(၄)

434 44 0
                                    

ဆရာကြီးစတိုင်လ်မျက်နှာပေးဖြင့် ကျွန်တော့်အားကြည့်နေသော ခရစ်(စ်) ကို ကျွန်တော် အရှုံးမပေးပဲပြန်လည်စိုက်ကြည့်နေလိုက်သည်။ ကျွန်တော်နှင့် ခရစ်(စ်) ရဲ့ အကြည့်စူးစူးများသာ မီးတောက်တစ်ခုဆိုရင် ကျွန်တော်တို့နှစ်ယောက်ကြားတွင် ရှိနေသော စားပွဲကအခုအချိန် ပြာကျနေလိမ့်မည်။ ကျွန်တော်တို့ နှစ်ယောက်အကြား နေရခက်နေသူကတော့ ချန်ယောပင်ဖြစ်သည်။ စိတ်ဖိစီးမှုများငြိစွန်းနေသော မျက်လုံးများဖြင့် ချန်ယောက ကျွန်တော်နှင့်ခရစ်(စ်)ကို တစ်လှည့်စီကြည့်နေသည်။ ကျွန်တော်တို့သုံးယောက်ထိုင်နေကြသည့်ကျောင်းအတွင်း စားသောက်ဆိုင်ရဲ့ အပြင် ဘက်ခပ်ဝေးဝေးတွင်တော့ ဆော့ကစားနေကြသောကျောင်းသားအချို့နှင့် ကြီးမား သောသစ်ပင်များအောက်ရှိ ကဲနေသောခပ်ရဲရဲ ကျောင်းသား၊ကျောင်းသူစုံတွဲအချို့ ရှိနေကြသည်။ ကျွန်တော်တို့ထိုင်နေသောဆိုင်အတွင်းတော့ လူအနည်းငယ် ရှင်းနေ သည်ဆိုရမည်။ ပုံမှန်အချိန်ဆိုရင် အခုလို ကျောင်းခဏအနားပေးသည့် အချိန်အတွင်း မုန့်ဆိုင်များအတွင် ကျောင်းသားများနှင့်ပြည့်နှက်နေတတ်ပေမယ့် အခုက ကျွန်တော် ရော ခရစ်(စ်)ရောရှိနေ၍ထင် ကျောင်းသားများ တော်ရုံနှင့် ဆိုင်ထဲဝင်မလာရဲကြပါ။ လှမ်းဝင်လာသည့်ကျောင်းသားအချို့၏ ခြေလှမ်းများတောင် ကျွန်တော်တို့ကိုမြင် တော့ ချက်ချင်းနောက်လှည့်ပြန်သွားကြသည်။ ကျောင်းထဲရှိကျောင်းသားတော်တော် များများက ကျွန်တော်နှင့်ခရစ်(စ်)ရဲ့ဆက်ဆံရေးပြေလည်မှုကိုသဘောပေါက် ထားပြီး သာဖြစ်ကြသည်။ ထိုကြောင့် ကျွန်တော်တို့နှစ်ယောက်မျက်နှာချင်းဆိုင်တွေ့ဆုံပြီဆို ရင် ပေ(၁၀၀)ပတ်လည် ရှောင်ရှားကြသည်။ ထိုကဲ့သို့ရှောင်ရှားခြင်းက ထိခိုက်မှု အနည်းငယ်ဖြစ်စေသည်ကို သိကြ၍ဖြစ်မည်။

" ဘာ ကိစ္စ ငါက မင်း တောင်းဆိုတာကို ခွင့်ပြုရမှာလဲ။ "

ကျွန်တော်ရဲ့ပြတ်သားပြီး မာထန်နေသောစကားအဆုံး ခရစ်(စ်)က စတိုင်လ် တစ်ခုပမာ ပုံဖော်ထားသည့်မျက်ခုံးတစ်ဖက်ကိုပင့်ကာ အေးဆေးစွာ ပြုံးလိုက်သည်။ ကျွန်တော် ခရစ်(စ်)ရဲ့ထိုအပြုံးကိုကြည့်ရင်း ကျောင်းသားအားလုံးက မိုက်တယ်ဟု ပြောဆိုကြသည့် ခရစ်(စ်)မျက်ခုံးမွှေးကို တစ်ပင်မကျန် ဆွဲနုတ်ပစ်ချင်လာသည်။ ငါ့ကို မလေးမစား ပြုံးတာလောက် မုန်းတာမရှိဘူး။

အချစ်​၏လက်ယာဘက်တွင်ရှိသောWhere stories live. Discover now