦးဝင်းဦးအသံကြီးဖြင့် သီချင်းစာသားတစ်ကြောင်းတည်းကိုထပ်ခါသလဲလဲအသံထွက်နေသော
ကတ်ဆက်ဟောင်းကြီးကို ပန်သည် စိတ်မရှည်စွာ လက်နှင့် " တဘုန်းဘုန်း" ပုတ်ကြည့်လိုက်သည်။" သက္ကရာဇ်ဒီဟာကြီးလာလုပ်ပေးဦး ဒီတစ်ကြောင်းကနေမတက်တော့ဘူး"
ပန်သည်စိတ်ရှုပ်ထွေးစွာပြောပေမဲ့ သက္ကရာဇ်သည်ပြန်မဖြေ
" ဟဲ့ ငါခေါ်နေတယ်လေ နည်းနည်းပါးပါးထူးပါဦး"
" နင့် နေဘုန်းခန့်ကိုခေါ်ခိုင်းပါလား
ငါမလုပ်တက်ဘူး"ခပ်ရွဲ့ရွဲ့ပြောရင်း သက္ကရာဇ်ဆိုသည့်သတ္တဝါသည်
သူမအနားမှ ထွက်သွားတော့လေသည်။" ဟယ် အဲ့ဒါဘာဖြစ်ရတာလဲ"
ပန်သည် ခပ်ဖွဖွရေရွတ်ရင်းပင်မျက်စောင်းထိုးလိုက်တော့သည်
အာဒံနဲ့ ဧဝသာညားချင်ညားမည်
ဘီလူးနဲ့ဆိုရင်တော့ ရန်ပွဲတွေသာအဖက်တင်ပါလိမ့်မည်မနေ့ကပြောခဲ့မိသည့်နေဘုန်းခန့်ဆိုသည့် အသံကို
သက္ကရာဇ်သည် အတော်လေးအစာမကြေပုံပေါ်၏။" သွားလေ သွားပေါ့
အချိန်တန်ပြန်လာရမှာပဲ"ပန်သည် ခပ်ရွဲ့ရွဲ့လေးမဲ့ပြရင်း
သစ်ပင်အိမ်လေးပေါ်မှဆင်းလာခဲ့သည်အပေါ်မှာဝတ်ထားသည့် အင်္ကျီကိုတစ်လွှာချင်း
ကျကျနနချွတ်လိုက်ပြီး
ခါးကြောလေးတွေအညောင်းပြေသွားအောင်
ဆန့်ထုတ်လိုက်သည်။ဒင်းမရှိတုန်းရေ ကျကျနနချိုးရမည်
အပေါ်အဝတ်အစားအားကျကျနနလျှော်မည်ဟုတွေးကာနေရောင်ခြည်ခပ်နွေးနွေးရှိတုန်း
စမ်းချောင်းငယ်လေးထဲကိုခြေထောက်လေးတွေအရင်ချထားလိုက်သည်။ရေရဲ့အေးမြတဲ့ အထိအတွေ့သည်။သူမရဲ့လည်ဂုတ်မှမွှေးညှင်းလေးတွေပါထောင်သွားရစေသည်။

YOU ARE READING
တံခါးလေးစေ့ရုံ
Romance"ငါတို့ကသူငယ်ချင်းတွေပါပန် ငါတို့ရဲ့ဆက်ဆံရေးက မပြိုလဲသွားဘူး မယိုင်လဲသွားဘူး အဘိုးကြီးအဖွားကြီးဖြစ်တဲ့ထိခိုင်မြဲနေမှာ" သက္ကရာဇ်ဟာပြုံးပြီးပြောတော့ ပန်ဟာခပ်ဝေးဝေးကလှိုင်းလေးတွေကမ်းခြေနားမှာအဆုံးသတ်သွားတဲ့မြင်ကွင်းကိုငေးကြည့်ရင်းမေးလိုက်သည် "ဒါဆို မနေ...