Beta-13

4.4K 455 13
                                    

[Zawgyi]

ကင်မ်ထယ်ယောင်း  ယူဆွန်းဟို နဲ့ ပတ်ခ်ဂျီမင်း တို့ သုံးယောက်သား အတူတူ လျှောက်လည်နေကြတယ် ။ သုံးယောက် ဆိုပေမဲ့ ယူဆွန်းဟို နဲ့ ကင်မ်ထယ်ယောင်း တို့က တစ်တွဲ ဖြစ်ပြီး ပတ်ခ်ဂျီမင်း က တစ်ယောက်တည်း တစ်တွဲ ပေါ့ ။ ယူဆွန်းဟို နဲ့ ကင်မ်ထယ်ယောင်း တို့ နှစ်ယောက် က Date တာကို ပတ်ခ်ဂျီမင်း က အဖော် လိုက်လာရတာပေါ့ ။ အထက်တန်းဖြေပြီးသွားလို့  တက္ကသိုလ် တက်ဖို့ စောင့်နေတဲ့ အချိန်အတောအတွင်း ကင်မ်ထယ်ယောင်း နဲ့ ပတ်ခ်ဂျီမင်း တို့ က အဆက်အသွယ် မပြတ်ပါ ။ ဒါပေမဲ့ ရုတ်တရက်ကြီး အတွဲတွေ ဖြစ်သွားကြတဲ့ ယူဆွန်းဟို နဲ့ ကင်မ်ထယ်ယောင်း ကြောင့် ပတ်ခ်ဂျီမင်း  နည်းနည်းတော့ မျက်စိလည်သွားတယ် ။ ယူဆွန်းဟို က ကင်မ်ထယ်‌ယောင်း ကို အများကြီး သဘောကျနေတာ ကို သိပေမဲ့ ကင်မ်ထယ်ယောင်း က ချက်ချင်း လက်ခံလိုက်တာကို အံ့ဩရတယ် ။ ယူဆွန်းဟို ကတော့ အမြင်ကတ်စရာကောင်းလောက်အောင် သည်း ပါတယ် ။

"Beta လေး မောနေပြီလား မော ရင် ဟိုရှေ့က ခုံ မှာ ခဏ ထိုင်ကြမယ်လေ"

"မမောပါဘူး ဆွန်းဟို ရဲ့ ပြီးရင် ရေခဲမုန့် သွားစားကြရအာင် "

တကယ်တော့ ပတ်ခ်ဂျီမင်း တို့ လျှောက်လည်ကြတယ် ဆိုတာကလည်း မိုးလုံ လေလုံ အဆောက်အဦးထဲမှာပဲ ။ Game ဆော့ပြီးလို့ အခုမှ Window shopping ထွက်လာကြတာ ကို မောနေပြီလား လို့ မေးတဲ့ ယူဆွန်းဟို က နည်းနည်းတော့ ပိုလွန်းတယ်မလား ။
အရှေ့ကနေ တစ်ယောက် လက် တစ်ယောက် တွဲပြီး သွားနေကြတဲ့  အတွဲ ကို အနောက်ကနေ ဝင်တိုက်ပစ်ချင်စိတ် ကို ပတ်ခ်ဂျီမင်း မနည်းထိန်းထားရတယ် ။ နောက်များတော့ အတွဲတွေ နဲ့ ဘယ်နေရာကို မှ မသွားတော့ပါ ။ ဒီနေ့ အတွက် ကုန်ကျစရိတ် ကို ယူဆွန်းဟို က ပေးမယ် လို့ပြောလို့ လိုက်ခဲ့မိတာ ကို နောင်တရလို့ မဆုံးပါ ။ ဘာလို့ဆို အခု ပတ်ခ်ဂျီမင်း က အနောက်ကနေ တစ်ယောက်တည်း အထီးကျန်လွန်းလှတယ် ။

