(၁၀)ဇာတ်သိမ်း

1.2K 109 35
                                    

ဖြန်း။

မေမေ့၏လက်ဖဝါးက ကျွန်တော့်ပါးပြင်ပေါ် ကျရောက်လာခဲ့သည်။ ဒါသည် ကျွန်တော် သိတတ်စအရွယ်မှစ၍ ပထမဆုံးအကြိမ် မေမေဆီက လက်ဖြင့်ရွယ်ကာ ရိုက်ခံရခြင်းပင်ဖြစ်သည်။ မေမေသည် ကျွန်တော်တို့မောင်နှမနှစ်ယောက်ကို လက် ဖြင့်ရွယ်သည်မပြောနှင့် စကားလုံးကြမ်းကြမ်းဖြစ်တောင် မဆူခဲ့ဖူးပါ။ အသေးအမွှား အမှားအယွင်းများကို နားလည်ခွင့်လွှတ်ပေးတတ်သူ မေမေက ပထမဆုံးအကြိမ် အဖြစ် ကျွန်တော့်ပါးပြင်ကိုရိုက်လိုက်ခြင်းပင်ဖြစ်သည်။ ကျွန်တော့်ပါးပြင်နာကျင်သွား သည်ထက် အဆပေါင်းများစွာ မေမေရင်ဘက်က ပိုမိုနာကျင်နေခဲ့မည်ကို ကျွန်တော် သိသည်။ ကျွန်တော်သည် မေမေ့ကို နာကျင်စေခဲ့ပြီ။

"နင့်မှာ သိက္ခာမရှိဘူးလား ပတ်ချန်ယော"

မေမေ့၏စကားသံတွေက ဒေါသတွေအတိုင်းသာ ပေါ်လွင်နေခဲ့သည်။ မေမေ ၏အကြည့်တွေက ရှက်ရွံ့မှုတွေ အရှင်းသာမြင်နေရသည်။ မေမေ၏လက်တွေက တော့ ကျွန်တော့်အင်္ကျီကော်လံကိုဆွဲကာ တုန်ရင်နေခဲ့သည်။ နောင်တတရားတွေနှင့် ကျွန်တော့်တစ်ကိုယ်လုံး ပူလောင်နေခဲ့သည်။ မေမေသည် ကျွန်တော့်ကြောင့် ငိုကြွေး နေရပြီ။

"နင့်မှာ ညီမရှိလို့ နှမချင်းကိုယ်ချင်းစာပါလို့ ငါပြောခဲ့တယ်လေ"

မေမေ့အသံတွေက တည်ငြိမ်ခြင်းကင်းမဲ့ပြီး တုန်ရင်နေကာ အတိုးအကျယ် တူညီမနေခဲ့ပါ။ ကျွန်တော် မေမေအရှေ့ ခေါင်းကိုငုံ့ကာ တိတ်ဆိတ်နေမိသည်မှလွဲ၍ ဘာစကားမှ ခွန်းတုန့်မပြန်နိုင်ခဲ့။ တုန့်ပြန်ဖို့လည်း ကျွန်တော့်မှာ ခွန်အားမဲ့နေခဲ့သည်။ ကျွန်တော်သည် အလုံးစုံမှားယွင်းမိခဲ့သူမို့ ထိုကဲ့သို့ နာကျင်ခြင်းနှင့် ထိုက်တန်သည်ဟု တွေးမိသည်။ ကျွန်တော်ဆိုသည့်ကောင်က မချစ်သင့်သူကို ချစ်ခဲ့မိသည်။

"ငါ့ကို အသက်တိုအောင် လုပ်နေတာလား ချန်ယောရယ်"

"........"

"အခု ဟဲရင်းလေးမျက်နှာကို ဘယ်လိုကြည့်ရမလဲ။ ဟဲရင်းလေးကို ဘယ်လို လုပ်မလဲ"

ထိုနေ့မနက်က ဟဲရင်း ကျွန်တော်နှင့် ဂျောင်ဆူးကို မြင်တွေ့ပြီးနောက်
ကျွန်တော်ကို အတွေ့လည်းမခံသလို၊ ဖုန်းကိုလည်း စက်ပိတ်ထားလေသည်။ အမြဲ
မေမေ့ဆီကိုရောက်လာတတ်သော ဟဲရင်းတစ်ယောက် မရောက်လာခြင်းကြောင့် မေမေက ဟဲရင်းဆီသွားတွေ့ပြီးအပြန် ကျွန်တော်ရှိရာအခန်းသို့ ရောက်လာခဲ့ခြင်းဖြစ် သည်။ အခန်းတံခါးဖွင့်လိုက်သည်နှင့် မေမေ၏ဒေါသနှင့်လက်ဖဝါးတစ်ဖက်က ကျွန် တော့်ပါးပြင်တစ်ဖက်ကို လာရောက်နှုတ်ဆက်လာခြင်းပင်ဖြစ်သည်။ ထိုနေ့ကတည်း က ကျွန်တော်၏စိတ်ထွက်ပေါက်ပေးမှုကြောင့် ရှုပ်ပွနေသောကျွန်တော့်အခန်းက
ကြမ်းပြင်ပေါ်မှာ တစ်စစီပျံ့ကျဲနေသော ပစ္စည်းတွေ။ ကျွန်တော့်လက်တစ်ဖက်က
ခြောက်သွေ့နေသောသွေးစတွေ။ ကျွန်တော့်ခြေဖဝါးမှာ စူးဝင်နေသော မှန်ကွဲစတွေ။ အရာရာတိုင်းက နာကျင်စရာတွေကြီးဆိုပေမယ့် ဘယ်အရာကမှ ကျွန်တော့်ရင်က နာကျင်ခြင်းကို မဖုံးလွှမ်းနိုင်ခဲ့။ အခု ကျွန်တော့်အရှေ့က မျက်ရည်များနှင့် ငိုကြွေးနေ သော မေမေ့၏နာကျင်ခြင်းတွေကတောင်ပေါ့။ ရီချင်စရာတော့အကောင်းသား။ လက် ရှိကျွန်တော့်ကိုအနာကျင်စေခဲ့ဆုံးက သူဖြစ်နေခြင်းပင်ဖြစ်သည်။ ထိုအတူ ပိုပြီး ရင်နာ ဖို့ကောင်းခဲ့သည်က ကျွန်တော်သည်သူ့အား ခွင့်လွှတ်ပေးချင်နေပြန်သည်။ ဘာ ကြောင့် သူဒီလိုပြုမူခဲ့သည်ဆိုသည့်အကြောင်းပြချက်များကို ရှာဖွေရင်း ကျွန်တော် သည် ကျွန်တော့်နာကျင်ခြင်းကို ကျွန်တော်ကိုယ်တိုင် ဆေးထည့်ပေးနေမိပြန်သည်။ ဒါပေမယ့် အကြောင်းအရာအားလုံးသည် သူ အတ္တကြောင့်သာဟု နောက်ဆုံးအဖြေ သည်သာ ထွက်လာတော့ ကျွန်တော်၏ဒါဏ်ရာက ပိုသာနာကျင်လာခဲ့သည်။

အချစ်​၏လက်ယာဘက်တွင်ရှိသောWhere stories live. Discover now