Beta-17

4.5K 441 19
                                    

[Zawgyi]

ဂျွန်ဂျောင်ကု နဲ့ ယူဆွန်းဟို တို့ ကင်မ်ထယ်ယောင်း ပြောတဲ့ မြို့ပြင် က နေကြာခင်း အလွန် ဆိုတာကြီး ကို ဘေးဘယ်ညာ ကြည့်ရင်း ‌မောင်းလာရတယ် ။ အခုထိ ဘာ နေကြာခင်း မှ မတွေ့ရသေးပါ ။ နာရီဝက်ခန့်ထပ်ကြာပြီးနောက်မှာမှ ညာဘက် မှာ ရှိနေတဲ့ နေကြာပန်းခင်း ကြီး  ....အလွန်မှာ တွေ့ရတာ က ဘေးမှာ ချရပ်ထားတဲ့ ပြိုင်ကားလေး ။ ယူဆွန်းဟို ကား ကို ဘေးချ ပြီး စက်သတ် လိုက်တာနဲ့ ဂျွန်ဂျောင်ကု က ကားပေါ်မှာ မရှိတော့ဘူး ။ ကင်မ်ထယ်ယောင်း ကား ဆီ  ရောက်သွားကာ ကားမှန်တံခါး သွားခေါက်တယ် ။
အိပ်ပျော်နေပုံရတဲ့ မှင်စာလေး က မှန်ခေါက်သံ ကြားတော့ နိုးလာပြီး ဟိုကြည့် ဒီကြည့် ကြည့်တယ် ။ ပြီးမှ ကားတံခါး Lock ဖွင့်ပေးပြီး ဂျွန်ဂျောင်ကု ကို ဦးပွကြီး ဆိုပြီး အတင်း လှမ်းဆွဲဖက်တယ် ။ ဂျွန်ဂျောင်ကု အခြေအနေ က အဖက်ခံရတာကို  ဝမ်းသာရမလား မသက်မသာ နဲ့ ကုန်းကွကွ ဖြစ်နေတာ ကို ပဲ ဝမ်းနည်းရမလား ဝေခွဲရခက်တယ် ။ အနောက် က နေ ရပ်ကြည့်နေတဲ့ ယူဆွန်းဟို ကို မြင်တော့ ကင်မ်ထယ်ယောင်း က ဂျွန်ဂျောင်ကု ကို လွှတ်ကာ ကားပေါ်ကနေ ဆင်းပြီး ယူဆွန်းဟို ကို ပြေးဖက်တယ် ။ မှင်စာလေး က ဂျွန်ဂျောင်ကု ကို Third wheel နေရာ မှာ ထားလိုက်တာလား။  ယူဆွန်းဟို က ပြန်လည်ပွေ့ဖက်ပြီး နှစ်သိမ့်နေပုံကို ဂျွန်ဂျောင်ကု စိတ်ထဲ အပိုတွေ လို့ပဲ မြင်တယ် ။
အခုချိန်ထိတော့ တစ်ယောက် မှ ပတ်ခ်ဂျီမင်း ကို အရေးမလုပ်ကြသေးဘူး ။ Beta ချင်း အတူတူတောင် ပတ်ခ်ဂျီမင်း က ဘာကိစ္စ ကင်မ်ထယ်ယောင်း ရဲ့ သုံးပွင့်ဆိုင် drama တွေကို မြင်တွေ့နေရတာလဲ ။ လောကကြီး က တကယ် မတရားဘူး ။

ဖြစ်ကြောင်းကုန်စင် ကို ပတ်ခ်ဂျီမင်း က ပြောပြပြီး တဲ့နောက် ဂျွန်ဂျောင်ကု က ပတ်ခ်ဂျီမင်း ကို Chiron နဲ့ လိုက်ပို့ရတယ်။  ယူဆွန်းဟို က ကင်မ်ထယ်ယောင်း ကို Centenario နဲ့ လိုက်ပို့ရတယ် ။ ပြီးမှ ဂျွန်ဂျောင်ကု က ကင်မ်ထယ်ယောင်း အိမ် ကနေ ယူဆွန်းဟို ကို သွားခေါ်ပေးရမယ် ။ အကြောင်းရင်း ကတော့ ကင်မ်ထယ်ယောင်း က လက်တုန်နေပြီး ကား မမောင်း နိုင်တော့လို့ ပါ ။ ဂျွန်ဂျောင်ကု မှာ မှင်စာလေး ကို သနားလည်း သနား ပြီး အသည်းလည်း ယားရပါတယ် ။ မှင်စာလေး က ဂျွန်ဂျောင်ကု ရဲ့ ရပ်ထားတဲ့ ကလေးလေး F8 ကို အနောက် က ဝင်တိုက်တုန်း က ပုံစံ မျက်နှာပေး နဲ့ အခု  တခြားစီ ဖြစ်နေတယ် ။ တော်တော် ချစ်ဖို့ကောင်းတဲ့ မှင်စာလေး ပါပဲ ။

I'm BETA 🌜CoMpLeTeD🌛Where stories live. Discover now