တံခါးလေးစေ့ရုံ Episode 7

2.9K 143 17
                                    

" အာဒံနဲ့ ဧဝကဘာလို့ညားတာလဲ"

မေးခွန်းဟာခပ်ကြောင်ကြောင်ဆိုပေမဲ့
ပန်မေးတော့လည်းသူဟာ
ဂရုတစိုက်လှည့်ကြည့်လိုက်ကာဖြေဖို့ပြင်လိုက်သည်

" ချစ်လို့ပေါ့"

သူဖြေတဲ့အဖြေကို ပန်ဟာကျေနပ်တဲ့ပုံမပေါ်ပါ

လမ်းမှာတွေ့သမျှသစ်ရွက်ကလေးတွေကို ထိုးဆိတ်ရင်း သူ့နောက်ကထပ်ချပ်မခွာအောင်လိုက်လာရင်း
ခေါင်းခါသည်။

" ယူစရာလူမရှိလို့"
ပန့်အဖြေကရယ်စရာကောင်းတာမို့ သူပြုံးမိရက်သားဖြစ်သွားသည်။

"အဲ့ဒီတော့"

" ဒီကျွန်းက မြန်မြန်ပြန်မှဖြစ်မယ်
အာဒံနဲ့ ဧဝသာ ညားချင်ညားမယ်
နင်နဲ့ငါကတော့ဖြစ်မှာမဟုတ်ဘူး"

တိခနဲပြောလိုက်တဲ့ ပန့်စကားကြောင့် သူ့ရင်ထဲဆစ်ခနဲဖြစ်မိတာတော့အမှန်

ပန်ဟာတကယ်ပဲသူ့ကို ယောကျာ်းလို့တောင်မမြင်တာလား

ဒါမှမဟုတ် မနက်ကကိစ္စကို စိတ်ဆိုးတာလား

သက္ကရာဇ်ကသူ့အတွေးနဲ့သူပင်

ပန့်ဘက်ကလည်းမလှုပ်မယက် ကျောက်တုံးကြီးသက္ကရာဇ်ကိုတော်တော်အမြင်ကတ်တာမို့ ရွဲ့ပြောလိုက်ချင်းပင်

ယခုလည်း ပန့်အပြောကို ခေါင်းတစ်ချက်သာ ညိတ်ပြီး လမ်းကိုဆက်လျောက်နေခဲ့သည်

အဲ့ဒီ့နောက် နှစ်ယောက်သားဘာစကားမှမပြောဖြစ်ကြတော့

ကျွန်းဟာသေးမယောင်နဲ့ ကြီးသည်

အထဲဝင်လေ တောနက်လာလေမို့ ပန်ဟာ နည်းနည်းတော့ကြောက်မိပါသည်။

သက္ကရာဇ်ကတော့ သွားနေကြပုံစံလိုပင် ခပ်ရဲရဲရှေ့ဆက်တိုးနေခဲ့သည်။

" ငါတို့တော့ကံကောင်းလာပြီထင်တယ်"

သက္ကရာဇ်ပြောတော့ ပန်ဟာ အရှေ့မှာကာနေသော မိုးထိုးနေတဲ့ အရပ်ကြီးကို တိုးဝှေ့ကာကြည့်လိုက်တော့သည်။

သစ်ပင်ပေါ်မှာ အိမ်ငယ်လေးတစ်လုံး နောက်ပြီးမလှမ်းမကမ်းမှ စမ်းချောင်းငယ်လေး

တံခါးလေးစေ့ရုံDonde viven las historias. Descúbrelo ahora