(၉)

670 67 12
                                    

ဒီ..ဒီ..ဒီ။

ဒီ..ဒီ..ဒီ။

ခေါင်းရင်းအထက်က မြည်လာသည့် နှိုးစက်သံကြောင့် ကျွန်တော် မျက်လုံး ကို ချက်ချင်းမဖွင့်သေးပဲ လက်ဖြင့် အရင်နှိုးစက်ကိုလိုက်စမ်းလိုက်သည်။ ပုံမှန် အကျင့်အတိုင်း နှိုးစက်ကို အရင်ပိတ်လိုက်သည်။ ပြီးတော့ စိတ်ထဲ တစ်ကနေ တစ်ဆယ်အထိ ရေမှတ်ကာ တစ်ဆယ်ပြည့်သည်နှင့် လှဲနေရာမှဆက်ခနဲထထိုင်ကာ မျက်လုံးကိုဖွင့်လိုက်သည်။ မြင်နေကြအတိုင်း အခန်းပြူတင်းပေါက်က လွင့်နေသည့် လိုက်ကာ အနောက်မှ ပြူတစ်တစ်ထွက်လာနေသည့်နေလုံးကြီး။ ကျွန်တော် မျက်လုံးကို လက်ဖဝါးဖြင့်ပွတ်ပြီး ကုတင်ပေါ်မှဆင်းလိုက်သည်။ စောင်ကို သပ်သပ် ရပ်ရပ်ဖြစ်အောင်ခေါက်ပြီး မျက်နှာသစ်ရန် ‌အောက်ထပ်သို့ဆင်းလိုက်သည်။ ထို နောက် ပုံမှန်လုပ်နေကြအတိုင်း မျက်နှာသစ်ပြီး အဝတ်အစားလဲပြီး အလုပ်သွားရန် ပြင်ဆင်တော့သည်။ ရိုက်ကူးရေးရှိသည့်နေ့ရက်များဆို ကျွန်တော် တော်ရုံနှင့် အိမ်မ ပြန်ဖြစ်ခဲ့။ ကုမ္ပဏီ၏အလုပ်ခန်းတွင်သာ အချိန်ကုန်ဆုံးသည်ကများသည်။ တစ်ခါ တစ်ရံ တွဲဖက်ဒါရိုက်တာအလုပ်အပြင် တွဲဖက်ဇာတ်ညွှန်း‌ရေးခြင်းကိုပါလုပ်သည့် ကျွန်တော်က(၁)လလုံးအိမ်သို့ပြန်မလာဖြစ်သည်မျိုးတောင်ရှိတတ်သည်။ တက္ကသိုလ် တက်စဥ်ကတည်းက အဆောင်တွင်ပြောင်းနေဖြစ်သဖြင့် ထိုအချိန်တည်းက ကျွန် တော် အိမ်တွင်အချိန်ကုန်ဆုံးသည်က နည်းပါးသည်။ စစ်ထဲမှ ပြန်ထွက်လာချိန် ဖေဖေ လေဖြတ်သလိုဖြစ်ကာ လမ်းလျှောက်ရန်ခက်ခဲနေချိန်မှ ကျွန်တော် အိမ်တွင် ပြန်လာ နေဖြစ်သည်ဆိုရမည်။ ကျွန်တော့်၏ထိုကဲ့သို့ အိမ်မကပ်ခြင်းကို မေမေတို့လည်း ဘာမှ မပြောကြ။

ကျွန်တော် အဝတ်အစားလဲပြီးသည်နှင့် ကျွန်တော်မျက်နှာသစ်တုန်းက ဖျော် ခဲ့သည့်ကော်ဖီပူပူနှင့်ပေါင်မုန့်တစ်ချက်ကို ခပ်မြန်မြန်ပင် စားလိုက်သည်။ ဒီနေ့ ပထမ ဆုံးဇာတ်ကောင်ရွေးချယ်ပွဲမို့ ကျွန်တော်စိတ်တွေလှုပ်ရှားနေခဲ့ပါသည်။ ကျွန်တော် အရမ်းသဘောကျပြီး အကြိမ်ကြိမ် စိတ်ကူးယဉ်ခဲ့သောဇာတ်လမ်းမို့ ကျွန်တော့် စိတ်ကူးနှင့် ထပ်တူကျသည့် သရုပ်ဆောင်ချက်တွေကို ကျွန်တော် ကြိုတင်ရင်ခုန်နေ သည်။ ထိုကြောင့်ပင် ညကလည်း တော်ရုံနှင့်အိပ်မပျော်ခဲ့ပါ။ ကုမ္ပဏီတွင် ညနက် သည်အထိနေပြီး အဝတ်အစားများလဲချင်၍သာ အိပ်သို့ပြန်အိပ်ခြင်းဖြစ်သည်။ ကျွန် တော် ကော်ဖီခွက်ကို လက်ကသယ်လာပြီး အခန်းထဲမှထွက်လိုက်သည်။ ကျွန်တော့် အခန်းနှင့်မျက်နှာချင်းဆိုင်ရှိ ပိတ်ထားသည့် အဖြူရောင်အခန်းတံခါးကို အကြည့် ရောက်ပြီး ခြေလှမ်းများ ခဏရပ်တန့်သွားမိသည်။

အချစ်​၏လက်ယာဘက်တွင်ရှိသောWhere stories live. Discover now