ကျွန်တော့်အရှေ့ကရပ်ထားသည့် နီညိုရောင်စက်ဘီးကို ကျွန်တော် ပြုံးပြုံး ကြီးလက်ပိုက်ကြည့်နေသည်။ ဘယ်လောက်တန်သည့်စက်ဘီးလည်း ကျွန်တော် မသိ ပေမဲ့ ဒီစက်ဘီးတစ်စီးရဲ့တန်ဖိုးက သာမန်မိသားစုတစ်စုရဲ့ တစ်လစာ စားစာရိတ်ထက် ပိုမည်ဆိုသည်ကတော့ ကျွန်တော်စဉ်းစားစရာမလိုအောင် မှန်နေလိမ့်မည်။
"သခင်လေး သဘောကျရဲ့လား"
ကျွန်တော်နှင့် မလှမ်းမကမ်းတွင် လက်နှစ်ဖက်ဆုပ်ကာရပ်နေသည့် အိမ်တော်ထိန်းပတ်ရဲ့စကားကို ကျွန်တော်တည်တည်ငြိမ်ငြိမ်ခေါင်းငြိမ့်ပြလိုက်သည်။ ကျွန်တော့်ခေါင်းငြိမ့်ပြသည့်ပုံစံကိုမြင်မှ အနီးအနားရှိအခိုင်းအစေများ၏ မျက်နာများ က အခုမှအလုံးကြီးကျသွားသည့် ပုံစံမျိုးဖြစ်သွားကြသည်။ သူတို့တွေ ကျွန်တော် စက်ဘီးအား သဘောမကျမည်ကိုစိုးရိမ်နေကြပုံပင်။ ကျွန်တော်က ပစ္စည်းတစ်ခုကို နှစ်ခါပြန်မရွေးချင်သည့်လူစားမျိုးဖြစ်ရာ ကျွန်တော်လိုချင်သည့်အရာကို ကျွန်တော် လိုချင်တဲ့အချိန်တွင် လိုချင်သလိုပုံစံမျိုးရရှိမှသာ ကျေနပ်စွာယူတတ်သူပင်ဖြစ်သည် ။ ထိုကြောင့် လိုချင်သည်ကို စိတ်တိုင်းကျမရရင် ထိုနေရာတွင်သာ ကျွန်တော် ပွဲကြမ်း ကာ တစ်ခုခုထလုပ်မိတတ်သည်။ ဒါကြောင့် အိမ်ရှိအလုပ်သမားများက မနက်လင်း သည်နှင့် ကျွန်တော့်မျက်နှာ ကြည် မကြည်ကို အချိန်ပြည့် လေ့လာနေရသည်။
"ချန်ယောက ဘာလို့ မလာသေးတာလဲ "
ကျွန်တော်လက်မှနာရီကို တစ်ချက် ကြည့်ကာ စိတ်ပျက်စွာပြောလိုက်သည်။
"ခေါ်ခိုင်းထားပါတယ် ။ လာတော့မှာပါ သခင်လေး "
မဝင့်မရဲပြောနေသည့် အိမ်ဖော်ကောင်မလေးစကားကြောင့် ကျွန်တော် စိတ်မရှည်မှုကို အနည်းငယ်ထိန်းလိုက်သည်။ ဒီမနက် ကျွန်တော့်အား အိပ်ယာမှ လာရောက်နိုးကတည်းက ဒီကောင်ပျောက်နေတာ။ တစ်မနက်လုံး မတွေ့ရဘူး။
ဟော ။
ပြောရင်းဆိုရင်း ကျွန်တော်တို့ရှိရာ အစိမ်းရောင်မြက်ခင်းပြင်နားခြေတံရှည် ရှည်ဖြင့်ပြေးလာသည့်သူ့ကို လှမ်းမြင်လိုက်ရသည်။ တစ်ခါတလေ ကျွန်တော့်ထက် အရပ်ရှည်ကာ အနည်းငယ်သန်မာသည့် သူ့ရဲ့ထိုခြေတံရှည်ရှည်ကြီးတွေကိုကျွန်တော် အမြင်ကပ်စွာဖြတ်တောက်ပစ်လိုက်ချင်သည်။ ဒူးလောက်က စဖြတ်ရင် ကျွန်တော်နှင့် အတူတူလောကဖြစ်သွားမယ်လို့ ကျွန်တော် သူ့ခြေထောက်ကို ဒူးကဖြတ်မည်ပြော တတ်သည်။ ထိုအချိန်ဆိုရင် သူက ဒီခြေတံတွေကြောင့် မင်းလိုအပ်တဲ့ အချိန်တွေမှာ မင်းအနားကို မြန်မြန်ရောက်လာနိုင်တာလေဟု အမြဲပြောတတ်သည်။ ထိုကဲ့သို့ သူပြောရင်တော့ ကျွန်တော် သူ့ရဲ့ခြေတံရှည်ကိုဖြတ်ဖို့ ဆက်မပြောတော့ပါ။ တစ်ခါ တလေ သူပြောသလို ကျွန်တော်လိုအပ်သည့် အချိန်တိုင်း သူမြန်မြန်ဆန်ဆန် ရောက်လာနိုင်တာ ဒီခြေတံရှည်ကြောင့်ပင်ဖြစ်သည်ဆိုတာ ကျွန်တော် လက်ခံနေ မိပြန်သည် ။

YOU ARE READING
အချစ်၏လက်ယာဘက်တွင်ရှိသော
Fanficအချစ်ရဲ့ လက်ယာဘက်မှာ မိုက်မဲခြင်းတွေ၊ ရူးသွပ်ခြင်းတွေ၊ အကျည်းတန်ခြင်းတွေ ရှိနေခဲ့တယ်။ အဲ့နေရာမှာ ငါတို့တွေရှိနေခဲ့ကြတယ်။ Chanyeol Kyungsoo Fanfic (18+)