(၆)

530 49 0
                                    

ဘဝမှာ သနားခံရခြင်းဆိုတာကိုကြုံတွေ့ရလိမ့်မည်လို့ ကျွန်တော်ဘယ်တုန်း ကမှမတွေးခဲ့မိခဲ့ပါ။ ရွှေဇွန်းကိုက်ပြီး ရွှေလင်ပန်းနှင့်အချင်းဆေးခဲ့ရသည့် ဘဝနှင့် ကြီးပြင်းလာသူ ကျွန်တော့်အတွက် သနားဂရုဏာသက်ခြင်းသည် ကျွန်တော်ကသာ စွန့်ကြဲရမည့်အရာဟု မှတ်ယူခဲ့လေသည်။ ဒါပေမယ့် ယခုတစ်ကြိမ်တော့ ကျွန်တော့် ပတ်ဝန်းကျင်က လူတွေအားလုံး​၏စွန့်ကြဲလေသော သနားဂရုဏာသက်မှုကို ကျွန် တော်ခံစားနေရသည်။ ကျွန်တော်မလိုချင်ပါပဲ၊ လိုအပ်မနေပါပဲ ဘာလို့ပေးနေသည် လည်း နားမလည်ခဲ့ပါ။ ဖေဖေတို့အသုဘပွဲသို့လာကျသည့်ဆွေမျိုး မိတ်ဆွေများ အားလုံး​၏ တူညီသော စကားတစ်ခွန်းက အားတင်းထားပါ ။ အားမငယ်နဲ့ ။ ဆိုသည့် စကားလုံးပင်ဖြစ်လေသည်။ ကျွန်တော့်အတွက်တော့ အဖြစ်အပျက်အားလုံးက အိပ်မက်လိုဖြစ်နေဆဲပင်ဖြစ်သည်။ အမှန်တကယ်ပင် ကျွန်တော့်အနား၊ ကျွန်တော့် ဘဝထဲက ဖေဖေတို့အပြီးအပိုင် နှုတ်ဆက်သွားလေပြီလားဆိုသည့် စိတ်အတွေးတွေ က ဖြစ်နိုင်လို့လားဆိုသည့်အတွေးနှင့်လွန်ဆွဲနေခဲ့သည်။ ဒါပေမယ့် ဒါတွေအားလုံးဟာ အစစ်အမှန်တွေဆိုတာကို ဖေဖေတို့အား မီးသင်္ဂြိုဟ်စက်ထဲထည့်လိုက်မှ ခံစားခဲ့မိကာ ထိုအချိန်မှ ကျွန်တော်ရှိုက်ကြီးတငင်ငိုကြွေးမိခဲ့သည်။ တကယ်ပင် ကျွန်တော့် ကမ္ဘာ ကြီး မှောင်မိုက်ခဲ့လေပြီဆိုသည့်အတွေးက ကျွန်တော့်အား ထိတ်လန့်စေခဲ့သည်။

"ခင်များတို့ ဒီလိုလုပ်လို့မရဘူးလေ။ သခင်ကြီးက အဲ့လိုလုပ်ခဲ့မှာ မဟုတ် ဘူး"

"ကျွန်တော်တို့က တာဝန်အရလာလုပ်တာ။ ခင်ဗျားဖြေရှင်းချင်ရင် အထက် ကို ပြောလိုက်ပါ"

အိမ်တော်ထိန်းပတ်​၏တားမြစ်နေသံတွေနှင့် အိမ်အကူများ​၏ ဘယ်လို လုပ်ကြမလဲဆိုသည့် တီးတိုးငြီးငြူသံတွေ။ ပြီးတော့ ကျွန်တော့်အိပ်ခန်းပါ မကျန် နေရာအပြည့်ကပ်ထားသည့် အဝါရောင်စာရွက်တွေ။ ဇာတ်လမ်းတွေထဲမှာသာ မြင်ခဲ့ ဖူးသည့်အနေအထားတွေက အခု ကျွန်တော့်မျက်စိရှေ့တည့်တည့်မှာ။ ဒါကြောင့် ရုပ်ရှင်တွေအများစုကဘဝကိုအခြေခံသည်လို့ပြောခဲ့ကြခြင်းဖြစ်လိမ့်မည်။  ပစ္စည်းများကို တန်ဖိုးတွက်ချက်နေသော လူအုပ်နှင့် တံဆိပ်လိုက်ကပ်နေသော လူအုပ်​၏မျက်နှာများကတော့ ဘာခံစားမှုမှရှိမနေခဲ့ပါ။ သူတို့အတွက်တော့ ငိုကြွေးငြီးငြူ ခြင်းတွေက မထူးဆန်းတော့သည့်ပုံမျိုးပင်ဖြစ်မည်။ ပုံမှန်ဆို ဆူညံခြင်းကို မုန်းတီးသူ ကျွန်တော်အတွက် ထိုလူများကို အော်ဟစ်မောင်းထုတ်ဖို့ ဝန်မလေးသော်လည်း ယခု တော့ ကျွန်တော့်တွင် သူတို့အားမောင်းထုတ်ဖို့တောင် အင်အားမဲ့နေခဲ့သည်။ (၂)ပါတ် ဆိုသည့်အချိန်အတော်အတွင်း ကျွန်တော် အစားပုံမှန်စားမိလေသလား သေချာမသိ တော့ ။

အချစ်​၏လက်ယာဘက်တွင်ရှိသောWhere stories live. Discover now