Beta-2

7K 614 14
                                    

[Zawgyi]

ဂျွန်ဂျောင်ကု ထွက်သွားတဲ့ ကားအနက် ကို ကြည့်ပြီး သွေးတက်မတတ် ခံစားရတယ် ။ ကားထဲကနေတောင် စောင်ပေပေ ကြည့်သွားတဲ့ မှင်စာလေး က မဲ့ပြုံး ပြုံးပြသွားသေးတယ် ။ စိတ်ပြေလက်‌ပြောက် လေကောင်းလေသန့်ရအောင် မြို့ပြင် မှာ  လမ်းဘေး ခဏ ကားရပ်ပြီး နေနေတာ ဂြိုလ်ဆိုးဝင်တာပဲ။ နောက်မှ ဆင်းလာပြီး တောင်းပန်တဲ့ လူ ကတော့ Alpha ဆိုတာ ဂျွန်ဂျောင်ကု သိတယ်။ မှင်စာလေး ဆီကတော့ Alpha အနံ့ မခံစားမိဘူး ။ Omega ဆိုရင်တော့ အဲ့ မှင်စာ ရဲ့ Mate က ကံအဆိုးဆုံး သူ ပဲ ဖြစ်လိမ့်မယ် ။ ဒီလို ရိုင်းစိုင်းတာမျိုး ပထမဆုံး ကြုံဖူးခြင်းပဲ ။ ‌

ဂျွန်ဂျောင်ကု F8 ပေါ် တက်လိုက်ရင်း ကား ကို မြို့ထဲက ကားဝပ်ရှော့ ကို ဦးတည်လိုက်တယ် ။ ဂျွန်ဂျောင်ကု ကလေးလေး လည်း ပျက်စီးသွားသလို ရန်လည်းတွေ့ခံရတယ် ။ ဒီနေ့ ဂျွန်ဂျောင်ကု ကံမကောင်းဘူးပဲ ။ မဟုတ်ဘူး မဟုတ်ဘူး ။ မှင်စာလေး က ကံဆိုးစေတာပဲ ။

ခပ်ချောချော Alpha ပေးထားခဲ့တဲ့ လိပ်စာကတ် ကိုပါ ကားပြတင်း ကနေ လွှင့်ပစ်လိုက်တယ် ။ ရေစက်တွေ ထပ်မဆုံချင်ပါဘူး ။ ဂျွန်ဂျောင်ကု က ချည်း နစ်နာသွားရတာကိုး။

ဧည့်ခန်းမှာ မှင်သေသေ နဲ့ ထိုင်နေကြတဲ့ ကင်မ်ဆော့ဂျင် နဲ့ ကင်မ်ထယ်ယောင်း ။ ကင်မ်ယွန်းမီ က အရှေ့ က ထိုင်နေတဲ့ နှစ်ယောက် ကို ကြည့်ပြီး ခေါင်းတစ်ချက် ရမ်းတယ်။ အငယ်ဆုံးလေး ထက် ခြောက်နှစ် ကြီးလို့ သားကြီး က ရင့်ကျက်မယ် မထင်ပါနဲ့။ ပြဿနာ တစ်ခုခု တက်တိုင်းမှာ အဓိက တရားခံ က သားကြီး ပဲ။ အငယ်ဆုံးလေး က နည်းနည်းတော့ ဆိုးတာကို လည်း ကင်မ်ယွန်းမီ သိတယ် ။ ဒါပေမဲ့ ဘာလုပ်လုပ် မထိန်းဘဲ အစ်ကို တို့  ရှိတယ် ဆိုပြီး မြှောက်ပေးနေကြတယ် ။

"ပြောပါဦး အခု ကား က ဘယ်လို ဖြစ်လာတာလဲ"

"မြို့ပြင် ဘက် ကားထွက်မောင်းရင်း မတော်တဆ တိုက်မိသွားတာပါ အမေ"

သားကြီး က ပြဿနာဖြစ်လာရင် ငယ်ငယ်ကတည်းက အကြီးပီပီ သူ့ကြောင့် လို့ပဲ ပြောတယ်။ ဒီလိုအမူအကျင့် က သဘောကျစရာ ကောင်းပေမဲ့ အမြဲတမ်းတော့ လိုက်ပြီး ကာကွယ်နေတာ မဟုတ်သေးဘူးလေ ။

I'm BETA 🌜CoMpLeTeD🌛Tempat cerita menjadi hidup. Temukan sekarang