ပတ်ချန်ယော ။
ဟုတ်လား ။
သူက ကျွန်တော့်ရဲ့ ငယ်သူငယ်ချင်းလေ။
သူက ကျွန်တော့်ရဲ့ ကစားစရာ သက်ရှိ အရုပ်တစ်ခုလေ။
သူက ကျွန်တော့်ရဲ့ အကာကွယ်ပေးတဲ့ သစ်ပင် တစ်ပင်လေ။
သူက ကျွန်တော့်ရဲ့စိတ်ထွက်ပေါက်အတွက် ဖန်ဆင်းထားတဲ့ တောင်တန်း တစ်ခုလေ။
သူက ကျွန်တော့်ရဲ့ ပိုင်ဆိုင်မှုတွေထဲမှ တန်ဖိုးကြီးရသည့် ငွေဝယ်ကျွန်လေ ။
သူက ကျွန်တော့်ရဲ့ စိတ်ကြိုက် ထိန်းချုပ်နိုင်တဲ့ စက်ရုပ်တစ်ရုပ်လေ ။
ပြီးတော့ ..
သူက ကျွန်တော့်ရဲ့ချမှတ်ထားသည့်စည်းမျဉ်းတွေထဲမှ ပထမဆုံး ချိုးဖေါက် ခွင့်ရသည့် ကျွန်တော် အမုန်းဆုံး လူပင် ဖြစ်သေးသည်။
ဒါပေမဲ့ ။
သူက အခုအထိ ကျွန်တော့်ဘေးနား အစဉ်အမြဲပြုံးနေနိုင်သည့် တစ်ဦးတည်း သော လူသားလည်း ဖြစ်သည်။
**********
တကယ်တော့ ထိုနေ့ကသာ ကျွန်တော် ချန်ယောနှင့်အတူတူ နန့်ဆန်း တောင်တွင် ညမိုးချုပ်တဲ့အထိရှိမနေသင့်ဘူး။ မဟုတ်ဘူး။ ထိုနေ့ကသာ အမြဲအနိုင် လိုချင်သည့် ကျွန်တော့်ကိုဒေါသထွက်အောင် သူမပြောသင့်ဘူး။ မဟုတ်ဘူး။ထိုနေ့က သာ ကျွန်တော်မကြိုက်သည့်မုန်လာဥနီက ကျွန်တော့်ပါးစပ်ထဲ ရောက်မလာသင့်ဘူး။ မဟုတ်ဘူး။ ထိုနေ့ကသာ ညနေစောင်းမှတောင်တက်မည်ဆိုသည့် စိတ်ကူးမတွေးသင့် ဘူး။ မဟုတ်ဘူး။ ထိုနေ့ကသာ ကျွန်တော့်ရဲ့အလယ်တန်းနောက်ဆုံးနှစ် အောင်မြင်မူ ဂုဏ်ပြုပွဲကို မကျင်းပသင့်ဘူး။ မဟုတ်ဘူး။ ထိုနေ့ကသာ မေမေတို့က ကျွန်တော့် အောင်မြင်မှုအတွက် ကားအသစ်တစ်စီးဝယ်မပေးသင့်ဘူး။ မဟုတ်ဘူး။ ထိုနေ့ကသာ ကျွန်တော်တို့အလယ်တန်းနောက်ဆုံးနှစ် အောင်စာရင်းမထွက်သင့်ဘူး။ မဟုတ်ဘူး။ ထိုနေ့ကသာ ကျွန်တော်အထက်တန်းကိုတက်ဖို့စိတ်ကူးယဉ်ပြီး စောစောမနိုးသင့်ဘူး။ မဟုတ်ဘူး။ တကယ်တော့ ကျွန်တော် အလယ်တန်းကိုအောင်မြင်စွာမဖြေခဲ့သင့်ဘူး။ မဟုတ်ဘူး။ တကယ်တော့ သူ ကျွန်တော့်နားရှိမနေသင့်ဘူး။

YOU ARE READING
အချစ်၏လက်ယာဘက်တွင်ရှိသော
Fanfictionအချစ်ရဲ့ လက်ယာဘက်မှာ မိုက်မဲခြင်းတွေ၊ ရူးသွပ်ခြင်းတွေ၊ အကျည်းတန်ခြင်းတွေ ရှိနေခဲ့တယ်။ အဲ့နေရာမှာ ငါတို့တွေရှိနေခဲ့ကြတယ်။ Chanyeol Kyungsoo Fanfic (18+)