(၇)

598 66 38
                                    

အခန်းပြူတင်းပေါက်က ငှက်တစ်ကောင်၏ တကျီကျီအော်သံက ကျွန်တော့် ၏အိပ်စက်ခြင်းကို အဆုံးသတ်သွားစေသည်။ ကျွန်တော် မျက်လုံးနှစ်လုံးကို လက်ဖြင့် ပွတ်သက်ပြီး ကုတင်ပေါ်ငုတ်တုတ်ထထိုင်လိုက်သည်၊ လိုက်ကာကို ဆွဲလိုက်တော့ ပြူတင်းပေါက်ဘောင်အနားရှိ စောစောကအော်နေသော ငှက်တစ်ကောင်က ထပျံ သွားသည်။ ကျွန်‌တော် ကုတင်ဘေးရှိစားပွဲပေါ်က နာရီကိုလှမ်းယူကာ ကြည့်လိုက် သည်။ မနက်(၅)နာရီကျော်ကျော်ပဲရှိသေးသည့်အချိန်က ကျွန်‌တော့်အတွက် အိပ်ယာ ကနှိုးထရန် အရမ်းစောလွန်းသည့်အချိန်ဟုဆိုရမည်။ ဒါပေမယ့် ဒီနေ့မနက်ပိုင်း ကျောင်းအသစ်တွင်ကျရောက်သည့် ကျွန်‌တော်၏ ကျောင်းသန့်ရှင်းရေးပြုလုပ်ရမည့် နေ့ဖြစ်သည်။ မနေ့ညနေက မနက်ခင်းစော‌စောလာပေးရန် နားငြီးအောင် မှာတမ်း ခြွေနေသော အတန်းခေါင်းဆောင်ဖြစ်သူ ဘတ်ခ်ဟွန်း၏စကားကြောင့် ကျွန်တော် ဒီမနက်တော့ ကျောင်းစောစောသွားရန်ဆုံးဖြတ်ထားမိသည်။ မဟုတ်ရင် သာလိကာ နှင့်အမျိုးစပ်ထားသလားမသိအောင် စကားပြောနိုင်လွန်းသူ ဘတ်ခ်ဟွန်း၏ မေးခွန်း များအား ကျွန်တော်နားမခံနိုင်ပါ။ ကျွန်တော့်ဘဝတွင့် ယခုလောက် မျက်နှာရိပ် မျက်နှာကဲမသိတတ်လွန်းသူမျိုး တစ်ကြိမ်တစ်ခါမှမကြုံခဲ့ဘူးပါ။ အစကတော့ ကျွန် တော်မည်သူမှန်းမသိ၍ အခုကဲ့သို့ သူမသိတတ်ခြင်းဟု တွေးထားမိသော်လည်း ကျွန် တော် ကျောင်းပြောင်းပြီး (၁)ပါတ်ကျော်အချိန်တွင် ကျွန်တော့်အကြောင်း ဘတ်ခ် ဟွန်းနှင့်ဆဲဟွန်းဆိုသူ သိရှိသွားကြသည်။ ဒါပေမယ့် ဗြောင်ဘတ်ခ်ဟွန်းသည် ယခင် အတိုင်း နားငြီးအောင်စကားဆိုဆဲပင်ဖြစ်သည်။ ကျွန်တော့်ထက် လူတွေကို ဂရုမစိုက် သူကို ဘဝတွင် ပထမဆုံးတွေ့မိခြင်းဖြစ်မည်။

ကျွန်တော် ကိုယ်ပေါ်က စောင်ပါးလေးကို သေချာစွာခေါက်ပြီး ခေါင်းရင်းက ခေါင်းအုံးပေါ်တွင်ထပ်တင်လိုက်သည်။ ပြီးတော့ ကုတင်ပေါ်ကဆင်းပြီး အနည်းငယ် တွန့်နေသော အိပ်ယာခင်းအပြာရောင်ကို လက်ဖြင့်ဖြန့်လိုက်သည်။ ယခင်က အိပ် ယာခင်းကို (၂)ရက်တစ်ခါလဲလေ့ရှိသောကျွန်တော်က အခုတော့ (၁)လမှ(၂)ခါ သာ ဖြစ်တော့သည်။ အခြေအနေအပြောင်းအလဲတွေကြား ကျွန်တော် နေသားကျအောင် တော့ကြိုးစားနေဆဲပင်ဖြစ်သည်။ အရင်ချိန်က သူနှင့်အတူတူနေတိုင်း အိပ်ယာခင်း များစွန်းထင်းမည်ကိုမစိုးရိမ်ခဲ့သော ကျွန်တော်က အခုတော့ သူနှင့် အတူနေတိုင်း အိပ်ယာခင်းပေကျံသွားမည်ကို စိုးထိတ်နေမိတတ်လာသည်။ တစ်ခါက အိမ်ယာခင်း လဲပြီး သူနှင့်အတူနေဖြစ်တော့ ကျွန်တော် အိမ်ယာပေါ်တွင်မလုပ်ရန် တောင်းဆိုမိ သည်။ ထိုအချိန်က ချန်ယောအံ့ဩခဲ့သေးသည်။

အချစ်​၏လက်ယာဘက်တွင်ရှိသောWhere stories live. Discover now