လွန်ခဲ့တဲ့ ၁၂ နှစ်"ပန်... ပန်"
အနောက်ကခေါ်သံကြောင့်
ပန်လှည့်ကြည့်တော့ သက္ကရာဇ်ဘေးလွယ်အိတ်ခပ်နွမ်းနွမ်းကိုလွယ်ရင်းဦးထုပ်ကိုခပ်ငိုက်ငိုက်စောင်းထားသည်
ဝတ်ထားတာကသူ့ထက်အဆမတန်ကြီးနေပုံပေါ်သောရှပ်အင်္ကျီလက်ရှည်ဖြစ်ပြီး
နေပူထဲပြေးလာတာမို့သူ့မျက်နှာဟာနီရဲနေခဲ့သည်" ငါဒီနေ့ ဘာရခဲ့လဲကြည့်"
သက္ကရာဇ်ပြောတော့ ပန်ဟာ နှာတရှုံ့ရှုံ့ဖြစ်နေရာမှ လက်ခုံနဲ့သုတ်ရင်း သက္ကရာဇ်ရှိရာသဲပြင်ဆီပြေးလာခဲ့သည်။
" ဟယ် ကမာတွေလား
စားမယ် စားမယ်"ပန်ဟာ သဲပြင်ပေါ်မှာ ဟန်မဆောင်နိုင်အောင်ပျော်လွန်းလို့ထခုန်လိုက်တော့သည်။
ပန်ရဲ့အဖေက ဒီကမ်းခြေလေးမှာ လုံးခြင်းဘန်ဂလိုလေးဖွင့်ထားပြီး
သက္ကရာဇ်ရဲ့အဖေကတော့ ပင်လယ်စာတွေ စားသောက်ဆိုင်ကိုလိုက်သွင်းတဲ့ ဒိုင်အလုပ်ကိုလုပ်ကိုင်သည်။
သက္ကရာဇ်တို့အိမ်ကအတော်အသင့်အဆင်ပြေပေမဲ့
သက္ကရာဇ်ကတော့ ငါးဖမ်းစက်လှေတွေကြားသွားရင်း ပေပေတေတေစုတ်စုတ်ပျက်ပျက်သာဖြစ်သည်။" ငါ့အမေကိုသွားမပေးနဲ့ ဧည့်သည်တွေကိုရောင်းစားနေမယ် ငါတို့ပဲချက်စားကြမယ်"
ပန်ဟာကောင်းကောင်းမှတ်ထားသည်
ဟိုတစ်ခါ သက္ကရာဇ်ယူလာတဲ့ ငါးပါးနီတွေကို အမေဟာ ဘန်ဂလိုလာတဲ့ဧည့်သည်တွေကိုချက်ကျွေးလိုက်တာမို့ပန်ငတ်သွားဖူးသည်။
ပလောင်တွေတောင်တက်နေပေမဲ့ လက်ဖက်ကောင်းတွေမစားရသလိုပဲ " ညည်းကအမြဲစားနေရတာ" ဟုပြောပြောပြီး အမေဟာပင်လယ်စာကောင်းကောင်းတွေရရင်ဧည့်သည်တွေအတွက်စီစဉ်ပေးလေး့ရှိသည်။
ဒီတစ်ခါတော့ ဒီလိုအဖြစ်မခံတော့" စားမယ်ဆိုနင်ကချက်တက်လို့လား"
" ဟယ် ချက်တက်တာပေါ့
၁၂ နှစ်ဆိုတာလင်ယူလို့တောင်ရပြီ"
YOU ARE READING
တံခါးလေးစေ့ရုံ
Romance"ငါတို့ကသူငယ်ချင်းတွေပါပန် ငါတို့ရဲ့ဆက်ဆံရေးက မပြိုလဲသွားဘူး မယိုင်လဲသွားဘူး အဘိုးကြီးအဖွားကြီးဖြစ်တဲ့ထိခိုင်မြဲနေမှာ" သက္ကရာဇ်ဟာပြုံးပြီးပြောတော့ ပန်ဟာခပ်ဝေးဝေးကလှိုင်းလေးတွေကမ်းခြေနားမှာအဆုံးသတ်သွားတဲ့မြင်ကွင်းကိုငေးကြည့်ရင်းမေးလိုက်သည် "ဒါဆို မနေ...