(၈)

590 63 18
                                    

ချွင်!!!

ကျွန်တော် ဆိုင်ထဲသို့ဝင်လိုက်တော့ ဆိုင်အဝင်ပေါက်က တွဲလောင်းချထား သည့်ခရုခွံလိုက်ကာဆီမှ အချင်းချင်းထိရိုက်သံလေးက သံစဥ်တစ်ခုလိုထွက်လာ သည်။

"ဟိုကောင်ကြီး လာပြီ"

ခပ်ဆာဆာထွက်လာသည့် ဘတ်ခ်ဟွန်း၏စကားသံနှင့်အတူ ဘတ်ခ်ဟွန်း ဘေးတွင်ထိုင်နေသော ဆဲဟွန်းက ကျွန်တော်ထိုင်ရန် နေရာရွေ့ပေးလိုက်လေသည်။ ကျွန်တော် စားပွဲဝိုင်းများဆက်ထားသည့် ရှည်ရှည်မျောမျောစားသောက်ဝိုင်းက လက် ထောင်လာသည့်လက်ဖဝါးအချို့ကိုလှမ်းရိုက်နေရင်း ဆဲဟွန်၏ဘေးတွင် ဝင်ထိုင် လိုက်သည်။

"ပိုပြီး ကြည့်ကောင်းလာတယ် ချန်ယော"

ကျွန်တော့်အရှေ့တွင် ထိုင်နေသောမင်ချောဆီမှ စကားသံနှင့်အတူ ကျွန် တော့်အရှေ့ဆိုဂျူးပုလင်းကို မကာယူလာတော့ ကျွန်တော်သဘောကျစွာပြုံးပြီး အရှေ့ က လွတ်နေသည့်အရက်ခွက်သေးသေးကိုယူကာ မင်ချောအရှေ့ကမ်းလိုက်သည်။

"ငါက ကမ္ဘာကြီးကို ချောပေးရုံပဲတတ်နိုင်တာလေကွာ"

မင်ချောက ကျွန်တော့်စကားကိုကြားပြီး ကျွန်တော့်အရက်ခွက်ထဲ ဆိုဂျူကို ငဲ့နေရင်း ဟက်ဟက်ပက်ပက်ရီမောလာသည်။

"ကဲ ကဲ ကဲ သတိကပ်မယ်"

ထိုအချိန် ဒန်ခွက်တစ်ခုကိုရိုက်ပြီး ဘတ်ခ်ဟွန်းဆီမှစကားသံထွက်လာ သည်။ ဒီကောင် အခုထိအတန်းခေါင်းဆောင်အကျင့် မပျောက်သေးဘူးထင်သည်။ ကျောင်းပြီးတာပင် ဘယ်နှစ်ရှိပြီးလဲမသိတော့။ ကျောင်းသားဟောင်းတွေ့ဆုံပွဲတောင် ဘယ်နှစ်ကြိမ်ရှိမှန်းဖြစ်နေခဲ့သည်တောင် ဘတ်ခ်ဟွန်းကတော့ ဘာမှမပြောင်းလဲ သေးပါ။

"ကဲ လူစုံပြီဆိုတော့ ပွဲလေးစလိုက်ရအောင်"

ဝေးလို့အော်ဟစ်လိုက်သံနှင့်အတူ ကျွန်တော်အရှေ့ခွက်ထဲက ဆိုဂျူးကို မော့သောက်လိုက်ပြီး သဘောကျစွာပြုံးလိုက်မိသည်။

"(၈)ကြိမ်မြောက် ယောင်ဆူးအထက်တန်းကျောင်းသားဟောင်း တွေ့ဆုံပွဲ လေး ဖွင့်ပွဲစပြီခင်ဗျာ"

အချစ်​၏လက်ယာဘက်တွင်ရှိသောWhere stories live. Discover now