ညကောင်းကင်ယံဟာ
သူတို့နှစ်ဦးတည်းသာတည်ရှိနေသည့်
ဒီကျွန်းလေးအပေါ်ပြိုဆင်းတော့မလိုပင်
အိကျနေသည်။မုန်တိုင်းပြီးကာစမို့ထင်၏ တိမ်တွေကလည်းအတော်အသင့်ကင်းစင်နေ၏။
နက်ပြာရောင်ကတ္တီပါကောင်းကင်ယံမှာစိန်တွေစီထားသလိုပင်ကြယ်ပွင့်လေးတွေဟာသူတို့စွမ်းသလောက်ထိတောက်ပနေကြခဲ့သည်။
ဒါပေမဲ့လည်း ထိုကြယ်ပွင့်လေးတွေဟာ ပန့် ရဲ့မျက်ဝန်းတွေနဲ့ယှဉ်ရင် မှေးမှိန်နေသလိုပင် သူ့စိတ်ထဲခံစားရသည်။
ပန်က ကြယ်ကလေးတွေထက်လည်းလှသည်
လှိုင်းလုံးဖြူဖြူလေးတွေထက်လည်းလှသည်
ကမ္ဘာပေါ်မှာရှိရှိသမျှအရာများစွာထက်လှသည်ဟု
သက္ကရာဇ်ထင်သည်။သို့ပေမဲ့ ယခုထက်ထိ ပန်ဘယ်လောက်သူ့မျက်လုံးထဲမှာလှတဲ့အကြောင်းပြောဖို့ တွန့်ဆုတ်နေမိတဲ့ သူ့ကိုယ်သူလည်းမုန်းမိပါသည်။
ပန်နဲ့ သူ တစ်ကြိမ်လွဲချော်ခဲ့ပြီးပြီ.....
ဒီတစ်ကြိမ်သာထပ် လွဲချော်ခဲ့ရင်
သူရင်တွေကွဲရမှာသေချာသည်။အလှတရားဟာ အစွမ်းကုန်လှသလို
အေးတာကလည်းအစွမ်းကုန်အေး၏
ချမ်းလွန်းတာမို့ လေမတိုးတဲ့နေရာကိုရှာဖွှေရင်း
မီးဖိုရတော့ပြန်၏ကံကောင်းစွာနဲ့ သက္ကရာဇ်ရဲ့ zippy မီးခြစ်လေးဟာ ဘာမှမဖြစ်သွားတာမို့ကျောက်ခေတ်လူသားတွေလို မီးမွှေးရမဲ့အခြေအနေမှလွတ်မြောက်သွားခဲ့သည်။
အုန်းသီးကို ကျောက်ချွန်ကလေးတွေနဲ့ထိုးကလော်စားရင်းပင်
အငိုတိတ်သွားခဲ့သော ပန်ကြောင့် သူပါသက်ပြင်းချမိသည်။" နင်ဘယ်လိုခူးလာတာလဲ"
" ငါကဘီလူးလေ ဒီလောက်တော့အသာလေးပဲ"
သက္ကရာဇ်သည် မပြုံးမရွှင်မျက်နှာထားကိုအတက်နိုင်ဆုံးထိန်းထားရင်း ကျောက်ချွန်ချွန်လေးနှစ်ခုကိုချွန်သထက်ချွန်အောင်သွေးနေခဲ့သည်။
ယောကျာ်းလေးဖြစ်နေလို့သာ ဟန်မပျက်နေပြနေ။ပေမဲ့ သူလည်းတော်တော်ကြောက်နေမှာသိသည်
JE LEEST
တံခါးလေးစေ့ရုံ
Romantiek"ငါတို့ကသူငယ်ချင်းတွေပါပန် ငါတို့ရဲ့ဆက်ဆံရေးက မပြိုလဲသွားဘူး မယိုင်လဲသွားဘူး အဘိုးကြီးအဖွားကြီးဖြစ်တဲ့ထိခိုင်မြဲနေမှာ" သက္ကရာဇ်ဟာပြုံးပြီးပြောတော့ ပန်ဟာခပ်ဝေးဝေးကလှိုင်းလေးတွေကမ်းခြေနားမှာအဆုံးသတ်သွားတဲ့မြင်ကွင်းကိုငေးကြည့်ရင်းမေးလိုက်သည် "ဒါဆို မနေ...