(၅)

484 44 0
                                    

ကျွန်တော်​၏နဘေးတစ်ဖက်တစ်ချက်စီက မြင်နေရသော သစ်ပင်များကို ကြည့်ရင်း ကျွန်တော့်ဖိနပ်အောက်ကမြေသားကို နင်းလျှောက်နေသော ကျွန်တော့် ခြေလှမ်းများက ပုံမှန်မဟုတ်ချင်တော့။ အနည်းငယ်ယိုင်နဲ့နေသော ကျွန်တော့် ခြေ လှမ်း​များက နှေးကွေးနေသလောက် ကျွန်တော့်​၏အသက်ရှုသံက တုန်ရင်နေသော ဒူးနှင့်အတူ မြန်ဆန်နေခဲ့သည်။

" မင်း အဆင်ပြေရဲ့လား "

ကျွန်တော့်အရှေ့ကနေ ကျွန်တော့်အားစောင့်ကြည့်နေသလို ခြေလှမ်းများ နှင့် ချန်ယော​၏အမေးစကားကိုတောင် ကျွန်တော်ပြန်မဖြေနိုင်ခဲ့။ တော်သင့်ပြီ။ ကျွန်တော်မောပန်းနေခဲ့ပြီ။ ဘယ်လိုမှ နောက်ထပ်ခြေလှမ်းလှမ်းဖို့ မဖြစ်နိုင်တော့ သည်ကို လက်ခံပြီး ကျွန်တော်အနီးရှိ ကျောက်တုံးတစ်တုံးပေါ် ခြေပစ်လက်ပစ် ထိုင်ချ လိုက်သည်။ ထို့အတူ သူလည်း ချက်ချင်းပင် ကျွန်တော့်အနား ရောက်လာသည်။

" အရမ်းမောနေပြီလား ။ ရလား။ "

စိုးရိမ်တကြီးနှင့် သူ့မေးခွန်းတွေက ကျွန်တော့်ကိုစိတ်တိုကာ ပေါက်ကွဲချင် ပေမယ့် ကျွန်တော့်တွင် သူ့ကိုဒေါသထွက်ဖို့တောင် အင်အားမဲ့နေလေသည်။ ဘာလို့ များ ဒီကျောင်းလေ့လာရေးခရီးကိုလိုက်ခဲ့မိသည့် ကျွန်တော့်ဆုံးဖြတ်ချက်ကို ကျွန် တော် အံ့ဩမဆုံးဖြစ်မိကာ။ ထိုဆုံးဖြတ်ချက်ကို ချဖို့ ဖြစ်ပေါ်စေသော သူ့ကိုသာ ကျွန် တော် အပြစ်တင်ချင်မိသည်။ သူ့ရဲ့အထက်တန်းကျောင်းသားဘဝ ဆန္ဒလေးကို လိုက်လျောပေးလိုက်ပါ့မယ်လို့ ဆုံးဖြတ်ခဲ့မိသည့် ကိုယ့်ကိုယ်ကိုလည်း ရူးခဲ့တာဟုသာ သတ်မှတ်လိုက်ချင်တော့သည်။ ကျောင်းသားတွေက တောတောင်သဘာဝကို လေ့လာသင့်သည်လို့ ဘယ်ဆရာသမားက ဆုံးဖြတ်ခဲ့ပါလိမ့်။ ဒီလောက် ပင်ပန်းသည့် တောင်တက်ခရီးစဉ်ကို စီစဉ်ကြသည့်ကျောင်းသားကောင်စီကိုလည်း ကျွန်တော် အံ့ဩမိသည်။ ဒါပေမယ့် ကျွန်တော်ကလွဲရင် ခရီးစဉ်တွင် ပါလာသမျှ ကျောင်းသား၊ ကျောင်းသူအားလုံးပျော်ရွှင်နေကြသည်ကတော့ အမှန်ပင်။ ပင်ပန်းခြင်းနှင့် ပျော်ရွှင် ခြင်းကို တစ်ခါတည်း ပြိုင်တူ ခံစားတတ်သည့် သူ့တို့တွေက လူထူးလူဆန်းတွေပဲလား ကျွန်တော်ထင်မိသည်။ ဘယ်နဲ့ကြောင့်ပင်ပင်ပန်းပန်း ပျော်နိုင်ကြသည်လဲ ကျွန်တော် နားမလည်နိုင်ပါ။ ပင်ပန်းခြင်းဆိုတာ ကျွန်တော်အတွက် မရင်းနှီးပေမယ့် ။

အချစ်​၏လက်ယာဘက်တွင်ရှိသောWhere stories live. Discover now