Beta-7

4.4K 463 13
                                    

[Zawgyi]

ကင်မ်ဆော့ဂျင် ညနေဘက် လာကြိုတဲ့အထိ မျက်နှာကြော တင်းနေတဲ့ အငယ်ဆုံးလေး ကြောင့် စိတ်တအား ငယ်သွားတယ် ။ မနက်က အလတ်ကောင် ကင်မ်နမ်ဂျွန်း က ဖုန်းဆက်ပြီး အကျိုးအကြောင်း ပြောပြထားပေမဲ့လို့ အငယ်ဆုံးလေး က ကောက်ကြော သိပ်မရှည်တတ်ပါ ။ ဒါကြောင့် ကင်မ်ဆော့ဂျင် ညနေဘက် အတင်းလု လာကြိုပြီး အငယ်ဆုံးလေး နဲ့ မြို့ပြင်မှာ ကားလျှောက်မောင်းဖို့ စဉ်းစားထားတယ် ။ အခုတော့ မျှော်လင့်ချက်တွေ ရေစုန်မျောပြီ ။ အငယ်ဆုံးလေး က ကား ကို သတ်မှတ်ထားတဲ့ နှုန်းထက် အရှိန်တင် မောင်းနေတာမို့ ကင်မ်ဆော့ဂျင် အငယ်ဆုံးလေး မျက်နှာ ကို လှမ်းလှမ်းကြည့်နေရတယ် ။ ပါးစပ် ကလည်း ထုတ်မပြောချင်ဘူးလေ ။

ဘယ်သူ့ အရိပ်အကဲ မှ မကြည့်တဲ့ အငယ်ဆုံးလေး က ကင်မ်ဆော့ဂျင် အရိပ်အကဲ ကိုလည်း ထူးပြီး မကြည့်ပါ ။ အိမ်ရောက်တော့ မှ ဟင်းကနဲ သက်ပြင်း ချနိုင်တော့တယ် ။ ကားတံခါးဖွင့်ပြီးမှ ကင်မ်ဆော့ဂျင် ဘက် ကို ကြည့်ကာ ဆူအောင့်အောင့် အသံ နဲ့ မေးတယ် ။

"အစ်ကို ၁ ကျနော် က ရုပ်ဆိုးလို့လား"

"မဆိုးပါဘူး ဒီလောက်ချစ်ဖို့ ကောင်းတာကို"

"ဒါဆို မှင်စာ တွေ က ချစ်ဖို့ကောင်းလို့လား အစ်ကို ၁"

"ဟမ် မှင်စာ က ရုပ်ဆိုးတာပေါ့"

ကားတံခါး ကို ဆောင့်ပိတ်ပြီး ထွက်သွားတာမို့ ကင်မ်ဆော့ဂျင် စကားပြောများ မှားသွားလား ပြန်စဉ်းစားရတယ် ။ အငယ်ဆုံးလေး စိတ်တိုရင် စိတ်ကောက်ရင် အိမ်ကလူ တွေ အကုန်လုံး နှလုံး ရောဂါ ရမလို ဖြစ်ရတယ် ။

"မေမေ ရေ မေမေ"

"မီးဖိုခန်းမှာ မေမေ က Beta လေး ပြန်ရောက်ပြီလား"

မျက်နှာကြောတင်းတင်း နဲ့ ဝင်လာတဲ့ Beta လေး ကို Luna ဟင်းချက်နေရင်း  တစ်ချက် အကဲခတ်လိုက်တယ် ။ မေးစရာ ရှိနေပုံရတာ မို့ မီးဖို မီးလျှော့ရင်း စားပွဲ မှာ ဝင်ထိုင်လိုက်တယ် ။

"မေမေ ကျနော် က မှင်စာ နဲ့ တူလား"

"တူစရာလား မေမေ့ ရဲ့ Beta လေး က ဒီလောက် ချစ်စရာကောင်းတာကို"

I'm BETA 🌜CoMpLeTeD🌛Where stories live. Discover now