စားပွဲမှာထိုင်လိုက်လိုက်ချင်း
ကော်ဖီတစ်ခွက်နဲ့အတူ ကွတ်ကီးနှစ်ခုပါ အပိုချပေးသော ဆိုင်ရှင်အကို့ကို သက္ကရာဇ်ပြုံးပြလိုက်သည်။" ပန့်ကိုတော့ကော်ဖီဖြတ်ဖို့ပြောပြီး
မင်းကျတော့ကော်ဖီစွဲနေတာ
သူမသိဘူးလား"" အဲ့ဒီ့အကြောင်းတွေမပြောဖြစ်ပါဘူးဗျာ"
သက်ပြင်းချရင်း ကော်ဖီတစ်ကျိုက်ကိုခံစားကြည့်သည်
ခါးသက်တဲ့အရာဖြစ်ပြီး ဘာလို့များဒီလောက်စွဲလမ်းစေရတာလဲလို့သူတွေးမိသည်။
ကော်ဖီဟာ ပန့်လိုပင်ဖြစ်မည်ထင်၏
" ဒီတစ်ခေါက်ပြန်လာတာကအပြီးလား
အခုထပ်ထိရော ပန်နဲ့ဘာမှမဘာသေးဘူးလား"အားမလိုအားမရနိုင်စွာ ဆိုင်ရှင်လူပျိုကြီးဟာစပ်စုတော့ သူဘာဖြေရမှန်းပင်မသိတော့
" ကျွန်တော်မိန်းယူဖို့ပြန်လာတာလို့
ပန့်ကိုအမြင်ကတ်ကတ်နဲ့ပြောထားတယ်"သူဟာခပ်တည်တည်ပြောတော့ ဆိုင်ရှင်အကိုကြီးဟာထရယ်ကာ
" မင်းတို့ဟာကလည်းကွာ" ဟုသာပြောနိုင်တော့သည်
ဆိုင်ထဲက
မျက်သွယ်သီချင်းလေးကတော့ ခပ်ငြိမ့်ငြိမ့်ပျံ့လွင့်လျက်" မောင့်မျက်ရည်တွေပင်
ခင်ဆင်မြန်းလိုတဲ့ပုလဲရွှေစင်
ဖြစ်စမ်းစေချင်
လည်မှာဆွဲလှည့်ပါလားခင်"ပန်ကရော ဒီတစ်ကြိမ် သူ့ကို နောက်တစ်ကြိမ်နာကျင်စေဦးမှာလားလို့တွေးရင်း
သူဟာတွန့်ဆုတ်နေမိပြန်သည်။..................
" ဒီမနက် လေငြိမ်တယ်
နင်နဲ့ငါ လှေစီးထွက်ကြမလား"" လှေစီးပြီးဘာလုပ်မလို့လဲ"
" ငါးမျှားမယ်လေ လိုက်ခဲ့ပါပန်ရဲ့ "
သက္ကရာဇ်ဟာထူးထူးဆန်းဆန်းမနက်အစောကြီး Hotel lobbyဝမှာထိုင်စောင့်ပြီး ဂျီကျနေပုံဟာ
ဟိုးယခင်ဆယ်စုနှစ်ကကောင်လေး
ကမ်းခြေမှာခရုကောက်ဖို့ခေါ်သလိုပင်
ESTÁS LEYENDO
တံခါးလေးစေ့ရုံ
Romance"ငါတို့ကသူငယ်ချင်းတွေပါပန် ငါတို့ရဲ့ဆက်ဆံရေးက မပြိုလဲသွားဘူး မယိုင်လဲသွားဘူး အဘိုးကြီးအဖွားကြီးဖြစ်တဲ့ထိခိုင်မြဲနေမှာ" သက္ကရာဇ်ဟာပြုံးပြီးပြောတော့ ပန်ဟာခပ်ဝေးဝေးကလှိုင်းလေးတွေကမ်းခြေနားမှာအဆုံးသတ်သွားတဲ့မြင်ကွင်းကိုငေးကြည့်ရင်းမေးလိုက်သည် "ဒါဆို မနေ...