သင်တို့တွေ ဘဝမှာ တစ်ခါကြိမ်တစ်ခါတော့ အငိုက်မိခဲ့ဖူးလား။
ဟုတ်ကဲ့။
ကျွန်တော် ဒိုဂျောင်ဆူးဘဝမှာ အဆိုးရွားဆုံးအငိုက်မိခဲ့ဖူးတယ်။
**********
"တောက်!!!"
ကား ဘရိတ်အုပ်သံနှင့်အတူ ကားနောက်ခန်းတွင် မိန့်မိန့်ကြီး ထိုင်နေသည့်
ကျွန်တော့်ရဲ့ ကိုယ်နေဟန်ထား အနည်းငယ်ပျက်ယွင်းသွား၍ ကျွန်တော် စိတ်တို လာကာ တောက်တစ်ချက် ခေါက်လိုက်သည်။ ကျွန်တော့် တောက်ခေါက်သံ
ကျယ်ကျယ်နှင့်အတူ ကားမောင်းသည့်နေရာမှ ဒရိုင်ဘာက ကျွန်တော်ထိုင်နေရာ
ကားအနောက်ခန်းသို့ ခေါင်းလေးငဲ့ပြီး ကျွန်တော့်မျက်နှာကို မဝင့်မရဲကြည့်လာသည်။" တောင်းပန်ပါတယ် ... သ..."
" ကား တံခါး ဖွင့်တော့..."
ကျွန်တော် လက်တစ်ဖက်ကိုကာပြီး ထိုဒရိုင်ဘာရဲ့စကားလုံးကို ဖြတ်လိုက် သည်။ နားငြီးတယ်။ ဒီတောင်းပန်ပါတယ်ဆိုသည့် စကားလုံးတွေကို နေ့စဉ်ရက်ဆက် ကြားနေရသည်မှာ ကျွန်တော့်အတွက်ငြီးငွေ့လွန်းလှသည်။ ကျွန်တော့် အမိန့်သံဆန် ဆန်စကားကြောင့် ဒရိုင်ဘာဆိုသူက ကားပေါ်မှဆင်းကာ ကျွန်တော်ထိုင်နေသည့် ကားနောက်ခန်းတံခါးကို အလျင်အမြန်ဖွင့်ပေးလေသည်။ ကျွန်တော်ဘေးတွင်ချထား သည့်ကျောပိုးအိတ်ကို ပုခုံးတစ်ဖက်တွင်လွယ်ပြီး ဒရိုင်ဘာဖွင့်ထားသည့် ကားနောက် ခန်းမှဆင်းလိုက်သည်။ ကားတံခါးပြန်ပိတ်သံကျယ်ကျယ်နှင့်အတူ ဒရိုင်ဘာ၏ တောင်းပန်သည့်စကားသံတိုးတိုးကထွက်ကျလာပြန်သည်။ ကျွန်တော် ဘောင်းဘီ အိတ်ထဲ လက်နှစ်ဖက်ထည့်ကာ လှည့်ကြည့်လိုက်သည်။ ကျွန်တော့်ကိုမကြည့်ဘဲ ခေါင်းလေးငုံ့ထားသည့်ဒရိုင်ဘာက ကျွန်တော်စိတ်အထင် အသက်(၃၀)ဝန်းကျင် လောက်ပင်ဖြစ်နိုင်လောက်မည်။ ကျွန်တော့်အိမ်တွင်အလုပ်လုပ်တာ မည်မျှကြာပြီလဲ ကျွန်တော် မမှတ်မိ။ မဟုတ်ဘူး။ ကျွန်တော် သတိမထားမိတာပါ။
"နာမည် ဘယ်လို ခေါ်လဲ"
"ဗျာ ..."
မျက်လုံးပြူးကာ ကြောက်လန့်တကြားကြည့်လာသည့် ထိုလူကို ကျွန်တော် စိတ်ပျက်စွာ စုတ်တစ်ချက်ထိုးလိုက်သည်။ စိတ်ပျက်စရာပဲ။ ကျွန်တော့်ဘဝမှာ စကား ကိုနှစ်ခါပြောရသည်ကို အမုန်းဆုံးပင်ဖြစ်သည်။ ဒီနေ့တစ်မနက်လုံး စိတ်တိုင်းကျ တယ်မရှိပါလား။ ကျွန်တော် ထိုလူနား နီးကပ်စွာရပ်လိုက်တော့ ထိုလူဆီက အပေါစား ရေမွှေးနံ့က နှာခေါင်းထဲ စူးခနဲဝင်လာတော့ ကျွန်တော်စိတ်ပျက်စွာ ထိုလူကို စိုက် ကြည့်လိုက်သည်။ အခုလို အပေါစား အသုံးအဆောင်တွေကို ကျွန်တော်ရွံတယ်။
![](https://img.wattpad.com/cover/297187727-288-k338892.jpg)
YOU ARE READING
အချစ်၏လက်ယာဘက်တွင်ရှိသော
Fanfictionအချစ်ရဲ့ လက်ယာဘက်မှာ မိုက်မဲခြင်းတွေ၊ ရူးသွပ်ခြင်းတွေ၊ အကျည်းတန်ခြင်းတွေ ရှိနေခဲ့တယ်။ အဲ့နေရာမှာ ငါတို့တွေရှိနေခဲ့ကြတယ်။ Chanyeol Kyungsoo Fanfic (18+)