ဂျွန်ဂျောင်ကု အိမ်အတွက် လိုအပ်တာတွေ ဝယ်ဖို့ Mall ကို ရောက်နေတယ် ။ တွန်းလှည်း ထဲ လိုအပ်တာ တွေ ထည့်ရင်း မျက်လုံး ထဲ ရိပ်ကနဲ မြင်လိုက်ရတဲ့ အရိပ်လေး တစ်ခု ။ တွန်းလှည်း ကို ခဏထားခဲ့ပြီး  အနောက်က အမြန် လိုက်ကြည့်မိတော့ ဘာမှ မတွေ့ ။ ဂျွန်ဂျောင်ကု အမြင်မှားတာပဲ ဖြစ်မှာပါ လို့ ဖြေသိမ့်ရင်း လိုအပ်တာ တွေ ဆက်ဝယ်နေလိုက်တယ် ။ အားလုံးပြည့်စုံတော့ ငွေရှင်းဖို့ ကောင်တာ မှာ တန်းစီလိုက်တယ် ။ တန်းစီနေတုန်း ဟိုဟိုဒီဒီကြည့်မိတော့ ယူဆွန်းဟို ကို တွေ့လိုက်ရတယ် ။ ရယ်မောပြုံးရွှင်ပြီး ဘေးနား က တစ်ယောက် ကို စကားပြောနေတဲ့ ယူဆွန်းဟို က ဂျွန်ဂျောင်ကု Condo ကို မလာတာတောင် ကြာပြီ ။ ယူဆွန်းဟို က လမ်းလျှောက်တာတောင်မှ ရှေ့တည့်တည့်ကြည့် မလျှောက်ဘဲ ‌ကိုယ်အပေါ်ပိုင်း က ဘေးဘက် ကို စောင်း ပြီး စကားပြောနေတာမို့ ဘေးနား က တစ်ယောက် ကို ဂျွန်ဂျောင်ကု မမြင်ရပါ ။ ဒါပေမဲ့ အနောက်ဘက် မလှမ်းမကမ်း မှာ ပါလာတာ က လောကကြီး ကို စိတ်ကုန်နေတဲ့ မျက်နှာ နဲ့ ရေခဲမုန့် စားနေတဲ့ ပတ်ခ်ဂျီမင်း ရယ်ပါ ။ ဒါဆိုရင် ယူဆွန်းဟို ဘေး က တစ်ယောက် က ပတ်ခ်ဂျီဟွန်း လား ။ မဖြစ်နိုင်တာ သိပေမဲ့ ဂျွန်ဂျောင်ကု ကိုယ် ဖြစ်စေချင်တာ ကို တွေးပြီး ဆက်တန်းစီနေတယ် ။ ဒါပေမဲ့ ဂျွန်ဂျောင်ကု ရဲ့ wolf ကတော့ တခုခု ကို သေချာသိသွားပြီ ။ ဂျွန်ဂျောင်ကု ဆက်တန်းစီဖို့ ကို ဘယ်လိုမှ အဆင်မပြေတော့ ။ တွန်းလှည်း ကို ဒီတိုင်း ထားခဲ့ပြီး လှမ်းမြင်နေရသေးတဲ့ ပတ်ခ်ဂျီမင်း အနောက် ကို ပြေးလိုက် လိုက်တယ် ။ ဂျွန်ဂျောင်ကု အလှည့်ရောက်တော့မှာပေမယ့် အခု အရေးကြီးတာ က ယူဆွန်းဟို ကို မှီဖို့ပဲ ။ ဂျွန်ဂျောင်ကု မှီလုမှီခင် မှာ ပဲ Mall အပြင် ကို ရောက်သွားကြတဲ့ သုံးယောက် ။ ယူဆွန်းဟို နဲ့ ရယ်မောပြီး စကားပြောနေတဲ့ မှင်စာလေး ။ တစ်ယောက် လက် ကို တစ်ယောက် ဆုပ်ကိုင်ထားကြသေးတယ် ။ ဒါက မြန်လွန်းတယ်မလား ။ လွန်ခဲ့တဲ့ တစ်ပတ် ကမှ မှင်စာလေး ငိုနေတာ ကို ဂျွန်ဂျောင်ကု ချော့ခဲ့ရသေးတာ ။ အခုကျတော့ မှင်စာလေး က ချစ်သူ ရသွားပြီတဲ့လား ။
အစကတည်း က ဒီလိုတွေ ဖြစ်လာနိုင်တယ် လက်ခံရမယ် ဆိုတာ တွေးထားပေမဲ့ တကယ်တမ်း ကြုံရချိန်မှာ ဂျွန်ဂျောင်ကု လက်မခံနိုင်ပါ ။ အထူးသဖြင့် ဂျွန်ဂျောင်ကု ရဲ့ wolf က လက်မခံနိုင်ပါ ။ နီရဲလာတဲ့ ဂျွန်ဂျောင်ကု ရဲ့ မျက်လုံး များ ကို က ဘယ်လောက် စိတ်တိုနေတယ် ဆိုတာ ကို သိနိုင်တယ် ။ ဂျွန်ဂျောင်ကု အခုချိန်မှာ မျက်လုံး ထဲ ဘာကိုမှ မမြင်တော့ပါ ။
မောင်းထွက်သွားပြီ ဖြစ်တဲ့ ယူဆွန်းဟို ရဲ့ ကား(တကယ်က ဂျွန်ဂျောင်ကု ရဲ့ ကလေးလေး ပါ) အနောက် ကို လိုက်ဖို့ F8 ဆီ ကို သွားလိုက်တယ် ။  အရှိန်တင် မောင်းထွက်ပြီး မှီအောင်လိုက်ကာ မှီခါနီးမှ အရှိန်လျှော့လိုက်တယ် ။ ယူဆွန်းဟို တို့ ဘယ် ကိုသွားဦးမလဲ သိချင်လို့ ။ ယူဆွန်းဟို ကား က လမ်းကြားတစ်ခု ထိပ်မှာ ရပ်သွားပြီး ကားပေါ်က ပတ်ခ်ဂျီမင်း ဆင်းသွားတယ် ။ ပြီးတော့ ကား ကို ဆက်မောင်းတာမို့ ဂျွန်ဂျောင်ကု ပါ ဆက်မောင်းလိုက်တယ် ။ ယူဆွန်းဟို က လမ်းတစ်ခုထဲ ချိုးဝင်ပြီး ခြံတစ်ခုရှေ့မှာ ရပ်လိုက်တယ် ။ တော်တော်ကြာတဲ့အထိ ဘယ်သူ မှ ဆင်းမလာကြတာမို့ ဂျွန်ဂျောင်ကု ရဲ့ wolf ဟာ ယူဆွန်းဟို ကို တိုက်ခိုက်ချင်နေပြီ ။ အသက်ပြင်းပြင်းရှူပြီး ကား Steering wheel ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားရင်း ဂျွန်ဂျောင်ကု ‌ထပ်ကာ ထပ်ကာ ရေရွတ်မိတယ် ။

I'm BETA 🌜CoMpLeTeD🌛Where stories live. Discover now