ကမ်းစပ်က သဲနုနုလေးတွေထဲ
ခြေထောက်တွေဟာရပ်နေရင်းနဲ့ပင်နစ်ဝင်နေခဲ့သည်
သို့ပေမဲ့ ဒီအထိအတွေ့ကိုသူဟာငယ်ငယ်ကတည်းကကြိုက်သည်။ညနေခင်း နေရောင်ခြည်ခပ်ဖျော့ဖျော့တိမ်တိုက်တွေကို
နောက်ခံထားပြီး
ကမ်းစပ်မှာမတ်မတ်ရပ်နေသောထိုအမျိုးသားသည် တစ်စုံတစ်ခုကို မလုံမလဲသတိကြီးစွာဖြင့် စောင့်နေခဲ့သည်။လက်ထဲကဂြိုလ်တုဖုန်းကို ကျစ်ကျစ်ပါအောင်ကိုင်ရင်း ခပ်လှမ်းလှမ်းကလှေကိုမြင်တော့
ထိုလူ၏မျက်နှာတွင်ကျေနပ်တဲ့အရိပ်အယောင်နဲ့အတူ အပြုံးရိပ်တွေပါသန်းသွားတော့သည်သက္ကရာဇ်သည်ကျွန်းတွေကို ငယ်ငယ်ကတည်းက ငါးဖမ်းလှေတွေနဲ့အမြဲသွားလေ့ရှိသူမို့အမြဲလိုလိုရင်းနှီးပြီးသားဖြစ်သည်။
လေမုန်တိုင်းကြောင့် လှေမှောက်တော့
သူတို့ရောက်နေတာ ကမ်းခြေနဲ့ မိုင် ၃၀ လောက်အကွာကကျွန်းမှန်းသူဟာရောက်ကတည်းကသိပါသည်။သို့ပေမဲ့ ပန့်ရှေ့မှာမသိချင်ယောင်ဆောင်ကာ
ကမ္ဘာဦးလူသားတွေလိုရှင်သန်ခဲ့တာ ၂ လတိတိရှိပြီဖြစ်သည်။အိမ်ငယ်လေးထဲမှာရှိသည့်ဂြိုလ်တုဖုန်းကိုယူကာ
သူ့တပည့်တွေကို ငါးယူလာခိုင်းလိုက်
ကမာယူလာခိုင်းလိုက်နှင့် သူဖမ်းလာသည့်အထှာနှင့် အမြဲလိုလိုပန့်အားဂျင်းထည့်နေခြင်းကိုလည်း ပန်ဟာကောင်းကောင်းမသိပါကံတရားက သူတို့နှစ်ယောက်ကို ဆုံစည်းခွင့်ပေးလိုက်တာမို့သူဟာဒီအခွင့်အရေးကို လက်လွှတ်မခံရုံသက်သက်သာ
ပန့်အား မတရား အဓမ္မ ခေါ်ဆောင်စေချင်တဲ့ရည်ရွယ်ချက်လည်းမရှိခဲ့ပါ
ခပ်လှမ်းလှမ်းမှ သူမျှော်နေသောလှေငယ်လေးသည်
လှိုင်းတွေလူးလွန့်နေသည့်ကြားမှ ကမ်းစပ်နဲ့အနီးဆုံးနေရာနားထိတိုးကပ်လာခဲ့သည်။" ဆရာသမား မှာထားတာတွေ"
" ကမာကလတ်ရဲ့လား"
"လတ်တာမှ လတ်လတ်လတ်လတ်မြည်ဦးမယ်"
လှေသမားနှစ်ယောက်သည် ဘိတ်သံခပ်ဝဲဝဲနှင့်ဖြေသည်။
ESTÁS LEYENDO
တံခါးလေးစေ့ရုံ
Romance"ငါတို့ကသူငယ်ချင်းတွေပါပန် ငါတို့ရဲ့ဆက်ဆံရေးက မပြိုလဲသွားဘူး မယိုင်လဲသွားဘူး အဘိုးကြီးအဖွားကြီးဖြစ်တဲ့ထိခိုင်မြဲနေမှာ" သက္ကရာဇ်ဟာပြုံးပြီးပြောတော့ ပန်ဟာခပ်ဝေးဝေးကလှိုင်းလေးတွေကမ်းခြေနားမှာအဆုံးသတ်သွားတဲ့မြင်ကွင်းကိုငေးကြည့်ရင်းမေးလိုက်သည် "ဒါဆို မနေ...